Hair Perm လို့ခေါ်တဲ့ ဆံပင် အကောက်အကြောင်း သိကောင်းစရာ

Hair Perm လို့ခေါ်တဲ့ ဆံပင် အကောက်အကြောင်း သိကောင်းစရာ


ဒီအခါ Hair Perm လို့ခေါ်တဲ့ ဆံပင် ကောက် တဲ့အကြောင်းလေး ပြောပြ ချင်ပါတယ်။ ကောက်နည်း Perm နည်းနှစ်မျိုးရှိတယ် Cold Perm ဆိုတဲ့ လက်နဲ့ဆေး နဲ့ ထည့်ကောက် တာနဲ့ Hot Perm ဆိုတဲ့ Digital ကောက် ဆိုတာ လေး ပါ။

 

Cold Perm က ဆံပင် ပုံစံ တိုင်းနဲ့လိုက်တယ် အပူ ထိစရာမလိုဘူး ရေစိုလည်း ကောက်သားပေါ်ပါတယ်အားနည်းချက်က ကောက်ကာစ လိုချင်တဲ့ပုံမရဘူး သဘာဝမဆန်ပါဘူး တလလောက်နေမှ လှလာတာပါပြီးတော့ အကောက် Gel ,Oil , Hairspray တို့နဲ့ ပုံ ပြန်သွင်းပေးရပါတယ်။

 

Cold Perm ကောက်ထားပြီးရင် မနက်မိုးလင်းတာနဲ့ သင့်ဆံပင်က အုံဖွာဖွာကြီးနဲ့ သင်နိုးလာမှာပါ ထိုအုံ အဖွာ ကြီးကိုမှ ဆီလိမ်း , ကောက်ဆီ လိမ်းမှ ကြည့်ပျော်ရှု့ပျော်ပုံကို သင်ရမှာပါ။Cold Perm က အရမ်းဂရုစိုက်ရပါတယ်။နေ့စဉ်ပုံမှန်ကို ဂရုစိုက်ရပါတယ် ဂရုမစိုက်ရင် အခန့်မသင့်ရင် ကောက်သား ပျယ်သွားနိုင်ပါတယ်။ဒါ့ထက်ကြာလာလေလေ ပိုလှလာတာကတော့ Cold Perm ပါ။မြန်မာ အခေါ်အဝေါ် လက်ကောက် ၊ အအေးကောက်လို့ခေါ်ကြပါတယ်။

 

Image may contain: 1 person, smiling, closeup

 

Hot Perm ဆိုတဲ့ Digital ကောက်ကတော့ သဘာဝဆန်တဲ့ အကောက်လေးတွေ ရပါတယ် Gel တွေမလိုဘူး တကူး တက ထိန်း စရာ မလိုပါ။အားနည်းချက်က ရေစိုရင်မကောက်ပါဘူး ဆံသားခြောက်နေလေ ကောက်သားပေါ်လေပါ
ပြီးတော့ ဆံပင်အုံထူတဲ့ Asian တွေနဲ့ပဲအဆင်ပြေပါတယ် ဆံပင်ပါးရင်သိပ်မရပါဘူး။

 

Hot Perm က Cold Perm လောက်တော့ ရေရှည်မခံပါဘူး ။ နောက်တစ်ခုက သူ့မှာ Cold Perm သားထုလို Volume မရှိပါဘူး။တကယ်တန်းမှာ Hot Perm ကို လူကြိုက်များတဲ့ အကြောင်းအရင်းကတော့ Celebrities အတော်များများ သဘောကျတဲ့ ပုံဖြစ်ပြီးထားလေ့ရှိတဲ့ အကောက်မို့ပါ။

 

Image may contain: 1 person, closeup

 

ကောက်ရင် ဘာထိန်းသိမ်းရမလဲဆိုတော့ ကား အဓိက Shampoo less, conditioner moreတဲ့ ခေါင်းနဲနဲ ပဲလျှော်ပြီး ပျော့ဆေး ပိုသုံးရမဲ့သဘောပါ။

 

ပြီးတော့သတိ ထားစေချင်တာကကောက်သားက အရောင်လှမှ လှတယ်လို့ ပြောကြပါတယ် ၊ ကောက်ဆေးက ဆံပင် ကြမ်း စေ တာက လွဲ လို့ မပျက်စီးစေပါဘူး ကောက်ထားတဲ့ဆံပင်ကို ဆေးဆိုးရင်တော့ ပျက်စီးသွားပါလိမ့်မယ်ဆိုးချင်သပ ဆို အနည်းဆုံး တလလောက် ဥ ပြီးမှဆိုးပါ ဆံပင် အရောင်ပါဆိုးမယ်ဆို ပြီးတော့အနီဘက်သွားတဲ့အရောင်တွေက ကောက်သားမပေါ်ပါဘူး။

 

ကောက်ချင်ရင် သေချာ စဉ်းစားပါ ကောက်ပြီးမကြိုက်တော့လို့ ညှပ်ချ လိုက်တာ တွေ့ရတော့ ဆံပင်ကော ကောက် လို့ ကုန်တဲ့ပိုက်ဆံအတွက် အရမ်းနှမြောမိပါတယ်။

 

<<< Zawgyi >>>

 


---------------------------------------------------------------------------------

 


 


 


 


 


 


 


 


 


 


 

Ref ; People Magazine 

Read times
Rate this item
(0 votes)
Tagged under