မျက်နှာအသားအရည်ကို ကြည်လင်ဝင်းမွှတ်စေမယ့် Mask(မျက်နှာကပ်ခွာ)

မျက်နှာအသားအရည်ကို ကြည်လင်ဝင်းမွှတ်စေမယ့် Mask(မျက်နှာကပ်ခွာ) google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ကနေ လူတိုင်းကြိုက်ကြတဲ့ ငှက်ပျောသီးကိုအသုံးပြုပြီး မျက်နှာအသားအရည်ဝင်းမွှတ်စေမယ့် Mask(မျက်နှာကပ်ခွာ)ပြုလုပ်နည်းလေးကိုဝေမျှပေးချင်ပါတယ်။

 

 

လိုအပ်တဲ့ပစ္စည်းတွေကတော့ ငှက်ပျောသီးမှည့်တစ်လုံး ၊ သံပုယိုရည် စားပွဲတင်ဇွန်း၂ဇွန်းနဲ့ ပျားရည်

 

 

စားပွဲတင်ဇွန်း ၁ဇွန်းတို့ပဲ ဖြစ်ပါတယ်။ပထမဆုံး ငှက်ပျောသီးနဲ့ ပျားရည်ကို ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ရောထည့်ပြီးညက်နေအောင်ရောမွှေပေးပါ။ပြီးရင်တော့သံပုယိုရည်ကိုထည့်ပြီးရောမွှေပေးပါ။အားလုံးပြီးပြီဆိုရင်တော့ မျက်နှာပေါ်မှာ နှံ့စပ်အောင် သေချာလိမ်းပေးပါနော်။

 

 

၁၅မိနစ်ခန့် ထားပြီးရင်တော့ ရေအေးအေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ရုံပါပဲနော်။ငှက်ပျောသီး မျက်နှာကပ်ခွာဟာလည်း လွယ်ကူရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့အပြင်အသားအရေအတွက်

 

 

ဘက်တီးရီးယားတွေကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ ပျားရည်လည်း ပါဝင်တာမို့ Sensitive ဖြစ်တတ်တဲ့ အသားအရည်ပိုင်ရှင်တွေလည်းပြုလုပ်လို့ရပါတယ်နော်။အားလုံးပဲလှပတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။

 

 

Crd_Hninn Yu San

 

 

Zawgyi ဖြင့်ဖတ်ရန်...

 

 


 


 

ban

 


 

ban1

 


 


 

ban2

 

Crd_Hninn Yu San

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 19 February 2020 16:30
Rate this item
(0 votes)
Tagged under