မင်္ဂလာရာသီ အကြို မီလီယာ (Meliá Yangon) ရဲ့ အထူးလက်ဆောင်

မင်္ဂလာရာသီ အကြို မီလီယာ (Meliá Yangon) ရဲ့ အထူးလက်ဆောင် facebook

မင်္ဂလာပွဲ တစ်ခုဆိုတာ မင်္ဂလာ မောင်နှံတစ်စုံအတွက် အထူးအရေးပါတဲ့ အခမ်းအနားပွဲကြီးတစ်ခုဖြစ်ပါတယ်။ ချစ်သူကာလမှ ဇနီးမောင်နှံ အဖြစ် ကူးပြောင်းမယ့် 

 

 ဒီကာလလေးကိုမင်္ဂလာမောင်နှံတိုင်းက အပြီးပြည့်စုံဆုံး၊ အကောင်းမွန်ဆုံးနဲ့ အခမ်းအနားဆုံးသော မမေ့နိုင်စရာ ဘဝမှတ်တိုင် တစ်ခုအဖြစ်

 

မြင်တွေ့လိုကြမှာ သေချာပါတယ်။ 

 

ဒီလို လိုအပ်ချက်တွေ၊ အိမ်မက်တွေအတွက် မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုတော့လိုအပ်ပါတယ်။

 

မီလီယာရန်ကုန် (Meliá Yangon) မှ ဒီလို မင်္ဂလာ မောင်နှံတွေရဲ့ လိုအပ်ချက်များကို အပြည့်အဝ နားလည်ပြီး အတွေ့အကြုံရှိ ဝန်ထမ်းများနှင့် အကောင်းမွန်ဆုံး

 

ဝန်ဆောင်မှုများကို မင်္ဂလာမောင်နှံတို့ စိတ်တိုင်းကျဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါတယ်...

 

ခမ်းနားကျယ်ဝန်းလှတဲ့ မင်္ဂလာခန်းမကြီးထဲမှာ သေသပ်လှပစွာ ပြင်ဆင်ပေးထားတဲ့ မင်္ဂလာအခမ်းအနားပြင်ဆင်မှု အပြင် ဝါရင့် စားဖိုမှူးများရဲ့

 

အသေးစိတ်စီမံပေးထားတဲ့ မင်္ဂလာစားသောက်ဖွယ်ရာများကလည်း မင်္ဂလာ မောင်နှံအတွက် စိတ်အေးချမ်းစွာဖြင့် မင်္ဂလာပွဲ ဆင်နွှဲဖို့

 

တစ်ခုသာ ကျန်တော့လောက်အောင် ပြီးပြည့်စုံစေမှာပဲဖြစ်ပါတယ်။

 

Melia Yangon Ballroom Chinese Wedding

မီလီယာရန်ကုန် (Meliá Yangon) မှာ ခမ်းနားခေတ်မှီစွာ ပြင်ဆင်ထားတဲ့ Ballroom နှစ်ခုဖြင့် မင်္ဂလာပွဲများကို ဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။

 

လူဦးရေ ၃၀၀ မှ စတင်ပြီး လူဦးရေ ၆၀၀ ကျော်အထိ တစ်ပြိုင်တည်း တည်ခင်း နိုင်သော Grand

 

Ballroom ကြီးနဲ့ လူဦးရေ အနည်းဆုံး ၁၀၀ မှ ၂၀၀ ကျော်ထိ တည်ခင်း ဧည့်ခံနိုင်သော Inya Ballroom တို့ဖြစ်ပါတယ်။

 

ဒါ့အပြင် မင်္ဂလာပွဲအတွက် လိုအပ်တဲ့ ခန်းမအတွင်း စင်မြင့်၊ မင်္ဂလာ လျှောက်လမ်း၊ ခန်းမအဝင် ပန်း အပြင်အဆင်များလည်း ပါဝင်မှာဖြစ်ပြီး

 

ပရောဂျက်တာ အခမဲ့အသုံးပြုခွင့်၊ မင်္ဂလာကိတ်နှင့် မိတ်ကပ်ခန်းအသုံးပြုခွင့်တွေလဲပါဝင်မှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲလာ ဧည့်ပရိတ်သတ်များအတွက်လည်း

 

Tea Reception အနေနဲ့ Package ၃ မျိုး ကို ရွေးချယ်နိုင်မှာဖြစ်ပြီး Dinner Package အနေနဲ့လည်း

 

Package ၂ မျိုးကို မင်္ဂလာမောင်နှံ မှ စိတ်တိုင်းကျ ရွေးချယ်နိုင်ဦးမှာပဲဖြစ်ပါတယ်။ မင်္ဂလာ မိတ်ကပ်နှင့် ဝတ်စုံ၊ အခမ်းအနားမှူး၊ ဓာတ်ပုံနှင့် ဗီဒီယို၊

 

တီးဝိုင်းအဖွဲ့များကိုလည်းလိုအပ်သလို အကြံပြု ကူညီဆောင်ရွက်ပေးသွားဦးမှာဖြစ်ပါတယ်။

 

Melia Yangon Inya Ballroom Banquet

 

ဒီလို များပြားလှတဲ့ ဝန်ဆောင်မှုတွေ အပြင် ဝါကျွတ်ကာလမှာ မင်္ဂလာပွဲ ဆင်နွှဲဖို့ ကြိုတင် စီစဉ်နေသော မင်္ဂလာမောင်နှံများ အတွက်

 

ရာသီကြို အထူးလက်ဆောင် အစီအစဉ်တစ်ရပ်ကိုလည်း မီလီယာရန်ကုန် (Meliá Yangon) မှ ဖန်တီးပေးလိုက်ပါပြီ။

 

ဇွန်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက် အတွင်း မင်္ဂလာပွဲအတွက် ကြိုတင် စာရင်းပေးသူများ အနေနဲ့ အထူးဆု

 

ဒေါ်လာ ၁၀၀၀ အပါအဝင် ဒေါ်လာ ၇၀၀၊ ဒေါ်လာ ၅၀၀ စတဲ့ Gift Voucher များကို ကံစမ်းနိုင်မယ့် အခွင့်အရေးကြီးကို ရရှိမှာဖြစ်ပါတယ်။

 

ဒါ့အပြင် သတ်မှတ်ထားသော လူဦးရေ အတိုင်း ကြိုတင် စာရင်းပေးသွင်းပါက မုန့် ၁ မျိုး အပိုထပ်ဆောင်းပေးခြင်း၊

 

Premium Lake View (သို့) Junior Suite မှာ တစ်ညတာ တည်းခိုခွင့်၊ ယခင် အမြင့်ဆုံး Package မှာသာ ရရှိတဲ့ အခွင့်အရေးဖြစ်တဲ့

 

Pre Wedding ရိုက်ကူးခွင့်ပြုခြင်းနှင့် အခြား အခွင့်အရေးပေါင်းများစွာကိုလည်း ခံစားခွင့်ရမှာပဲဖြစ်ပါတယ်။

 

ကံထူးရှင်များကို ၂၀၁၉ အောက်တိုဘာလ ပထမ အပတ်ထဲတွင် မဲနှိုက်ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး မီလီယာ (Meliá Yangon) ရဲ့

 

Facebook စာမျက်နှာတွင် ဖော်ပြ ကြေငြာပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

 

Author ; NLP

Myanmar Wedding Guide

Read times Last modified on Friday, 14 June 2019 11:27
Rate this item
(2 votes)
Tagged under