မင်းကွန်းတိပိဋကနိကာယ

မင်းကွန်းတိပိဋကနိကာယ

မင်းကွန်းတိပိဋကနိကာယ ဘုန်းကြီးကျောင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် တည်ရှိပါတယ်။

ယင်းဘုန်းကြီးကျောင်းတွင် မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲများ၊ မွေးနေ့မင်္ဂလာပွဲများ ကျင်းပပြုလုပ်သည့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

မင်းကွန်းတိပိဋကနိကာယကျောင်းတွင် ရွှေရတုခန်းမနှင့် ငွေရတုခန်းမဟူ၍ ခန်းမ ၂ ခန်း ရှိပါတယ်။

ရွှေရတုခန်းမတွင် လူဦးရေ အယောက် ၄၀၀ ဆန့်ပြီး အ၀င်အထွက်ဆိုလျှင် ၇၅၀ မှ ၈၀၀ အထိဆန့်ကြောင်း သိရပါတယ်။ ယင်းခန်းမ၏ မင်္ဂလာအချိန်မှာ နံနက် ၉ နာရီမှ ၁၁ နာရီအထိ တစ်ချိန်၊ မွန်းတည့် ၁၂း၃၀ မှ ၂း၃၀ နာရီအထိတစ်ချိန်၊ ညနေ ၄ နာရီမှ ၆ နာရီအထိ တစ်ချိန် ကြိုက်နှစ်သက်ရာအချိန်တွင် မင်္ဂလာပွဲ ကျင်းပနိုင်ပါတယ်။

ငွေရတုခန်းမတွင် လူဦးရေ အယောက် ၃၀၀ ဆန့်ပြီး အ၀င်အထွက်ဆိုလျှင် ၄၅၀ မှ ၅၀၀ အထိဆန့်ကြောင်း သိရပါတယ်။ ယင်းခန်းမ၏ မင်္ဂလာအချိန်မှာ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ တစ်ချိန်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိတစ်ချိန်၊ ညနေ ၄ နာရီမှ ၆ နာရီအထိ တစ်ချိန် ကြိုက်နှစ်သက်ရာအချိန်တွင် မင်္ဂလာပွဲ ကျင်းပနိုင်ပါတယ်။

မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံရန်အတွက်ရွှေရတုမင်္ဂလာခန်းမဈေးနှုန်းမှာ ၄ သိန်းဖြစ်ပြီး ငွေရတုမင်္ဂလာ ခန်းမဈေးနှုန်းမှာ ၃ သိန်းဖြစ်ပါတယ်။

အကျွေးအမွေးအနေဖြင့် သီးစုံထောပတ်ထမင်း (သို့) ဒံပေါက်နှင့် ရေခဲမုန့် ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၃၅၀၀ ကျပ် ဖြစ်ပြီး ကြက်သားပလာတာနှင့် ရေခဲမုန့် ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၂၅၀၀ ကျပ် နှင့် မုန့် ၃ မျိုး၊ ကော်ဖီနှင့် ရေခဲမုန့်ဆိုလျှင် ၂၅၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရပါတယ်။

ဝန်ဆောင်မှုများအနေဖြင့် နောက်ခံစာသားရေးထိုးပေးခြင်းနှင့် အစားအသောက်ကို ဘုန်းကြီးကျောင်းမှ အားလုံးစီစဉ်ဆောင်ရွက် ချက်ပြုတ်၊ ကျွေးမွေးဧည့်ခံခြင်းဖြင့် ၀န်ဆောင်မှုပေးကြောင်း သိရပါတယ်။

ယင်းအပြင် မင်္ဂလာမောင်နှံအလှပြင်ဖို့အတွက် အခန်းကိုလည်း ၀န်ဆောင်မှု ပေးထားပါတယ်။

ကျောင်းတွင် မိတ်ကပ်၊ အခမ်းအနားမှူး၊ ပန်းအလှပြင်နှင့် ဓာတ်ပုံတို့ကိုလည်း ချိတ်ဆက်ပေးကြောင်း သိရပါတယ်။

 

အမှတ် ၁၆၊ စကားဝါလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

 ၀၁-၂၂၂၂၇၉

Read times Last modified on Tuesday, 18 September 2018 14:47
Rate this item
(1 Vote)