စုံတွဲလေးတို့သင်္ကြန်မှာကဲမယ်ဆိုရင် ဒီအချက်လေးတွေသိထားပါ

စုံတွဲလေးတို့သင်္ကြန်မှာကဲမယ်ဆိုရင် ဒီအချက်လေးတွေသိထားပါ google.com

သင်္ကြန်ဆိုတာ မြန်မာတွေရဲ့နှစ်ကူးအချိန်အခါသမယပါ။ ဒီလိုနေ့ရက်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့

ရေပက်ဖို့၊ ရေပက်ခံထွက်ဖို့ တက်တက်ကြွကြွပဲရှိနေကြမှာပါ။ ဒီအထဲမှာစုံတွဲလေးတို့လည်း အပါဖြစ်မှာပေါ့နော်။ ပျော်စရာတွေကနေ ပျက်စရာတွေ မဖြစ်ဖို့ဆိုရင်တော့ ဘေးကင်းအောင် တွေးတောကြံဆ ထားရမှာပါပဲ။ ကဲ သင်္ကြန်မှာ အပြတ်ကဲမယ့် စုံတွဲလေးတို့ ဖတ်ကြည့်ပေးနော်။

 

အင်္ကျီပါးပါးလေးတွေ မဝတ်ပါနဲ့

ကိုယ့်ကို ကာကွယ်ပေးမယ့် ကိုယ်ရံတော်တပ်မှူးချစ်သူလေး ပါတယ်ဆိုပေမယ့်လည်း အင်္ကျီပါးပါး ဝတ်တာမျိုးကို ရှောင်ပါ။ အင်္ကျီထူထူလေး ဝတ်ဖို့ လိုပါတယ်။ အင်္ကျီထူထူလေး ဝတ်ထားမှ ရေပက်တဲ့ ပိုက်တွေရဲ့ အရှိန်ဒဏ်ကို ခံနိုင်မှာလေနော်။ မီးသတ်ပိုက်တွေ ရှိတယ်မလား။ သဘက်တွေ၊ ဂျင်းအထူတွေ ထည့်သွားနော်။

 

အလွန်အကျွံ မသောက်ပါနဲ့

စုံတွဲလေးတို့ရေ သင်္ကြန်မှာဆိုရင် အပေါင်းအသင်းတွေလည်းစုံနေကြတာဆိုတော့ ဘီယာလောက်တော့သောက်ဖြစ်ကြမှာပါ။ သောက်တာကအဆင်ပြေပေမယ့် Limit လေးတွေသိဖို့တော့ လိုတယ်နော်။ ကောင်လေးရော ကောင်မလေးပါ Limit ကိုကြည့်ပြီး သောက်ပါ။ မူးသွားရင် လဲကျတာမျိုး ဖြစ်တတ်တယ်မလား၊ သူငယ်ချင်းတွေ အချင်းချင်းလည်း Facebook မှာ ဆေးထိုးနိုင်တဲ့ ပုံတွေ ဖြစ်နေမယ်လေ။ ဒီတော့ အလွန်အကျွံ မသောက်မိစေနဲ့နော်။

 

အဖွဲ့မကွဲပါစေနဲ့

သင်္ကြန်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် စစနောက်နောက်တွေ ရှိကြတာဆိုတော့ ယောကျာ်းလေး မိန်းကလေးမခွဲခြားဘဲ ပျော်ကြပါးကြမှာပါ။ ဒါပေမယ့်လည်း ဘေးကင်းဖို့ဆိုရင်တော့ ကိုယ့်ချစ်သူနား၊ ကိုယ်နဲ့အတူတူ ထွက်လည်တဲ့ အဖွဲ့နားပဲ နေပါ။ အဖွဲ့မကွဲဖို့လည်း သတိပြုပေးဦးနော်။

 

သင်္ကြန်လေးရက်လုံး ကဲနိုင်ဖို့

သင်္ကြန်လေးရက်လုံး ကဲနိုင်ဖို့ဆိုတာ လေးရက်လုံးမှာ အားလုံး အိုကေ စိုပြည်နေမှမလားနော်။ ပထမ () ရက်လောက် အမုန်းကဲပြီး နောက်ရက်တွေ မကဲနိုင်ရင် ဘယ်ပျော်စရာကောင်းမလဲနော်။ ဒီတော့ အပျော်လွန်နေပေမယ့် စုံတွဲလေးတို့ အစားစားပါ။ ရေများများ သောက်ပါ။ ရေပက်ခံနေရာကနေ ပြန်လာပြီဆိုရင်တော့ နားနားနေနေ အိပ်ရေးဝဝ အိပ်ပါ။ ဒါမှ နောက်နေ့တွေ ဆက်ကဲနိုင်မှာပါ။

 

Sunscreen

ဒါကတော့ နှစ်ယောက်စလုံးအတွက် အရမ်းကိုအရေးကြီးတယ်နော်။ နေပူထဲမှာ ရေပက်ခံတယ်ဆိုတာ အသားအရေ ပျက်စီးစေပါတယ်။ နောက်ပြီးတော့ ရေကလည်း အစုံပဲလေ။ သန့်တာတွေရော အရောအနှောတွေရောဆိုတော့ အသားအရေ မပျက်စီးစေဖို့ Sunscreen လေး နှစ်ယောက်စလုံး လိမ်းပါ။

သင်္ကြန်အပီအပြင် ကဲမယ်လို့ တွေးထားတဲ့ စုံတွဲလေးတို့ရေ နှစ်ယောက်စလုံး ပျော်စရာ သင်္ကြန်မှာ စိတ်မညစ်ရဖို့ ဒီအချက်တွေဖတ်ထားနော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Thursday, 11 April 2019 14:32
Rate this item
(1 Vote)
Tagged under