မိတ်ကပ်လိမ်းစရာ မလိုဘဲ လှပစေမည့် နည်းလမ်း (၇)ခု

မိတ်ကပ်လိမ်းစရာ မလိုဘဲ လှပစေမည့် နည်းလမ်း (၇)ခု

မိန်းကလေးအများစုအတွက် ရုံးမသွားခင် ကျောင်းမသွားခင် နံနက်စောစောထပြီး အလှပြင်ခြင်းဟာ နေ့စဉ်လုပ်နေကျ အလေ့အထတစ်ခု ဖြစ်ပါပြီ။

 

မိတ်ကပ်မလိမ်းဘဲ လှတယ်ဆိုရင် ဖြစ်ရော ဖြစ်နိုင်ပါမလားလို့ စဉ်းစားစရာပါ။ အကယ်၍ သင်ဟာ အမြဲတမ်း မိတ်ကပ်လိမ်းရမှာကို မကြိုက်ဘူးဆိုရင် သင့်မျက်နှာ၊ ဆံပင်နှင့် ခန္ဓာကိုယ်ကို သဘာဝအတိုင်း လှပအောင် နည်းနည်းအားစိုက်ပြီး ဂရုစိုက်ရုံဖြင့် မိတ်ကပ်လိမ်းစရာမလိုဘဲ လှနေမှာပါ။

 

(၁) မိတ်ကပ်မလိမ်းဘဲ ကိုယ့်ကိုယ်ကို လှတယ်လို့ ခံစားလိုက်ပါ

မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း လှဖို့ ပထမဆုံးခြေလှမ်းက သင့်အတွင်းစိတ်နှင့် တိုက်ရိုက်ဆက်နွယ်နေပါတယ်။ သင်ကိုယ့်သင် မိတ်ကပ်မလိမ်းဘဲလည်း လှတယ်လို့ ခံစားလိုက်ပါ။ မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူ လှတယ်လို့ ယုံကြည်ထားရင် ပတ်ဝန်းကျင်ကလည်း သူ့လို ယူဆမှာပါပဲ။ မိတ်ကပ်မလိမ်းဘဲ သင်ကိုယ့်သင် ယုံကြည်မှုမရှိရင် သက်တောင့်သက်သာ မဖြစ်သေးရင် ယခုကစပြီး ယုံကြည်မှုရှိအောင် တဖြည်းဖြည်း ပြောင်းလဲပါ။ ဥပမာပြောရရင် သင်ဟာ အားလပ်ရက်ခရီးထွက်နေတယ်ဆိုရင် သင့်မျက်နှာကိုလည်း မိတ်ကပ်နည်းနိုင်သမျှ နည်းအောင် လိမ်းပြီး သင့်မျက်နှာကို အားလပ်ခွင့်ပေးလိုက်ပါ။

 

(၃) သဘာဝအတိုင်း လှပသည့်မျက်ခုံးများ

ကျွန်မတို့ အလှပြင်တဲ့အခါ မျက်နှာမှာရှိတဲ့ အစိတ်အပိုင်းတွေကို ပြောင်းလဲသွားအောင် ကြိုးစားကြလို့ တစ်ခါတစ်ရံ ကိုယ့်မျက်နှာ၏ ပင်ကိုအလှကိုတောင် မေ့နေတတ်ပါတယ်။

 

သင်ဟာ နေ့စဉ်လိမ်းနေကျ မိတ်ကပ်ပမာဏကို လျော့ချချင်ပြီး ပင်ကိုအလှကို ဦးစားပေးချင်တယ်ဆိုရင် သင့်မျက်ခုံးတွေကနေ စတင်ကြိုးစားကြည့်ပါ။ သင့်မျက်ခုံးမွှေးတွေကို အလွန်အကျွံ ရိတ်လိုက်မိတယ်ဆိုရင် ပြန်ပေါက်လာအောင် စောင့်ပါ။ ပြီးတော့ youtube (သို့) ပရော်ဖက်ရှင်တစ်ယောက်၏ အကူအညီ ယူပြီး သင်နှင့် လိုက်ဖက်တဲ့ မျက်ခုံးပုံသဏ္ဍန်ကို သဘာဝနှင့် အနီးစပ်ဆုံးတူအောင် ပုံသွင်းလိုက်ပါ။

 

(၄) ကျန်းမာစေမယ့်အစားအစာတွေ စားပြီး ရေသောက်ပါ

ကျန်းမာစေမယ့် အစားအစာတွေဟာ ခန္ဓာကိုယ်အတွက် အရေးကြီးသလို အသားအရေအတွက်လည်း အရေးကြီးပါတယ်။ ဒါကြောင့် နေ့စဉ် လတ်ဆတ်တဲ့အသီးအနှံတွေ စားပါ။ ပြီးတော့ တစ်နေ့ကို ရေ (၈)ခွက် သောက်ပါ။ အသားအရေကို အမြဲတမ်း နုပျိုစိုပြေစေမယ့် အန်ဒီအောက်စီဒန့်များစွာ ပါဝင်တဲ့ လက်ဖက်ရည်ကြမ်းလည်း သောက်ပါ။

 

(၅) နမ်းချင်စရာကောင်းတဲ့ နှုတ်ခမ်း

ညနေတိုင်း သင့်နှုတ်ခမ်းကို သွားတိုက်တံဖြင့် ညင်သာစွာ မိနစ်အနည်းငယ်ခန့် ပွတ်တိုက်ပေးပြီး ရေဖြင့် ဆေးချပါ။ သို့မဟုတ် သကြားနှင့် ပျားရည်ကို ရောပြီး နှုတ်ခမ်းကို ညင်သာစွာ ပွတ်တိုက်ပေးပါ။ အဲဒါဆို သဘာဝအတိုင်း နမ်းချင်စရာ နှုတ်ခမ်းလေးတွေကို သင် ပိုင်ဆိုင်နိုင်ပါပြီ။

 

(၆) ပြုံးပါ၊ ကိုယ့်ကိုယ်ကို ချစ်ပါ

သင် မိတ်ကပ် လိမ်းမထားဘူးဆိုရင်တောင် အပြုံးက သင့်ကို လှစေပါတယ်။ အပျော်ဆုံးမိန်းကလေးဟာ အလှဆုံး မိန်းကလေးဖြစ်တယ်လို့ စကားတစ်ခုရှိပါတယ်။ အဲဒါကြောင့် သင် မှန်ကြည့်တဲ့အခါတိုင်း ပြုံးပါ။ လမ်းမှာ တွေ့တဲ့သူတွေကို ပြုံးပြပါ။ အပြုံးက သင့်အကြိုက်ဆုံးအဆင်တန်ဆာတစ်ခု ဖြစ်အောင် လုပ်ပါ။အဲဒါဆို ကမ္ဘာလုံးက လူတွေက သင့်ကို ပြန်ပြုံးပြမှာပါ။ ပြီးတော့ သင်ကိုယ့်သင် ချစ်ပါ။ မိတ်ကပ်ပြင်ထားသည်ဖြစ်စေ မပြင်သည်ဖြစ်စေ သင့်ရုပ်သွင်ကို သင် ချစ်ပါ။ သင်ဟာ အမှန်တကယ် ပြိုင်ဘက်ကင်းပြီး လှပတဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတာ အမြဲတမ်း သတိရပါ။

 

(၇) ဆွဲဆောင်မှုရှိတဲ့ သင့်ဆံပင်

သင်ဟာ မိတ်ကပ်မလိမ်းဘဲ လှချင်တယ်ဆိုရင် သင့်ဆံပင်ကို အထူးဂရုစိုက်သင့်ပါတယ်။ ဆံပင်ကို သဘာဝနှင့် နီးစပ်သော အရောင်ကိုသာ ဆိုးသင့်ပါတယ်။ သင်ဟာ အရမ်းတောက်တဲ့အရောင်တွေဖြစ်တဲ့ အပြာရောင်၊ ပန်းရောင်၊ အစိမ်းရောင်ကို ဆိုးထားတဲ့အခါ မိတ်ကပ်မလိမ်းရင် ဆံပင်နှင့် မျက်နှာ ဘယ်လိုမှ မလိုက်ဖက်ပါဘူး။ ပြီးတော့ သင့်ဆံပင်အမျိုးအစားနှင့် အဆင်ပြေစေမယ့် hair care product များကို သုံးပြီး သင့်ဆံပင်ကို ပိုးသားလို နူးညံ့ပြီး တောက်ပနေအောင် ဂရုစိုက်ပါ။ အဲဒါဆို မိတ်ကပ်မလိမ်းတဲ့ သင့်မျက်နှာရဲ့အလှကို သင့်ဆံပင်က ပံ့ပိုးပေးနေမှာပါ။

 

Aunty May

Read times
Rate this item
(0 votes)