Sandara Park နဲ့ သူ့ရဲ့ Dating အ‌ကြောင်း

Sandara Park နဲ့ သူ့ရဲ့ Dating အ‌ကြောင်း allkpop

2 NE 1 အဖွဲ့ဝင်ဖြစ်တဲ့ Sandara Park ဟာ မကြာသေးမီက KBSမှ ထုတ်လွှင့်ခဲ့သည့် “ Love's Intervention ” ဟုခေါ်တဲ့ အစီအစဉ်တွင် ဧည့်သည်အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။

ယခင်က သူမရဲ့ အေဂျင်စီဖြစ်ခဲ့တဲ့ YG Entertainment နဲ့ ၅ နှစ် လက်တွဲခဲ့တဲ့ အချိန်အတွင်း တားမြစ်ချက်‌တွေက သူမရဲ့ အချစ်ရေးကို ဘယ်လို သက်ရောက်မှုရှိခဲ့တယ် ဆိုတဲ့အကြောင်းကို ယခုလို ပြောခဲ့ပါတယ်။ သူမဟာ အခု တစ်ကမ္ဘာလုံးကြုံတွေ့နေရတဲ့ Covid - 19 ‌ရောဂါမဖြစ်သေးခင်အချိန်အထိ အပြင်မှာတွေ့ဆုံပြီး ချိန်းတွေ့မှုကို မလုပ်ခဲ့ရပါဘူး။ ဘာကြောင့် (face to face dating) မရှိခဲ့တဲ့ အ‌ကြောင်းကိုလဲ ရှင်းပြခဲ့ပါတယ်။

 

သူမ သင်တန်းသူဘဝမှာ သူမရဲ့ အချစ်ရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ မန်နေဂျာရဲ့ တားမြစ်ဆူပူမှုတွေကို အမြဲခံခဲ့ရပါတယ်။ ဘယ်လောက်ထိ အခြေအနေဆိုးခဲ့လဲဆိုရင် သူမရဲ့ မန်နေဂျာက ဖုန်းကို သိမ်းသွားတဲ့ အထိတောင်ဖြစ်ခဲ့ပါတယ်။ သင်တန်းသူဘဝကနေ K-pop Star တ‌ယောက်အဖြစ်သို့‌တက်လှမ်းမဲ့ အချိန်မှာတော့ YG Entertainment က ငါးနှစ်တာအတွင်း Dating လုပ်ချင်းမပြုရဘူးလို့ စည်းကမ်းချက် ပါဝင်ခဲ့ပါတယ်။ စာချုပ်မှာပါဝင်တဲ့ စည်းကမ်းချက်တွေ အတိုင်း Dara ဟာ လိုက်နာတတ်တဲ့သူဖြစ်တဲ့အတွက် Dating လဲ မလုပ်ခဲ့ပါဘူး လို့ ‌ပြောခဲ့ပါတယ်။

မကြာသေးမီအချိန်က သူမဟာ Dating ပြန်လုပ်တော့မယ်လို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ သူမမှာရှိနေတဲ့ လိုအပ်ချက်တွေကိုလည်း ပြုပြင်မယ်လို့လဲ အခိုင်အမာဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နောက်ပြီးတော့ အခွင့်အရေးရရင် YG ‌ကြောင့် ပြတ်ခဲ့ရတဲ့ သူမရဲ့ ရည်းစားဟောင်းကိုလည်း တောင်းပန်းဖို့ကြိုးစားချင်ကြောင်းကိုလဲ 2 NE 1 အဖွဲ့ဝင်ဖြစ်တဲ့ Sandara Park က “ Love's Intervention” မှာ ပြောပြသွားတာဖြစ်ပါတယ်။

 

 

By Sandi (Myanmar Wedding Guide)

Ref: allkpop

Read times
Rate this item
(0 votes)