Yves Saint Laurent ရဲ့ Black Opium ရေမွှေး Review
Yves Saint Laurent ရဲ့ Black Opium ရေမွှေး Review
YSL ရဲ့ ရေမွှေး တွေကလဲ အတော် ဆွဲဆောင်မူ့ရှိတဲ့ ရေမွေးအနံတွေများပါတယ်။ထိုအထဲမှာမှ Black Opium လေး ကတော့ အခြားရေမွှေးတွေနဲ့ မတူထူးခြားတယ်ပြောရမယ် သူက လုံးဝအနံအသက်မအီပါဘူး။
ဒီ Black Opium ရေမွှေးရဲ့ ရနံအသေးစိတ်ကတော့ သူက Black Coffee ရနံကို အခြေခံပြီး ပန်းရနံ့ခပ်ယေးယေးကိုမှ အချဉ်ဘက်ရောက်တဲ့လိမ္မော်ရနံရော ကိုမှ သစ်မွှေးရနံ့တစ်ခါတစ်ခါရသလိုခံစားရပါတယ်။
ချုံပြောရင်တော့ YSL ရဲ့ Black Opium က Sexy ကျတဲ့ Classic ဆန်ဆန်ရနံ့ထဲမှာ ကျွန်မ ထည့်ပါ့ရစေ။ဒီရေမွှေးဆွတ်ထားလို့ လူများတဲ့ နေရာရောက်ရင် လူတွေကသင့် အနောက်မှာ အကယ်၍ရှင်ရပ်နေတယ်ဆိုပါတော့ ဒီရေမွှေးရဲ့ ရနံ့ လာရာကို သူတို့ လှည့်ကိုကြည့်ကြလိမ့်မယ် ဒါလေးကိုတော့ သိထားပေးပါ။
ဆက်ပြောပြအုံးမယ် Burberry Brit လို ခပ်ရိုးရိုးနဲ့ Classic ဆန်ဆန်ရနံ့ကြိုက်ရင် ဒီ YSL ရဲ့ Black Opium ကို သဘောကျမယ်လို့ ယူဆပါတယ်။
သူ့ရဲ့ ပုလင်းလေးက အနက်ရောင်ကိုမှ အနက် Glitter လေး ဘိုဆန်သလို အလယ်မှာ မှန်လေးပါတယ် အထဲက ရေမွှေးကို မြင်နေရသလို ထိုမှန်လေးမှာမှ Black Opium ဆို စာတန်းထိုးထားတယ်ဗူးပုံစံကိုက မိုက်တာပါ ပြီး အဖုံးလေးမှာက Yves Saint Laurent ဆိုပြီး ရေးထားတာတွေ့ရတယ်။
သူ့ Perfume ရဲ့ အရောင်က အညိုဖျော့ ချောကလက်ဖျော့ရောင်လေး ဆွတ်ထားရင်တော့ နေ့ဝက်လောက် အသာလေးခံပါတယ်။
YSL ရဲ့ Black Opium ရေမွှေးလေးကို 30 ml (ဒါလေးဆို အိတ်ထဲထည့်ရအဆင်ပြေပါတယ်)50 ml (ဒါလေးကတော့ သယ်ရလွယ်ပါသေးတယ်) andthen 100 ml (ဒါကတော့ မှန်တင်ခုံလေးပေါ် ထောင်ထားရမဲ့ size လေးပေါ့) size 3 မျိုးလာပါတယ်။50 ml ပုလင်းကတော့ အတော်ပါပဲ။
Pro tip ; ဘယ်လို အဝတ်အစားမျိုးနဲ့ ဒီရေမွှေးကို တွဲဖက်အသုံးပြုသင့်သလဲ ???
နာမည်က Black Opium ဆိုမှတော့ Hot တဲ့ အဝတ်အစားမျိုးတွေ ခက်မိုက်မိုက် အဝတ်အစားမျိုးတွေ ရင်ဘက် အဟိုက် , အတိုအပြတ်တွေနဲ့ Sexy ဆန်ဆန်အသား ပေး တွေနဲ့ အဓိက ထား တွဲဝတ်နိုင်သလို
သူ့အနံက ယုံကြည်မူ့အပြည့်ရှိစေတာမို့ ကုဒ် အကျီ ၤ တွေလို လူကြီး လူကောင်းဆန်ဆန်ဝတ်တဲ့ အခါတွေမှာလဲ Black Opium နဲ့အဆင်ပြေစေမှာပါ။ (မြန်မာ ဝတ်စုံနှင့်လုံးဝမလိုက်ဖက်ပါ)
အချိန်ပေးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်သာယာတဲ့နေ့လေးပိုင်ဆိုင်ပါစေ။
ig
<<< Zawgyi >>>
----------------
--------------------
1we
Myanmar Wedding Guide
Read times
Rate this item
(0 votes)