Sule Shangri-La တွင်နှစ်ကုန်မင်္ဂလာဆောင်မည့်သူများအတွက်

Sule Shangri-La တွင်နှစ်ကုန်မင်္ဂလာဆောင်မည့်သူများအတွက်

သင့်ဘဝရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ မင်္ဂလာပွဲလေးကို အမှတ်တရများစွာနဲ့ ကျန်ရှိစေဖို့ Sule Shangri-La Yangon က စောင့်ကြိုနေတယ်ဆိုတဲ့အကြောင်း သတင်းကောင်းလေးပါးပါရစေ။

 

၂ဝ၁၈ ရဲ့ ထူးခြားတဲ့နေ့လေးတစ်နေ့ဖြစ်တဲ့ နှစ်သစ်ကူးပြောင်းမယ့် ဒီဇင်ဘာ (၃၁) ရက်နေ့လေးမှာ ကိုယ်ချစ်ရတဲ့သူနဲ့ ဘဝတစ်သက်တာလက်တွဲရင်း အထူးစီစဉ်ထားတဲ့  ခံစားခွင့်တွေကို တစ်နှစ်တာလုံးရရှိနိုင်မယ့် Signature Wedding Package လေးကို Sule Shangri-La မှာစီစဉ်ပေးနေပါတယ်။

 

Signature Wedding Package မှာ Hotel ရဲ့ခမ်းနားလှပတဲ့ Myanmar Ballroom (မြန်မာခန်းမ) အတွင်း မင်္ဂလာစတိတ်စင်လျှောက်လမ်းနဲ့ ဧည့်သည်တော်စားပွဲအလယ် ပန်းအလှဆင်ခြင်း၊ ရေခဲအလှဆင်(၂)ခုနဲ့ မင်္ဂလာအပြင်အဆင်တွေကို မြင်တွေ့ရမှာနော်။

 

Hotel ရဲ့ မင်္ဂလာပွဲဖြစ်မြောက်ရေးဝန်ထမ်းတွေက ကိုယ့်ရဲ့မင်္ဂလာညလေးကို ပြည့်စုံစေဖို့ အထူးအရသာရှိလှတဲ့ အစားအသောက် (၉)မျိုး ပါဝင်တဲ့ညစာ၊ မင်္ဂလာကိတ်၊ ဝီစကီ(၆)လုံး နဲ့ ရှန်ပိန်တစ်ပုလင်းကိုလည်း ဖောက်ခွင့်ရဖို့အတွက် ပြင်ဆင်ထားပေးမှာဖြစ်ပါတယ်။

 

ဒီထက် ရင်ခုန်ဖို့ကောင်းတာက ဒီပွဲလေးအတွက်ရော၊ ပွဲပြီးသွားသည့်တိုင်ခံစားလို့ရမယ့် အထူးခံစားခွင့်တွေက အောက်ပါအတိုင်း ပါဝင်မှာဖြစ်ပါတယ်-

 

- မင်္ဂလာဦးညအတွက် Hotel ရဲ့ အကောင်းဆုံးအခန်းဖြစ်တဲ့ Presidential Suite မှာ တစ်ညတာ အိပ်စက်တည်းခိုခွင့်


- ပျားရည်ဆမ်းခရီးအတွက် တခြား Shangri-La Hotel တွေမှာ အခမဲ့တည်းခိုခွင့်


- မင်္ဂလာပွဲအတွက် W for Wedding မှ မင်္ဂလာဖိတ်စာ အခမဲ့ရရှိခြင်း


- ဓါတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးရေးအတွက် Kingsman Photo Club မှ (၂၀) ရာခိုင်နှုန်းလျော့ဈေး ရရှိနိုင်ခြင်း


- Shangri-La Hotel အဖွဲ့အစည်းရဲ့ အထူးခံစားခွင့်တွေရရှိမယ့် Golden Circle Member ဖြစ်ခွင့်


- Sule Shangri-La ရဲ့ အစားအသောက်တွေအတွက် Promotion တွေကို တစ်နှစ်ပတ်လုံး ရရှိမယ့် GEMs Member ဖြစ်ခွင့်


- မင်္ဂလာမောင်မယ်ရဲ့ မင်္ဂလာနှစ်ပတ်လည်အတွက် အထူးလက်ဆောင်ရရှိခွင့်


- မင်္ဂလာမောင်မယ်နှစ်ဦးလုံးအတွက် မွေးနေ့လက်ဆောင်ရရှိခွင့်တွေ ပါဝင်မှာပါ

 

ဒီလိုများပြားလှတဲ့ ခံစားခွင့်တွေရရှိမယ့် ကံထူးရှင်မင်္ဂလာမောင်မယ်စုံတွဲတစ်တွဲဖြစ်ဖို့ ဒီဇင်ဘာ (၃၁) ရက်နေ့ညလေးမှာ လူအနည်းဆုံး (၃၀၀) နဲ့အထက်၊ တစ်ယောက်ကို အမေရိကန်ဒေါ်လာ (၄၆) ဒေါ်လာနဲ့ ကြည်နူးစရာ ညစာစားပွဲလေးကို Sule Shangri-La မှာကျင်းပလိုက်ပါ။

 

အသေးစိတ်သိချင်ရင်တော့ Hotel ရဲ့Wedding Specialist ဖုန်းနံပါတ် 01 242828 သို့မဟုတ် အီးမေးလိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်လို့ အမြန်ဆုံးပဲဆက်သွယ်ပြီး Booking လုပ်လိုက်တော့နော်။

Read times
Rate this item
(1 Vote)