ဘိုးဘွားရိပ်သာမှာ မင်္ဂလာဆောင်မယ်ဆိုရင်

ဘိုးဘွားရိပ်သာမှာ မင်္ဂလာဆောင်မယ်ဆိုရင် facebook

နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ မင်္ဂလာပွဲကျင်းပမယ်ဆိုရင်

ခန်းမ ၃ခုရှိပါတယ်။ ဧည့်သည် အယောက် ၄ဝဝ ဆန့်တဲ့ ခန်းမကတော့ အဝင်အထွက်နဲ့ဆိုရင် ၄၅ဝ၊ ၅ဝဝလောက် ဧည့်ခံနိုင်ပြီး ပွဲထွက်အခမ်းအနား လုပ်ဖို့အဆင်ပြေပါတယ်။ ပဒေသာပင်အလှူငွေ သိန်း၂ဝ လှူရပါမယ်။ ဧည့်သည် အယောက်(၂ဝဝ) ခန့်  ဆန့်တဲ့  ခန်းမကတော့ အဝင်အထွက်နဲ့ ဆိုရင် ၂၅ဝ၊၃ဝဝလောက် ဧည့်ခံနိုင်ပါတယ်။ ပွဲထွက်လို့ရပြီး ပဒေသာပင်အလှူငွေ ၁၂သိန်းပါ။ ဧည့်သည် ၈ဝ ဆန့်တဲ့  ခန်းမကတော့ အဝင်အထွက်နဲ့ဆိုရင် ၁ဝဝ ဝန်းကျင် ဧည့်ခံနိုင်ပြီး ပဒေသာပင်အလှူငွေ ၆သိန်းပါ။

 

အကျွေးအမွေးအနေနဲ့ ထောပတ်ထမင်း၊ ဒံပေါက်ထမင်း၊ ကြက်ဆီထမင်း၊ ထမင်းဖြူနှင့် ဟင်း နှစ်သက်ရာရွေးချယ်နိုင်ပြီး ရေခဲမုန့်၊ ရေသန့်၊ tissue အပါအဝင် တစ်ယောက်ကုန်ကျစရိတ် ခန့်မှန်းခြေ ၃၅ဝဝ၊ ၄၅ဝဝ၊ ၅ဝဝဝ ကျပ် အစားစားရှိပါတယ်။ ၃၅ဝဝတန်ကတော့ ပွဲတခါတည်းပြင်ပြီး အသားဟင်းတမျိုး (ဟင်းလိုက်ပွဲမပါ)၊ ထမင်းအုပ်၊ အရံဟင်း၊ အရည်သောက်ပါပါတယ်။ ၄၅ဝဝတန်မှာ ကြက်သားနဲ့ ငါး၊ ၅ဝဝဝတန်မှာ ဆိတ်သားနဲ့ ငါး၊ ထမင်းအုပ်၊ ဆီပြန်ဟင်းလိုက်ပွဲ၊ အရံဟင်း၊ အရည်သောက်ပါပါတယ်။ နေ့လည်ပိုင်း မင်္ဂလာချိန်မှာဆိုရင် ကော်ဖီ၊ မုန့် ၃ မျိုးနဲ့ ရေခဲမုန့်ကို ခန့်မှန်းခြေ ၂၅ဝဝ ကျပ်ကျသင့်ပါတယ်။

 

မင်္ဂလာအချိန်တွေအနေနဲ့ မနက် (၁ဝနာရီ – ၁၂နာရီ) တစ်ချိန်၊ နေ့လည် (၃နာရီ – ၅နာရီ) တစ်ချိန် သတ်မှတ်ထားပါတယ်။မင်္ဂလာပွဲမှမဟုတ်ပဲ တစ်ခြားအခမ်းအနားအစီစဉ်တွေလည်း ဝန်ဆောင်မှုပေးပါသေးတယ်။

 

မင်္ဂလာခန်းမ အပြင်အဆင်၊ လျှောက်လမ်းပန်းတိုင်၊ နောက်ခံစာသားရေးထိုးခြင်းတို့ကို ဝန်ဆောင်မှုပေးပါတယ်။ ဧည့်သည်တွေအတွက်သွားလာရလွယ်ကူတဲ့နေရာဖြစ်ပြီး ကားပါကင်လည်း အဆင်ပြေပါတယ်။

 

လိပ်စာ- အမှတ်(၂၁)၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရမယ်ဖုန်းနံပါတ် - 01 541796-7

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under