မင်းသားHyun Bin နှင့် Son Ye Jin တို့ တကယ် Date လုပ်နေကြပြီလား

မင်းသားHyun Bin နှင့် Son Ye Jin တို့ တကယ် Date လုပ်နေကြပြီလား Google

ကိုရီးယားမင်းသမီး Son Ye Jin နှင့်နာမည်ကျော်မင်းသား Hyun Bin တို့သည်ကျော်ကြားလှသည့် Crash Landing On You တွင်စုံတွဲတစ်တွဲအဖြစ်သရုပ်ဆောင်ပြီးကတည်းကချိန်းတွေ့နေပြီဆိုတဲ့ကာလာဟလများထွက်ပေါ်ခဲ့ပါတယ်။

 

Hyun Binနှင့်Son Ye Jinတို့ရဲ့လိုက်ဖက်ညီမှုကြောင့်ဒီဒရာမာဟာနာမည်ကြီးခဲ့ပြီးဇာတ်ကားထဲကသူတို့ရဲ့လိုက်ဖက်ညီမှုဟာအပြင်တကယ့်လောကမှာသူတို့နှစ်ဦးကိုချိန်းတွေ့နေကြပြီလို့တောင်ပရိသတ်တွေတော်တော်များများကထင်ကြေးပေးခဲ့ပါတယ်။

အခုတစ်ခါမှာတော့ Hyun Bin နဲ့ Son Ye Jin တို့လက်တွေ့ဘဝမှာချိန်းတွေ့နေတယ်ဆိုတာကိုသက်သေပြနိုင်တဲ့ပရိတ်သတ်တွေရဲ့စုဆောင်းထားတဲ့သက်သေအထောက်အထားအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။

 

The Negotiation”ဒရာမာအတွက်သတင်းစာရှင်းလင်းပွဲမှာတော့သူတို့နှစ်ဦးဟာအတူတူရှိနေရတာကိုနှစ်ဦးစလုံးကနှစ်သက်ကြောင်းဖွင့်ဟခဲ့ပါတယ်။ သူတို့နှစ်ဦးအတူတူရှိကြတဲ့အခါမှာအချင်းချင်းကြည့်ကြတဲ့တောက်ပသောမျက်လုံးများနှင့်အပြစ်ကင်းတဲ့

အပြုံးတွေဟာရုပ်ရှင်ကြောင့်မဟုတ်ပဲအမှန်တကယ်သူတို့ရဲ့စိတ်ရင်းဖြစ်ကြောင်းပရိသတ်တွေသတိထားမိခဲ့ပါတယ်။

41820310_238853106796773_245844417165282785_n.jpg

 

ဒုတိယအချက်အနေနဲ့ကတော့လွန်ခဲ့သော ၂နှစ် ၂၀၁၈ခုနှစ်တွင် Son Ye Jin သည် Be With You ဒရာမာတွင်ပါဝင်ခဲ့ပြီး ဒရာမာအတွက် နှုတ်ဆက်ပါတီကို တက်ရောက်တဲ့အချိန်မှာ ဝတ်ထားတဲ့လက်ပတ်နဲ့ Hyun Bin က Memories of Alhambra ဇာတ်လမ်း

တွဲရဲ့ နှုတ်ဆက်ပါတီညမှာဝတ်ဆင်ထားတဲ့ လက်ပတ်တို့ပါဆင်တူတွေဖြစ်နေခဲ့တာကို ပရိသတ်တွေသတိထားမိခဲ့ပါတယ်။

 

IMG_20201015_201943.jpg

 

တတိယအချက်ကတော့ဓာတ်ပုံများအရ Hyun Bin နှင့် Son Ye Jin တို့သည် အမေရိကန်မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာတူတူ စျေးဝယ်ထွက်နေကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေက ဒရာမာတူတူရိုက်နေကြတာလဲမဟုတ်ပဲ ဘာလို့အတူတူရှိနေကြတာလဲဆိုတဲ့

မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။ ဒါကတော့အလုပ်ကနေထွက်ခွာပြီးအတူတကွခရီးသွားနေခြင်းရဲ့နောက်ထပ်သက်သေတစ်ခုပါပဲ။

 

We.com.mm - ဟွန်ဘင်းနဲ့ပတ်သက်တဲ့ ကောလာဟလတွေအတွက် အေဂျင်စီက  တရားဝင်ထုတ်ပြန်ကြေညာ

 

သူတို့နှစ်ဦးဟာ ရုပ်ရှင်ရိုက်ကွင်းရဲ့နောက်ကွယ်မှာဆိုလည်း တခြားစုံတွဲတွေနဲ့မတူပဲ အရမ်းကိုရင်းရင်းနှီးနှီးနေတတ်ကြပါတယ်။ သူတို့ရဲ့ Baeksang Awards အခိုက်အတန့်ဟာဆိုရင်လည်း ပရိသတ်တွေကြားသဘောကျစရာ ဖြစ်ခဲ့ပါသေးတယ်။ သူတို့နှစ်

ယောက်စလုံးမတူညီတဲ့ ဆုတစ်ခုစီရရှိခဲ့ကြသော်လည်း အတူတူဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

 

119189592_3447689708623666_5313638160342540745_n.jpg

 

စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ Hyun Bin နဲ့ Son Ye Jin တို့ဟာ ဆုပေးပွဲကနေ အိမ်ပြန်သွားတဲ့ အချိန်ဟာလဲ တူတူပဲ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ Ye Jin ဟာ သူမနှင့် Hyun Bin အတူတူတွဲရိုက်ထားတဲ့ ပုံပေါင်းလေးဆယ်ကို ’Like’လုပ်တာပဲ

ဖြစ်ပါတယ်။ အသက်38နှစ်ရှိပြီဖြစ်သောမင်းသမီးသည်နှစ်နာရီအတွင်း’IG Post’40လောက်ကိုအသဲပေးခဲ့တာပဲဖြစ်ပါတယ်။

 

IMG_20201015_202102.jpg

 

Source: Kdrama Stars

Read times
Rate this item
(0 votes)