News & Tips

Friday, 19 April 2019 13:48

စုံတွဲလေးတို့မင်္ဂလာဆောင်အသုံးစရိတ်ကို လျှော့ချချင်တယ်ဆိုရင်

‍‍‍‍မင်္ဂလာဆောင်ရာသီကို ရှောင်ခြင်း မင်္ဂလာပွဲနဲတဲ့ရာသီမှာဆိုရင် ဟိုတယ်၊ ဝတ်စုံ၊ ဓာတ်ပုံ၊ ပန်းအလှဆင် အစရှိတဲ့မင်္ဂလာဝန်ဆောင်မှုလုပ်ငန်းတွေကနေ Discount တွေ၊ အထူးအခွင့်အရေးတွေ ပေးတတ်ကြတာမို့ ပုံမှန်ထက် စရိတ်သက်သာနိုင်ပါတယ်။ ပွဲရာသီဆိုရင်လည်း စနေ၊ တနင်္ဂနွေ မဟုတ်တဲ့ ကြားရက်ကိုရွေးချယ်ကျင်းပပါ။   ဧည့်သည်အရေအတွက်ကို စီစစ်ခြင်း ဧည့်သည်အရေအတွက်များရင်များသလို အစားအသောက်၊ ဖိတ်စာနဲ့ ပြန်ကမ်း လက်ဆောင်စရိတ်တွေပါ ပိုကုန်ကျမှာမို့ ဧည့်သည်စာရင်းကို သေချာစီစစ်ပြုစုပါ။   ‍‍‍‍‍‍ဖိတ်စာအတွက် အကုန်အကျမခံခြင်း ဘယ်လောက်လှတဲ့ဖိတ်စာဖြစ်ဖြစ် အချိန်တန်ရင် အမှိုက်ဖြစ်သွားမယ့်အရာမို့ စရိတ်ချွေတာချင်တဲ့ မောင်နှံတွေအနေနဲ့ မဖြစ်မနေလျှော့သင့်ပါတယ်။ ဈေးသက်သက်သာသာနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်မယ့်ဖိတ်စာကိုပဲ ရွေးချယ်လိုက်ပါ။   အပိုင်ဝယ်မယ့်အစား ငှားဝတ်ခြင်း မင်္ဂလာဝတ်စုံကိုအမှတ်တရသိမ်းထားဖို့ အစီအစဉ်မရှိဘူးဆိုရင် အပိုင်ဝယ်၊ ချုပ်မယ့်အစား ငှားဝတ်လိုက်တာ အချိန်ရော၊ ငွေရောသက်သာမှာပါ။ တခြားတစ်ပွဲသုံးပစ္စည်းတွေကိုလည်း ဝယ်မယ့်အစားငှားလိုက်ပါ။   ‍‍‍‍‍ခန်းမအလှဆင်စရိတ်ကို လျှော့ချခြင်း ပန်းအစစ်တွေနဲ့အလှဆင်မယ်ဆိုရင် လှရင်လှသလောက် ကုန်ကျစရိတ်ကလည်း သိန်းဆယ်ဂဏန်းအထက်မှာ ရှိတတ်ပါတယ်။ စရိတ်သက်သာအောင် ပန်းအစစ်နဲ့အတုတွေရောသုံးပြီး ခမ်းခမ်းနားနားလှအောင်ပြင်လို့ရပါတယ်။ Dinner ပွဲဆိုရင် ပူပေါင်းလေးတွေနဲ့လည်း အလှဆင်နိုင်ပါတယ်။   တီး‍‍‍‍ဝိုင်းအစား နောက်ခံတေးဂီတသုံးခြင်း တီးလုံးငြိမ့်ငြိမ့်လေးတွေ ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက် အချစ်သီချင်းအေးအေးလေးတွေကို နောက်ခံတေးဂီတအနေနဲ့ ဖျော်ဖြေနိုင်ပါတယ်။   ‍‍‍ဗန်းကိုင်နဲ့ အရံစရိတ်ကို ချွေတာခြင်း လက်စွပ်ဗန်းကိုင်နဲ့ ပန်းကုံးဗန်းကိုင်ကို နှစ်ယောက်လုပ်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ တစ်ယောက်တည်းလုပ်လို့လည်း ရပါတယ်။ အရံလည်းအတူတူပါပဲ။ အရံ နှစ်တွဲအစား တစ်တွဲပဲထည့်ပါ။ သူတို့အတွက် စီစဉ်ပေးရမယ့် ဝတ်စုံ၊ ဖိနပ်၊ မိတ်ကပ်၊ လက်ဝတ်ရတနာစရိတ် အများကြီးသက်သာသွားမှာပါ။   Myanmar Wedding Guide
Friday, 19 April 2019 10:11

Special Combo package တွေကို နှစ်သစ် Promotion ပေးနေတဲ့ PNA’s Wedding Studio

PNA’s Wedding Studio မှ အားပေးမှုကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ၂၀.၄.၂၀၁၉ လာမယ့်စနေနေ့လေးကနေစပြီးတော့
Thursday, 18 April 2019 14:06

နှစ်သစ်ကူးမှာအထူးလက်ဆောင်တွေပေးနေတဲ့ My Dream One Stop Wedding Service

MY DREAM One Stop Wedding Service သို့ လာရောက် လုပ်ငန်းအပ်နှံသူများသာမက လေ့လာစုံစမ်းသူတိုင်းကို
Thursday, 11 April 2019 14:05

စုံတွဲလေးတို့သင်္ကြန်မှာကဲမယ်ဆိုရင် ဒီအချက်လေးတွေသိထားပါ

သင်္ကြန်ဆိုတာ မြန်မာတွေရဲ့နှစ်ကူးအချိန်အခါသမယပါ။ ဒီလိုနေ့ရက်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့
Thursday, 11 April 2019 13:17

Pre Wedding ကို သင်္ကြန်ပုံစံလေးရိုက်ချင်တယ်ဆိုရင်

သင်္ကြန်တွင်းမှာ Pre wedding ရိုက်မယ်လို့ စိတ်ကူးနေပြီလား၊ သင်္ကြန်တွင်းမှာ
Thursday, 11 April 2019 11:06

သတို့သမီးလေးတို့ စေ့စပ်ပွဲအတွက် ဝတ်စုံရွေးချယ်တဲ့အခါ

စေ့စပ်ပွဲအတွက် ဝတ်စုံကို ဘာဝတ်ရရင် ကောင်းမလဲဆိုပြီး စဉ်းစားနေတဲ့ သတို့သမီးလောင်းကလေးတွေကိုစေ့စပ်ပွဲမှာ
Wednesday, 10 April 2019 13:48

မင်္ဂလာပွဲစီစဉ်တဲ့အခါ စိတ်တူကိုယ်တူစုံတွဲလေးဖြစ်စေဖို့

မင်္ဂလာပွဲကျင်းပဖို့ စီစဉ်လိုက်ခါမှ သဘောထားချင်းတွေကွဲလွဲပြီး အနှစ်နှစ်အလလ ချစ်လာခဲ့ကြသမျှ
Wednesday, 10 April 2019 09:52

သင်္ကြန်မှာ ဟန်းနီးမွန်းထွက်မယ်ဆိုရင်

သင်္ကြန်မှာကပိတ်ရက်တွေလည်းရှိတယ်ဆိုတော့ တော်တော်များများက ခရီးထွက်ဖို့ ပြင်ဆင်ထားကြပါတယ်။
Tuesday, 09 April 2019 13:02

လက်ထပ်ရာမှာအမြဲတမ်းသစ္စာမြဲပေါင်းဖက်နိုင်စေဖို့

မင်္ဂလာရက်သတ်မှတ်ကြတဲ့အခါမှာ ရက်ရာဇာ၊ ပြဿဒါးတွေအပြင် ဘယ်လ၊ ဘယ်ရက်တွေမှာဆောင်သင့်တယ်ဆိုတာလည်း