Pre Wedding ကို သင်္ကြန်ပုံစံလေးရိုက်ချင်တယ်ဆိုရင်

Pre Wedding ကို သင်္ကြန်ပုံစံလေးရိုက်ချင်တယ်ဆိုရင် google.com

သင်္ကြန်တွင်းမှာ Pre wedding ရိုက်မယ်လို့ စိတ်ကူးနေပြီလား၊ သင်္ကြန်တွင်းမှာ

စတူဒီယိုတွေပိတ်လို့မရိုက်ဖြစ်ရင် သင်္ကြန်ပုံစံလေးရိုက်လို့ ရပါတယ်နော်။ သင်္ကြန်မှာစပြီး တွေ့ခဲ့ကြတဲ့ စုံတွဲလေးတွေ ဒီလိုပုံလေးတွေ ရိုက်သင့်ပါတယ်နော်။ သင်္ကြန်ပုံစံ Pre wedding ရိုက်မယ်ဆိုရင် သိထားသင့်တာလေးတွေလည်း ရှိပါတယ်။

 

Indoor လား Outdoor လား

သင်္ကြန်မှာ Pre wedding ရိုက်တဲ့ပုံစံမျိုး ရိုက်ဖို့ဆိုရင်တော့ အရင်ဆုံး စတူဒီယိုထဲလား အပြင်မှာလားဆိုတာကို အရင်ရွေးချယ်ရပါမယ်နော်။ ဒါမှ ရိုက်ကူးရေးမှာ အဆင်ပြေမှာပါ။ စတူဒီယိုထဲမှာဆိုရင်လည်း သင်္ကြန်နဲ့ တူအောင် setting တွေလုပ်ဖို့ လိုသလို အပြင်မှာဆိုရင်လည်း တကယ့်သင်္ကြန်နဲ့ တူအောင် ဆောင်ရွက်ရမှာပါ။ သင်္ကြန်ပုံစံ ဖန်တီးမယ်ဆိုရင်တော့ လူအင်အားလည်း ပိုပြီးတော့ သုံးရမှာပါ။ မဏ္ဍပ်ပုံစံ၊ ရေသေနတ်၊ ရေပုံးလေးတွေ လိုတယ်နော်။

 

အဝတ်အစား

သင်္ကြန်ပုံစံ Pre wedding ဆိုရင်တော့ အဝတ်အစားက ဂါဝန်ကြီးတွေ၊ ထိုင်မသိမ်းတွေ မဝတ်တော့ဘဲ ပေါ့ပေါ့ပါးပါး သတို့သမီးပုံစံလေးတွေ ရွေးပါ။ ဂါဝန်အတိုလေးတွေကိုမှ သတို့သမီိးခေါင်းဆောင်းပုဝါလေး ဆောင်းလိုက်တာမျိုးက သတို့သမီးလေးတစ်ဦးအဖြစ် လှပစေပြီး ဝတ်ရတာလည်း သက်တောင့်သက်သာ ရှိမှာပါ။ မြန်မာဆန်ဆန်လေး ဝတ်ချင်တယ်ဆိုရင်လည်း သင်္ကြန်အဆင်လေး ရွေးပြီး ပုဝါလေးနဲ့ တွဲဝတ်တာမျိုး လုပ်လို့ ရပါတယ်နော်။

 

ကုန်ကျစရိတ်

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ သင်္ကြန်ပုံစံ Pre wedding ရိုက်မယ်ဆိုရင်တော့ ကိုယ့်တစ်ဦးတည်းအတွက် သီးသန့်ပြင်ဆင်ပေးရတာမျိုးဆိုရင် ပိုပြီးတော့ ကုန်ကျစရိတ် များနိုင်ပါတယ်။ ဒီအချက်ကိုတော့ သေချာလေး ညှိဖို့ လိုပါတယ်။ အကယ်လို့ တကယ့်သင်္ကြန်မဏ္ဍပ်မှာ ရိုက်ချင်တယ်ဆိုရင်လည်း ကြိုတင်ပြီး ပြင်ဆင်ဖို့လိုပါတယ်။

 

ရေစိုစိုမှာဆိုရင်

ရေစိုစိုမှာဆိုရင် သတို့သမီးလောင်းလေးတို့ ပုံမှန်ထက် ပိုပြီး မိတ်ကပ်ပြင်ဆင်မှုလည်း ဂရုစိုက်ရမှာ ဖြစ်သလို အဝတ်အစားတွေလည်း ရေစိုမှာမို့ သေချာ ပြင်ဆင်ရပါမယ်နော်။ ရေစိုရင်လည်း အဆင်ပြေမယ့် အဝတ်အစားဝယ်ပါ။ နောက်တစ်ခုကတော့ ကျန်းမာရေးပါ။ မလှလို့ လှအောင် ပြန်ရိုက်နေရင်း ရေစိုနဲ့ဆို အအေးမိတာတွေ ဖြစ်တတ်တယ်လေ။ ဒီအချက်တွေကိုတော့ ထည့်သွင်းစဉ်းစားပေးနော်။

 

သင်္ကြန်ပုံစံလေး Pre wedding ရိုက်မယ်ဆိုရင် ပြင်ဆင်သင့်တာတွေ၊ ကုန်ကျစရိတ်တွေ ကြိုသိထားပေးနော်။ ဒါဆိုရင် အလှဆုံးပုံတွေ ရမှာပါ။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Thursday, 11 April 2019 13:58
Rate this item
(1 Vote)