အချစ်ဘာသာစကား (၄) မျိုး

အချစ်ဘာသာစကား (၄) မျိုး

အချစ်ဘာသာစကားတွေက ဘာတွေလဲဆိုတာ သင်သိပါသလား။ တကယ်တော့ အချစ်ဘာသာစကားဆိုတာ လူတစ်ယာက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကိုဖော်ပြရန်နဲ့ လက်ခံရန်နည်းလမ်းတွေ ဖြစ်ပါတယ်။

 

လူတိုင်းကချစ်ခြင်းမေတ္တာကို တူညီတဲ့ပုံစံနဲ့ ဆက်သွယ်ကြတာမဟုတ်သလို လက်ခံပုံခြင်းလဲမတူကြပါဘူး။ ဒါဆို သိထားသင့်တဲ့ အချစ်ဘာသာစကား (၄) မျိုးက ဘာတွေလဲဆိုတာ အခုပဲပြောပြပေးပါမယ်။

 

(၁) စကားလုံးတွေနဲ့ ဆက်သွယ်တာ

 

 

ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ပထမဆုံးဘာသာတစ်ခုက စကားလုံးတွေနဲ့ ဆက်သွယ်တာပါ။ လူတချို့က ကိုယ်ချစ်တဲ့ သူတွေကို ချီးမွမ်းစကားပြောတာ၊ အားပေးစကားပြောပေးတာ၊ ကတိသစ္စာပြုတာတွေအပြင် ဆိုရှယ်မီဒီယာလို ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကနေ စာပို့တာမျိုးနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတတ်ကြပါတယ်။ Relationship ဆိုင်ရာစိတ်ပညာရှင်တွေကတော့ ချစ်ခင်တွယ်တာမှုနဲ့ပတ်သတ်ပြီး စာရေးသားဆက်သွယ်ခြင်းနဲ့ စကားပြောဆို ခြင်းတွေက အရေးကြီးတဲ့ဆက်သယ်မှု ဖြစ်တယ်လို့ဆိုပါတယ်။

 

(၂) အတူတူ အချိန်ဖြုန်းတာ

 

How to strengthen your relationship in the new year - Insider

 

ချစ်တဲ့သူနဲ့အတူတူအချိန်ဖြုန်းချင်တဲ့သူတွေအတွက်ကတော့ သူတို့ရဲ့အဖော်ဖြစ်ကလည်း အတူတူအချိန်ဖြုန်းရတာ ကြိုက်တယ်ဆိုရင်တော့ ပျော်စရာအချိန်တွေ ပိုင်ဆိုင်ကြမှာပါ။ သူတို့က အထူးသဖြင့် စကားပြောတဲ့အခါ စိတ်ပါလက်ပါနားထောင်တတ်တာ၊ မျက်လုံးချင်းဆုံအောင်ကြည့်တာတွေနဲ့ လက်ရှိအချိန်ကိုအပြည့်အဝအာရုံစိုက်တတ် ကြပါတယ်။ ဒီအချစ်ဘာသာစကားဟာလည်း သင်ချစ်တဲ့သူအပေါ် သင့်ရဲ့ဂရုစိုက်အလေးထားမှုကို ပြသဖို့နည်းလမ်းကောင်းတစ်ခုပါ။

 

(၃) အပြုအမူတွေနဲ့ ဆက်သွယ်တာ

 

700x466 couple eating breakfast - Isagenix News - IsaFYI.com


တကယ်လို့သင့်တို့ ချစ်သူနှစ်ဦးရဲ့အချစ်ဘာသာစကားက အပြုအမူအားဖြင့် လက်တွေ့လုပ်ဆောင်တာဆိုရင် သင်နဲ့ သင့်ချစ်သူရဲ့နေ့စဥ်ဘဝကို ပိုပျော််ရွှင်စေမှာပါ။ သင်နေမကောင်းဖြစ်တဲ့ အချိန်မှာပြုစုပေးတာ၊ မနက်အလုပ်မသွားခင် သင့်အတွက်မနက်စာပြင်ဆင်ပေးတာ၊ အမှတ်တရနေ့တွေတိုင်း အတူတူဖြတ်သန်းတာ တွေရှိမယ်ဆိုရင်အပြုအမူနဲ့ဆက်သွယ်တဲ့ အချစ်ဘာသာစကားပါပဲ။ ဒီအချစ်ဘာသာစကားကလဲ အရေးကြီးတဲ့အချစ်ဘာသာစကားတစ်ခု ပါပဲ။

 

(၄) လက်ဆောင်ပစ္စည်းပေးတာ

 

Romantic Ways To Celebrate Your Anniversary - The Best and Creative Ideas  For It!

 

လက်ဆောင်ပစ္စည်းတွေဟာ အလွန်ရိုးရှင်းတဲ့ အချစ်ဘာသာစကားဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ကိုယ်စားပြု လက်ဆောင်လေးတွေဟာ ငွေကြေးတန်ဖိုးပေါ်မမူတည်ဘဲ ပေးတဲ့သူရဲ့ရည်ရွယ်ချက်ကသာ အဓိကဖြစ်ပါတယ်။ လက်ဆောင်ပစ္စည်းပေးခြင်းနဲ့ ချစ်ခြင်းမေတ္တာကိုဖော်ပြတတ်သူတွေဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အဓိပ္ပါယ်ပြည့်ဝဖို့ကို အာရုံစိုက်တတ်ကြပြီး အဓိကကတော့ သူတို့ရဲ့အ‌ရေးကြီးတဲ့အရာတွေကိုပေးပြီး တန်ဖိုးထားမှုကို ပြသတတ်ကြပါတယ်။

 

Ref: Kwee.co

Read times
Rate this item
(0 votes)