မင်္ဂလာခန်းမ တည်နေရာများနှင့် ဈေးနှုန်းများ

မင်္ဂလာခန်းမ တည်နေရာများနှင့် ဈေးနှုန်းများ google.com

မင်္ဂလာဆောင်လို့ ပြောလိုက်တာနဲ့ ဝတ်ဆင်ရမယ့် အ၀တ်အစား၊ ဧည့်ခံပွဲအတွက် အကျွေးအမွေးအပြင်အဆင်၊

ပန်းအလှအပြင်အဆင် စတာတွေအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းရင်း အလုပ်ရှုပ်နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ ဆွေမျိုးအပေါင်းအသင်းတွေနဲ့ အတူ ဧည့်ခံပွဲဆင်နွှဲရမယ့် မင်္ဂလာခန်းမရွေးချယ်ဖို့ကတော့ မေ့ထားလို့ မရတဲ့ အရေးကြီးဆုံးအချက်တစ်ချက်ပါပဲ။

 

ကိုယ့်အတွက်အဆင်ပြေဆုံးနဲ့ အကောင်းဆုံးဖြစ်မယ့် မင်္ဂလာခန်းမတစ်ခုကို ရွေးချယ်ဖို့ကတော့ သိပ်မလွယ်ကူလှပါဘူး။ ကြီးကျယ်ခမ်းနားတဲ့ ကပွဲခန်းမ လိုမျိုးနေရာကို ရွေးချယ်မလား၊ တိတ်ဆိတ်ငြိမ်သက်တဲ့ စားသောက်ဆိုင်မျိုးကို ရွေးချယ်မလား၊ မြက်ခင်းပြင်လိုနေရာမျိုးကို ရွေးချယ်မလား၊ ဘုန်းကြီးကျောင်းလိုနေရာမျိုးကို ရွေးချယ်မလားဆိုတာကတော့ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်း၊ တတ်နိုင်တဲ့ငွေပမာဏနဲ့ အခြားသောအကြောင်းအရာများအပေါ်မူတည်နေပါတယ်။

 

မင်္ဂလာခန်းမရွေးချယ်ရာမှာလည်း မင်္ဂလာဧည့်ခံပွဲသို့လာရောက်မယ့် ဧည့်ပရိတ်သတ်များသွားလာရလွယ်ကူစေရန် အချက်အချာကျတဲ့နေရာမျိုးကိုထည့်သွင်းစဉ်းစားရွေးချယ်ဖို့လိုပါတယ်။ ဟိုတယ်အများစုကတော့ သွားလာရလွယ်ကူပြီး ဘုန်းကြီးကျောင်းမှာဧည့်ခံပွဲပြုလုပ်မယ်ဆိုရင်တော့ မဟာစည်သာသနာ့ရိပ်သာ၊ မင်းကွန်းတိပိဋကနိကာယဘုန်းကြီးကျောင်းတို့လို သွားလာရလွယ်ကူတဲ့ နေရာမျိုးမှာပြုလုပ်သင့်ပါတယ်။ ခန်းမရွေးချယ်ရာမှာအကျွေးအမွေးအပိုင်းကလည်းအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ပါတယ်။ ဧည့်ခံပွဲသို့လာရောက်မယ့် ဧည့်ပရိတ်သတ်တွေကို အဆာပြေလောက်သာကျွေးမွေးဖို့စီစဉ်ထားတယ်ဆိုရင်တော့ ဟိုတယ်တွေမှာပြုလုပ်တာသင့်တော်ပြီး အ၀စားကျွေးမွေးမယ်ဆိုရင်တော့ ဘုန်းကြီးကျောင်းလိုနေရာမျိုးကို မင်္ဂလာဧည့်ခံပွဲပြုလုပ်ကျင်းပရန် ရွေးချယ်သင့်ပါတယ်။

 

Read More: အကောင်းဆုံးဖြစ်မယ့်မင်္ဂလာခန်းမကိုဘယ်လိုရွေးချယ်ကြမလဲ

 

မင်္ဂလာဧည့်ခံပွဲကို နေ့လည်ဖက်တွေမှာပြုလုပ်လေ့ရှိကြသလို ညစာစားပွဲတွေလည်းပြုလုပ်ကြလေ့ရှိပါတယ်။ အထက်ပါနေရာများထဲမှာမှ ကျွန်တော်တို့မြန်မာနိုင်ငံမှာ မင်္ဂလာပွဲပြုလုပ်မှုအများဆုံးဖြစ်တဲ့ ဟိုတယ်များနဲ့ဘုန်းကြီးကျောင်း အချို့ရဲ့တည်နေရာများနဲ့ဈေးနှုန်းများအကြောင်းကို လက်လှမ်းမှီသလောက် တင်ပြပေးလိုက်ပါတယ်။

Sedona Hotel Wedding Hall

Sedona Hotel မှာမင်္ဂလာဧည့်ခံပွဲပြုလုပ်မယ့် စုံတွဲတွေအတွက်တော့ ဧည့်သည်တစ်ဦးကို ၂၄၀၀၀ ကျပ်ခန့်ကျသင့်မှာဖြစ်ပါတယ်။
          လိပ်စာ - အမှတ် (၁) ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
          ဖုန်း     - ၀၁-၈၆၀၅၃၇၇

Sule Shangrila Wedding Hall

Sule-Shangrila Hotel မှာမင်္ဂလာဧည့်ခံပွဲပြုလုပ်မယ်ဆိုရင်တော့ ဧည့်သည်ဦးရေ ၅၀၀ ခန့်ဖိတ်ကြားမယ်ဆိုပါက တစ်ဦးကို ၂၅၀၀၀ ကျပ်ခန့်၊ ဧည့်သည်ဦးရေ ၄၀၀ ခန့်ဖိတ်ကြားမယ်ဆိုပါက တစ်ဦးကို ၂၆၀၀၀ ကျပ်ခန့်၊ ဧည့်သည်ဦးရေ ၃၀၀ ခန့်ဖိတ်ကြားမယ်ဆိုပါက တစ်ဦးကို ၂၇၀၀၀ ကျပ်ခန့်ကျသင့်မှာပဲဖြစ်ပါတယ်။
          လိပ်စာ - အမှတ် (၂၂၃)၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
          ဖုန်း     - ၀၁-၂၄၂၈၂၈

Mya Yeik Nyo Wedding Hall

Mya Yeik Nyo Hotel မှာမင်္ဂလာဧည့်ခံပွဲကျင်းပမယ်ဆိုရင်တော့ ဧည့်သည်ဦးရေ ၃၀၀ ခန့်အောက်လျော့နည်းလျှင် မင်္ဂလာဧည့်ခံပွဲမပြုလုပ်ခင် ၁၀ ရက်ခန့်အလိုတွင် စရံငွေအဖြစ် ၅ သိန်းကျပ်ပေးချေထားရမယ်လို့ သိရပါတယ်။ အကျွေးအမွေးအတွက်ကတော့ ထောပတ်ထမင်းဆိုလျှင် လူတစ်ဦးကို ၁၅၀၀၀ ကျပ်ခန့်ကျသင့်မှာဖြစ်ပြီး၊ တရုတ်အစားအစာဆိုလျှင် လူတစ်ဦးကို ၂၅၀၀၀ ကျပ်ခန့်ကျသင့်မှာဖြစ်ပါတယ်။ အ၀စားဧည့်ခံကျွေးမွေးမယ်ဆိုရင်တော့ လူတစ်ဦးကို ၃၅၀၀၀ ကျပ်ခန့်ကျသင့်မယ်လို့ သိရပါတယ်။
         လိပ်စာ - အမှတ် (၂၀)၊ ပုလဲလမ်းမကြီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
         ဖုန်း     - ၀၁-၅၄၈၃၁၀ ၊ ၀၁-၅၄၈၃၁၇

Western Park Ruby Restaurant

Western Park Ruby Restaurant မှာတော့ နံနက် ၉ နာရီမှ ည ၉ နာရီအတွင်း နေ့လည်ဖက်မင်္ဂလာဧည့်ခံပွဲသာမက မင်္ဂလာညစာစားပွဲပါကျင်းပနိုင်ပါတယ်။ အပေါ်အောက် နှစ်ထပ်ကို လူဦးရေစုစုပေါင်း ၃၀၀ ခန့်ဆန့်တယ်လို့လည်းသိရပါတယ်။ အကျွေးအမွေးအတွက်ကတော့ တရုတ်အစားအစာများနှင့် ထိုင်းအစားအစာများကို Set Menu အလိုက်ဧည့်ခံကျွေးမွေးနိုင်ပြီး ကုန်ကျစရိတ်အနေနဲ့လူ ၁၀ ယောက်ဆန့်ဝိုင်းတစ်ဝိုင်းကို ၁၇၅၀၀၀ ကျပ်ခန့်ကျသင့်မယ်လို့သိရပါတယ်။
         လိပ်စာ - အမှတ် (၂၀၄) အေ/ (၂၁၄)၊ အောက်ကြည့်မြင်တိုင်လမ်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရုံးရှေ့၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
         ဖုန်း     - ၀၁-၂၃၀၀၂၁၇ ၊ ၀၁-၂၁၂၀၀၈ ၊ ၀၉-၂၆၂၆၀၃၃၅၈ ၊ ၀၉-၂၆၄၈၀၉၉၈၀

Chatrium Hotel Royal Lake Wedding Dinner 

Chatrium Hotel မှာတော့ ရေကူးကန်ဘေးမှာ မင်္ဂလာညစာစားပွဲကို ပြုလုပ်ကျင်းပနိုင်မှာဖြစ်ပြီး ဧည့်သည်ဦးရေ အနည်းဆုံးအယောက် ၁၅၀ ကနေစတင်ကျင်းပနိုင်ပါတယ်။ ညစာစားပွဲအတွက် လူတစ်ဦးကို ၄၇၀၀၀ ကျပ်ခန့်ကျသင့်မှာဖြစ်ပါတယ်။
         လိပ်စာ - အမှတ် (၄၀)၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
         ဖုန်း     - ၀၁-၅၄၄၅၀၀ ၊ ၀၁-၅၄၄၄၀၀

Ma Har Si Monastery

မဟာစည်သာသနာ့ရိပ်သာ မှာမင်္ဂလာဧည့်ခံပွဲပြုလုပ်မယ်ဆိုရင်တော့ ခန်းမကြေး ၂ သိန်းပေးသွင်းရမှာဖြစ်ပြီး ဧည့်သည်အကျွေးအမွေးကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြုလုပ်လို့ရတယ်လို့သိရပါတယ်။ မင်္ဂလာခန်းမကတော့ လူဦးရေ ၅၀၀ ခန့်ဆန့်တယ်လို့သိရပါတယ်။ ဧည့်သည်အကျွေးအမွေးအတွက် ဘုန်းကြီးကျောင်းကိုစီစဉ်ခိုင်းမယ်ဆိုရင်တော့ ထောပတ်ထမင်း နှင့် ရေခဲမုန့်ကို ကုန်ကျစရိတ်တစ်ဦးလျှင် ၃၀၀၀ ကျပ်ခန့်ကျသင့်မှာဖြစ်ပါတယ်။
         လိပ်စာ - ရွှေနှင်းဆီလမ်း၊ ၈မိုင်ခွဲ၊ (၅) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
         ဖုန်း     - ၀၁-၉၆၆၁၁၆၇ ၊ ၀၉-၄၃၁၂၁၀၇၀ ၊ ၀၉-၂၅၄၂၉၄၈၂၅

Min Kun Tipitaka Monastery

မင်းကွန်းတိပိဋကနိကာယဘုန်းကြီးကျောင်း မှာဆိုရင်တော့ ရွှေရတုခန်းမ နှင့် ငွေရတုခန်းမဆိုပြီး ရွေးချယ်စရာခန်းမနှစ်ခုရှိပါတယ်။ ရွှေရတုခန်းမမှာ လူဦးရေအယောက် ၄၀၀ ခန့်ဆန့်ပြီး ငွေရတုခန်းမကတော့ လူဦးရေအယောက် ၃၀၀ ခန့်ဆန့်တယ်လို့သိရပါတယ်။ မင်္ဂလာဧည့်ခံပွဲအတွက် ခန်းမငှားရမ်းခကတော့ ရွှေရတုခန်းမအတွက် ၄ သိန်းကျပ်ခန့်ကုန်ကျမှာဖြစ်ပြီး၊ ငွေရတုခန်းမအတွက် ၃ သိန်းကျပ်ခန့်ကုန်ကျမယ်လို့သိရပါတယ်။ အကျွေးအမွေးအနေဖြင့် သီးစုံထောပတ်ထမင်း (သို့) ဒံပေါက်နှင့်ရေခဲမုန့်ဆိုလျှင် တစ်ဦးကို ၃၅၀၀ ကျပ်ခန့်ကုန်ကျမှာဖြစ်ပြီး၊ ကြက်သားပလာတာနှင့်ရေခဲမုန့်ဆိုလျှင် တစ်ဦးကို ၂၅၀၀ ကျပ် နှင့် မုန့် ၃ မျိုး၊ ကော်ဖီနှင့်ရေခဲမုန့်ဆိုလျှင် တစ်ဦးကို ၂၅၀၀ ကျပ်ခန့်ကုန်ကျမှာဖြစ်တယ်လို့သိရပါတယ်။
          လိပ်စာ - အမှတ် (၁၆) စကားဝါလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
         ဖုန်း     - ၀၁-၂၂၂၂၇၉ ၊ ၀၉-၄၂၀၀၄၀၄၉၂

 

(ဈေးနှုန်းများအပြောင်းအလဲရှိနိုင်ပါသည်။)

 

                                                                                                                        Author – Nyi Min Khant




         

         

         

Read times Last modified on Wednesday, 19 September 2018 11:07
Rate this item
(2 votes)