ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းဆိုင်ရာ အခန်းကဏ္ဍ(Accommodation Sector) အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော အချက်များ

ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းဆိုင်ရာ အခန်းကဏ္ဍ(Accommodation Sector) အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော အချက်များ

ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းဆိုင်ရာ အခန်းကဏ္ဍ(Accommodation Sector) အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော အချက်များကို ဖော်ပြအပ်ပါသည်။

 

အခန်း(၃) ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းဆိုင်ရာ အခန်းကဏ္ဍ(Accommodation Sector)


၁။ ဟိုတယ်ကားရပ်နားရန်နေရာနှင့် ဧည့်ကြို ကောင်တာတွင်ဆောင်ရွက်ရမည့်အချက်များ
(က) ဟိုတယ်သို့ လာရောက်သည့်ကားများ၏နံပါတ်များကို စနစ်တကျ မှတ်တမ်းတင်ထားရန်နှင့် ၎င်းကားများအား ပိုးသတ်သန့်စင်ဆေးရည် 0.1% Sodium Hypochloride Solution (1,000ppm) ဆေးဖြန်းထားပေးရမည်။
(ခ) ကားရပ်နားရာမှ Reception ကောင်တာသို့မသွားမီ ဧည့်သည်၏ အိတ်များအား ပိုးသတ်ဆေးဖြန်းထားပေးရမည်။
(ဂ) ဟိုတယ်၏မော်တော်ကားရပ်နားရာ ဆင်ဝင် (သို့) ပေါ်တီကိုရှေ့တွင် ကိုယ်အပူချိန် တိုင်းတာသော ဝန်ထမ်းနှင့်စက်ထားရှိပေးရမည်။ လက်ဆေးဇလုံ(besin) ၊ရေ၊ ဆပ်ပြာ (သို့မဟုတ်) Hand gel များ ထားရှိပေးရမည်။
(ဃ) ဟိုတယ်သို့ရောက်ရှိလာသော ဧည့်သည်အားလုံးကို ဆင်ဝင်တွင် ကိုယ်အပူချိန်တိုင်းစက်ဖြင့် တိုင်းတာရမည်။ ဝန်ထမ်းကိုယ်တိုင်သည်လည်း mask တပ်ထားရမည်။
(င) ကိုယ်အပူချိန်ပုံမှန်(36.5C/98.6 F) သာရှိသော ဧည့်သည်ဖြစ်လျှင် ဧည့်ကြိုကောင်တာသို့ ဝင်ရောက်ခွင့်ပြုရမည်။
(စ) ဧည့်ကြိုကောင်တာရှေ့တွင် ဧည့်သည်များ တန်းစီနိုင်စေရန် ၆ ပေ ကွာခြားထားသည့် မျဉ်းကွက်များ ရေးဆွဲထားရမည်။
(ဆ) ဧည့်ကြိုကောင် တာဝန်ထမ်းများအားလုံး mask တပ်ထားရမည်။ ဧည့်သည်များစုပြုံနေခြင်းမျိုးမဖြစ်စေရန် ဧည့်ခန်းမတွင် ခဏနားနေနိုင်မည့်ထိုင်ခုံများကို သတ်မှတ်အကွာအဝေးအတိုင်း ချထားပေးရမည်။
(ဇ) ဧည့်ခန်းရှိထိုင်ခုံများ၊ စားပွဲများ၊ သန့်စင်ခန်းများ၊ ကြမ်းခင်းများအားလုံးကို ပိုးသတ်သန့်စင်ရန် .1% Hypochloride Solution (0.1% Hypochloride Solution ဖြင့် ပိုးသတ်သန့်စင်မည်ဆိုပါက ဖျော်စပ်နည်းနှင့် အသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်များကို သိရှိထားရန်) ဖြင့် ပိုးသတ်သန့်စင်ထားရမည်။
(ဈ) ဧည့်သည်တည်းခိုမည့်အခန်းသည် အနည်းဆုံးကုတင်တစ်လုံးနှင့်တစ်လုံး ၃ ပေ အကွာထားရှိပြီး အခန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် COVID-19 ဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးအချက်များနှင့်အညီ ပြင်ဆင်ထား ရမည်။

 

၂။ ဟိုတယ်စားသောက်ခန်းမတွင် ဆောင်ရွက်ရမည့်အချက်များ
(က) ဧည့်သည်များစားသောက်မည့် စားသောက်ခန်းမတွင် စားပွဲများကို တစ်လုံးနှင့်တစ်လုံး ၆ ပေ အကွာထားရှိခြင်း၊ ကုလားထိုင်တစ်လုံးနှင့်တစ်လုံး ၃ ပေအကွာထားရှိခြင်း၊ စားပွဲများပေါ်တွင် partition ဖြင့် ခြားထားပေးခြင်းများ ပြုလုပ်ထားရမည်။
(ခ) ဧည့်သည်များအား စားသောက်ခန်းမ၊ စားသောက်ဆိုင်များသို့ မဝင်မီနှင့် ပြန်လည် | ထွက်ခွာချိန်တွင် လက်ကို ဆပ်ပြာနှင့်ရေအသုံးပြုပြီး အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောခြင်း သို့မဟုတ် Alcohol ၆၀% ပါသော လက်သန့်ဆေးရည်ဖြင့် လက်ကို ဆေးကြောသန့်စင်ရန်အသိပေးထားပြီး လက်ဆေးရန်နေရာများနှင့် လက်သန့်စင်ဆေးရည်များကို သတ်မှတ်နေရာများတွင် လုံလောက်စွာ ထားရှိပေးရမည်။
(ဂ) စားပွဲမျက်နှာပြင်များ ပန်းကန်၊ ဇွန်းများ၊ ဧည့်သည်များလက်ဖြင့်ထိတွေ့နိုင်သည့်အများသုံးပစ္စည်း (ကုလားထိုင်များ၊ တံခါးလက်ကိုင်များ၊ စားပွဲများ၊ ကောင်တာများ၊ ကော်ဖီစက်များ စသည့်) တို့ကို Ethyl Alcohol ဖြင့် မကြာခဏ သန့်ရှင်းရေး ပြုလုပ်ရမည်။
(ဃ) စားသောက်ခန်းမအတွင်းရှိ စားပွဲများ နေရာချထားရာတွင် အတတ်နိုင်ဆုံး(၁၀ စတုရန်း မီတာ)တွင် အများဆုံး ၄ ဦးသာ ထိုင်ရန်စီစဉ်ပေးပြီး ထိုင်ခုံများတစ်ခုံနှင့်တစ်ခုံ ကျောချင်းကပ်အနေအထား သို့မဟုတ် ဧည့်သည်များ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် အနေအထားဖြစ်ပါက အကာအရံများ ထားရှိအသုံးပြုရမည်။
(င) ပန်းကန်ဆေးရန်နှင့် လျှော်ဖွတ်ရန်အသုံးပြုသည့် ပစ္စည်းကိရိယာများ၏ အပူချိန်၊ အသုံးပြုရမည့်သန့်ရှင်းရေးနှင့် ပိုးသန့်ဆေးရည်များ၏ပမာဏများ မှန်ကန်မှုရှိစေရန် နေ့စဉ်စစ်ဆေးဆောင်ရွက်ရမည်။
(စ) စားသောက်ခန်းမတွင် ဧည့်သည်နှင့်ဝန်ထမ်းတိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချရမည်။ Social Distancing ကို လိုက်နာရန်အတွက် ဘူဖေးပုံစံကျွေးမွေးခြင်းကို တတ်နိုင်သမျှ ရှောင်ရှားရပါမည်။ လိုအပ်လျှင် Room Service ပေးရမည်။

 

၃။ အိပ်ခန်းဆောင်ထိန်းသိမ်းရေးဌာနနှင့် ဟိုတယ်အိပ်ခန်းဆောင်များတွင်ဆောင်ရွက်ရမည့် အချက်များ
(က) ဧည့်သည်များအသုံးပြုပြီးသည့် အထည်အလိပ်များ၊ အိပ်ရာခင်းများ၊ အဝတ်အစားများ၊ အိပ်ခန်းဆောင်သုံး လီနင်အဝတ်အထည်များအားလုံးအား သတ်မှတ်ထားသော အဝတ်လျှော်အိတ်အတွင်းသို့သေချာစွာဂရုပြုပြီး အဝတ်လျှော်ဆပ်ပြာအသုံးပြု၍ အပူချိန် (၇၀ ဒီဂရီစင်တီဂရိတ်နှင့်အထက်)ဖြင့် လျှော်ဖွတ်အသုံးပြုရမည်။
(ခ) အိပ်ခန်းဆောင်များအတွင်းရှိ လေအေးပေးစက်(Aircon)များ၏ လေစစ်စကာများအား နေ့စဉ် နေ့တိုင်း ပုံမှန်စစ်ဆေးသွားရန်နှင့် အပူနှင့်စိုထိုင်းမှုကိရိယာများ ကောင်းမွန်စွာလုပ်ဆောင်နေခြင်း ရှိ/မရှိ စစ်ဆေးသွားရမည်။
(ဂ) အိပ်ခန်းဆောင်ဝန်ထမ်းများအားလုံး Face shield, Mask နှင့်လက်အိတ်များ ဝတ်ဆင် အသုံးပြုဆောင်သန့်ရှင်းရေးကိစ္စများ ဆောင်ရွက်ရမည်။
(ဃ) ဧည့်ခန်းနေရာများ၊ လျှောက်လမ်းများအား ပိုးသတ်ဆေးရည်ဖျန်းခြင်း သို့မဟုတ် ပိုးသတ်ဆေးရည်ပါသော အဝတ်ဖြင့်တိုက်၍ ဆေးကြောခြင်း၊ ရေခဲသေတ္တာလက်ကိုင်၊ အခန်းတံခါးလက်ကိုင်များ၊ ရေပိုက်ခလုတ်များ အနည်းဆုံး ၇၀% Alcohol ဖြင့် စနစ်တကျသန့်စင်ဆောင်ရွက်ရမည်။

 

၄။ ဟိုတယ်အတွင်းရှိအဆောက်အဦများတွင်ဆောင်ရွက်ရမည့်အချက်များ
(က) ဓါတ်လှေကားအသုံးပြုမည်ဆိုလျှင် ၂ ပေ အကွာအဝေးအတိုင်းအတာတွင် ဝင်ဆံ့သည့် | လူဦးရေ(၃)ဦး ပမာဏကိုသာ စီးနင်းခွင့်ပြုရမည်။
ဟိုတယ်အတွင်း၊ ပြင်ပနေရာများ ဥပမာ - (ရေကူးကန်၊ Spa) စသည်တို့ကို ပိုးသတ်ဆေးဖြန်းခြင်း၊ အလှည့်ကျအသုံးပြုစေခြင်းများ ဆောင်ရွက်ရမည်။ COVID-19ရောဂါ သံသယလက္ခဏာရှိသည့် ဧည့်သည်တွေ့ရှိလျှင် သီးခြားခွဲထုတ်ထားရှိ၍
အနီးစပ်ဆုံး ကျန်းမာရေးဌာနသို့ သတင်းပို့အကြောင်းကြားရမည်။
(ခ) ဟိုတယ်အတွင်း၌ အသုံးပြုပြီးသော စွန့်ပစ်မည့်ပစ္စည်းများထည့်သည့် အမှိုက်ပုံများထားရှိရန်နှင့် အမှိုက်ပုံးများ(အမှိုက်စို၊ အမှိုက်ခြောက်) ခွဲထားရှိပေးရမည်။

 

၅။ ဟိုတယ်ဝန်ထမ်းများအတွက် စီစဉ်ဆောင်ရွက်ရမည့်အချက်များ
(က) ဟိုတယ်ဝန်ထမ်းများနေထိုင်သည့် ဟိုတယ်တည်ရှိရာ မြို့နယ်အတွင်းမှ ၂၈ ရက်အတွင်း ခရီးသွားရာဇဝင်မရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံစာနှင့် ကျန်းမာရေး ကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက် ရယူထားရမည်။
(ခ) ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာရှိဝန်ထမ်းများအားလုံး နှာခေါင်းစည်းတပ်ခြင်း၊စက္ကန့် ၂၀ ကြာ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း စသည်တို့ကိုပြုလုပ်ပြီး သတ်မှတ် ကိုယ်အပူချိန်ထက်ကျော်လွန်သူ ဝန်ထမ်းများကို တာဝန်ပေးခြင်းမပြုဘဲ မိမိနေရာတွင်သာ နေထိုင်စေရမည်။
(ဂ) ဟိုတယ်ဝန်ထမ်းများ တာဝန်ချထားမှုကို အနည်းဆုံး 2 shift (သို့မဟုတ်) ထိုထက်ပို၍ အသုတ်လိုက် ခွဲချထားရမည်။
(ဃ) ဟိုတယ်ဝန်ထမ်းကြိုပို့ယာဉ်များပေါ်တွင် လက်သန့်ဆေးရည်၊ တစ်ခါသုံးတစ်ရှူး၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ထားရှိစီစဉ်ပေးရမည်။
(င) ဟိုတယ်ဝန်ထမ်းတစ်ဦးဦးတွင် COVID-19 လက္ခဏာများဖြစ်သော ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့်အခြားသော သံသယဖြစ်ဖွယ် ကျန်းမာရေးချို့ယွင်းမှုများဖြစ်ပေါ်သည်ကို သိရှိရပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့ သတင်းပို့ဆောင်ရွက်ရမည်။
(စ) ပြင်ပနေဝန်ထမ်းတစ်ဦးဦး၏ မိသားစုဝင်တစ်ဦး နာမကျန်းဖြစ်ပါက သက်ဆိုင်ရာဌာန၊ ကြီးကြပ်သူထံ သတင်းပို့ရေး အသိပညာပေးထားခြင်းဆောင်ရွက်ရမည်။

 

Myanmar Wedding Guide (By Sandi)

 

(ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန Tourism National Guidelines for COVID-19 Safe Services (Beta Version - VII) ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ)

 

 

 

Read times Last modified on Tuesday, 29 December 2020 17:14
Rate this item
(0 votes)