ဆံကေသာသန်စွမ်းပြီးအရှည်မြန်စေဖို့အတွက် အိန္ဒိယသူတွေအသုံးပြုတဲ့နည်းလမ်းကောင်းများ

ဆံကေသာသန်စွမ်းပြီးအရှည်မြန်စေဖို့အတွက် အိန္ဒိယသူတွေအသုံးပြုတဲ့နည်းလမ်းကောင်းများ google

အိန္ဒိယသူအများစုဟာ ဆံပင်မည်းနက်သန်စွမ်းပြီး ဆံသားကောင်းမွန်ကြတာကို ဘောလိဝုဒ်ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။

 

အခုဖော်ပြပေးမှာကတော့ အိန္ဒိယသူတွေရဲ့ ဆံပင်သန်စွမ်းပြီး အရှည်မြန်စေဖို့အတွက် အသုံးပြုကြတဲ့ လျှို့ဝှက်ချက်နည်းလမ်းတွေကို

 

အလှအပချစ်သူပျိုမေတွေအတွက် ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

 

(၁) ကြက်ဥအနှစ်

 

ဆံသားအားဖြည့်ပေးဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတခုဖြစ်တဲ့ ကြက်ဥအနှစ်ကို ခေါင်းမလျှော်ခင် နာရီဝက်ခန့်အလိုတည်းက

 

ဦးရေပြားနဲ့ ဆံသားအနှံ့ သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ခြင်းဟာ ဆံပင်အရှည်မြန်စေတဲ့အပြင် ဆံသားကို ကောင်းမွန်စေတာပဲ ဖြစ်ပါတယ်။

 

(၂) ရှားစောင်းလက်ပတ်

 

အလှအပရေးရာ တော်တော်များများမှာ အသုံးဝင်လှတဲ့ ရှားစောင်းလက်ပတ်ဟာဆိုရင်တော့

 

ဆံပင်နဲ့ ပတ်သက်ရင် အိန္ဒိယသူတွေ အသုံးများတဲ့ သဘာဝပစ္စည်းတမျိုးပဲဖြစ်ပါတယ်။

 

ရှားစောင်းလက်ပတ်ပင်က ရတဲ့ ရှားစောင်းလက်ပတ် ဂျယ်လ်ကို ဆံသားအရင်းကနေ အဖျားအထိ နှံ့စပ်အောင်လိမ်းပေးပြီး

 

နာရီဝက်ခန့်ကြာမှ ခေါင်းလျှော်ပေးခြင်းက ဆံပင်ကို သိသိသာသာ အရှည်မြန်စေမှာပဲ ဖြစ်ပါတယ်။

 

(၃) ရေအေး

 

ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ပုံမှန်ထက်အနည်းငယ်ပိုအေးတဲ့ ရေအေးကို လောင်းချပေးခြင်းက ဦးရေပြားသွေး လှည့်ပတ်မှု ကို

 

ကောင်းမွန်စေတဲ့အပြင် ဆံသားကို သန်စွမ်းစေပြီး ဆံပင်အရှည်မြန်စေတဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

 

(၄) အုန်းဆီ

 

အုန်းဆီဟာ ဆိုရင်တော့ အိန္ဒိယတိုင်းရင်းဆေးတွေမှာရော အလှအပရေးရာမှာပါ မပါမဖြစ် အသုံးပြုကြတဲ့ သဘာဝအဆီတမျိုးပဲဖြစ်ပါတယ်။

 

အိန္ဒိယသူတွေ ဆံသားကောင်းမွန်ရခြင်းရဲ့လျှို့ဝှက်ချက်ကတော့ အုန်းဆီကို ဆံသားမှာ အမြဲလိုလို လိမ်းကျံပေးကြခြင်းကြောင့်လည်း ဖြစ်ပါတယ်။

 

အုန်းဆီရဲ့ စေးကပ်တဲ့အနေအထားကို မကြိုက်သူတွေအနေနဲ့တော့ ခေါင်းမလျှော်ခင်တိုင်း အုန်းဆီကို

 

ဆံသားအနှံ့ ရွှဲနေအောင်လိမ်းပေးကာ ဦးရေပြားကို အသာအယာ နှိပ်နယ်ပေးပြီးမှ ခေါင်းလျှော်ပေးခြင်းက

 

ဆံပင်နဲ့ ပတ်သက်တဲ့ ပြဿနာအမျိုးမျိုးကို ပျောက်ကင်းစေနိုင်မှာဖြစ်သလို ဆံပင်အရှည်မြန်စေမှာလည်း ဖြစ်ပါတယ်။

 

Credit-အန်တီခိုင်

 

Zawgyi ျဖင့္ဖတ္ရန္...

 

အိႏၵိယသူအမ်ားစုဟာ ဆံပင္မည္းနက္သန္စြမ္းၿပီး ဆံသားေကာင္းမြန္ၾကတာကို ေဘာလိဝုဒ္႐ုပ္ရွင္ေတြမွာ ေတြ႕ဖူးၾကမွာပါ။ 

အခုေဖာ္ျပေပးမွာကေတာ့ အိႏၵိယသူေတြရဲ႕ ဆံပင္သန္စြမ္းၿပီး အရွည္ျမန္ေစဖို႔အတြက္ အသုံးျပဳၾကတဲ့ လွ်ိဳ႕ဝွက္ခ်က္နည္းလမ္းေတြကို

အလွအပခ်စ္သူပ်ိဳေမေတြအတြက္ ေဖာ္ျပေပးသြားမွာပဲ ျဖစ္ပါတယ္။

egg9

(၁) ၾကက္ဥအႏွစ္

ဆံသားအားျဖည့္ေပးဖို႔အတြက္ အေကာင္းဆုံး သဘာဝပစၥည္းတခုျဖစ္တဲ့ ၾကက္ဥအႏွစ္ကို ေခါင္းမေလွ်ာ္ခင္ နာရီဝက္ခန႔္အလိုတည္းက

ဦးေရျပားနဲ႔ ဆံသားအႏွံ႔ သုတ္လိမ္းေပးၿပီးမွ ေခါင္းေလွ်ာ္ျခင္းဟာ ဆံပင္အရွည္ျမန္ေစတဲ့အျပင္ ဆံသားကို ေကာင္းမြန္ေစတာပဲ ျဖစ္ပါတယ္။

egg1

(၂) ရွားေစာင္းလက္ပတ္

အလွအပေရးရာ ေတာ္ေတာ္မ်ားမ်ားမွာ အသုံးဝင္လွတဲ့ ရွားေစာင္းလက္ပတ္ဟာဆိုရင္ေတာ့

ဆံပင္နဲ႔ ပတ္သက္ရင္ အိႏၵိယသူေတြ အသုံးမ်ားတဲ့ သဘာဝပစၥည္းတမ်ိဳးပဲျဖစ္ပါတယ္။

ရွားေစာင္းလက္ပတ္ပင္က ရတဲ့ ရွားေစာင္းလက္ပတ္ ဂ်ယ္လ္ကို ဆံသားအရင္းကေန အဖ်ားအထိ ႏွံ႔စပ္ေအာင္လိမ္းေပးၿပီး

နာရီဝက္ခန႔္ၾကာမွ ေခါင္းေလွ်ာ္ေပးျခင္းက ဆံပင္ကို သိသိသာသာ အရွည္ျမန္ေစမွာပဲ ျဖစ္ပါတယ္။

egg2

(၃) ေရေအး

ေခါင္းေလွ်ာ္ၿပီးတဲ့အခါတိုင္း ပုံမွန္ထက္အနည္းငယ္ပိုေအးတဲ့ ေရေအးကို ေလာင္းခ်ေပးျခင္းက ဦးေရျပားေသြး လွည့္ပတ္မႈ ကို

ေကာင္းမြန္ေစတဲ့အျပင္ ဆံသားကို သန္စြမ္းေစၿပီး ဆံပင္အရွည္ျမန္ေစတဲ့ နည္းလမ္းတခုပဲ ျဖစ္ပါတယ္။

egg4

(၄) အုန္းဆီ

အုန္းဆီဟာ ဆိုရင္ေတာ့ အိႏၵိယတိုင္းရင္းေဆးေတြမွာေရာ အလွအပေရးရာမွာပါ မပါမျဖစ္ အသုံးျပဳၾကတဲ့ သဘာဝအဆီတမ်ိဳးပဲျဖစ္ပါတယ္။

အိႏၵိယသူေတြ ဆံသားေကာင္းမြန္ရျခင္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ကေတာ့ အုန္းဆီကို ဆံသားမွာ အၿမဲလိုလို လိမ္းက်ံေပးၾကျခင္းေၾကာင့္လည္း ျဖစ္ပါတယ္။

အုန္းဆီရဲ႕ ေစးကပ္တဲ့အေနအထားကို မႀကိဳက္သူေတြအေနနဲ႔ေတာ့ ေခါင္းမေလွ်ာ္ခင္တိုင္း အုန္းဆီကို

ဆံသားအႏွံ႔ ႐ႊဲေနေအာင္လိမ္းေပးကာ ဦးေရျပားကို အသာအယာ ႏွိပ္နယ္ေပးၿပီးမွ ေခါင္းေလွ်ာ္ေပးျခင္းက

ဆံပင္နဲ႔ ပတ္သက္တဲ့ ျပႆနာအမ်ိဳးမ်ိဳးကို ေပ်ာက္ကင္းေစႏိုင္မွာျဖစ္သလို ဆံပင္အရွည္ျမန္ေစမွာလည္း ျဖစ္ပါတယ္။

Credit-အန္တီခိုင္

Myanmar Wedding Guide

jjjj

Read times Last modified on Tuesday, 03 March 2020 16:50
Rate this item
(0 votes)
Tagged under