News & Tips

Wednesday, 03 October 2018 13:23

တရားရုံးမှာ မင်္ဂလာလက်မှတ် ရေးထိုးမယ်ဆိုရင်

တရားရုံးမှာ မင်္ဂလာလက်မှတ်ရေးထိုးတော့မယ်ဆိုရင် သိသင့်သိထိုက်တဲ့ အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Tuesday, 02 October 2018 11:54

မင်္ဂလာပွဲတက်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်များ

ဖိတ်စာမှာ ဖိတ်ကြားမခံရတဲ့ လူပိုခေါ်ခြင်းကို ရှောင်ကြဉ်ပါ

 

ဖိတ်စာမှာ ကိုယ့်နာမည်ပဲ ရေးထားတယ်ဆိုရင် ကိုယ်တစ်ယောက်ထဲပဲ သွားသင့်ပါတယ်။ မိသားစုလို့ရေးထားမှသာ မိသားစုနှင့်အတူ တက်ရောက်သင့်ပါတယ်။ မင်္ဂလာမောင်နှံရဲ့ Budget နဲ့ လူဦးရေအကန့်အသတ်ကို နားလည်လေးစားမှု ရှိရပါမယ်။

 

 

မင်္ဂလာမောင်နှံအတွက် အသုံးတည့်မယ့်လက်ဖွဲ့ကိုသာ ရွေးချယ်ပါ

 

လက်ဖွဲ့ပစ္စည်းအများစုဟာ အမျိုးအစားတူဖြစ်နေတတ်တာကြောင့် လက်တွေ့မှာအသုံးမတည့်ပဲဖြစ်နေတတ်ပါတယ်။ ငွေသားနဲ့ Gift Card လက်ဖွဲ့တွေကတော့ မင်္ဂလာမောင်နှံအနေနဲ့ စိတ်တိုင်းကျသုံးစွဲနိုင်တာမို့ အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်။

 

 

အချိန်မှန်ရောက်အောင်သွားပါ။ ခန်းမအတွင်းမှာသာစောင့်ဆိုင်းပါ

 

သတို့သမီး မိတ်ကပ်ပြင်အခန်းထဲမှာ မလိုအပ်ပဲဝင်ထွက်သွားလာတာ၊ အလှပြင်နေဆဲသတို့သမီးနဲ့ ဓာတ်ပုံတွဲရိုက်တာမျိုးဟာ မသင့်တော်ပါဘူး။ မင်္ဂလာမောင်နှံနဲ့ မိတ်ကပ်အဖွဲ့သားတွေ အေးချမ်းစွာပြင်ဆင်ပါစေ။

 

 

သတ်မှတ်ပေးတဲ့နေရာမှာပဲထိုင်ပါ

 

ခန်းမအနောက်ဘက်ရောက်နေတာမျိုး၊ စင်မြင့်ကို မမြင်ရတာမျိုးဖြစ်သည့်တိုင်အောင် ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့နေရာကနေ ဟိုပြောင်းဒီပြောင်း မပြောင်းသင့်ပါဘူး။ ကိုယ့်အတွက် တစ်စုံတစ်ယောက်က နေရာချပေးတာမျိုး မရှိဘူးဆိုရင်တော့ သင့်တော်တဲ့နေရာမှာထိုင်နိုင်ပါတယ်။

 

 

စကားအကျယ်ကြီးပြောတာကိုရှောင်ကြဉ်ပါ

 

မင်္ဂလာအခမ်းအနား စတင်နေချိန်မှာ စကားအကျယ်ကြီးပြောတာ၊ ဖုန်းသုံးတာ၊ မင်္ဂလာမောင်နှံ လိုက်လံဧည်ခံနေစဉ် ကိုယ့်ဘက်ကနေ စကားအကြာကြီးပြောတာ၊ အတင်းဆွဲပြီး ဓါတ်ပုံရိုက်တာတွေဟာ မင်္ဂလာမောင်နှံကို စိတ်အနှောင့်အယှက်ဖြစ်စေတတ်တာကြောင့် အထူးသတိပြုသင့်ပါတယ်။

 

 

မိသားစုဝင်တွေ ဦးစားပေး ဓါတ်ပုံရိုက်ပါစေ

 

ပွဲပြီးလို့စင်ပေါ်တက် ဓါတ်ပုံရိုက်ကြတဲ့အခါ မင်္ဂလာမောင်နှံရဲ့ မိသားစုဝင်တွေကို ဦးစားပေးပါ။ တခြားဧည့်သည်တွေကို ဦးစားပေးရင်း မိသားစုနဲ့ ဓါတ်ပုံအတူရိုက်ဖို့ အချိန်မလောက်တော့တဲ့ မင်္ဂလာမောင်နှံတွေ ရှိတတ်ကြလို့ဖြစ်ပါတယ်။

 

 

Credit;Myanmar Wedding Guide

Monday, 01 October 2018 11:12

မြန်မာသတို့သား၊ သတို့သမီး ဝတ်စုံလေးနဲ့ မင်္ဂလာဆောင်ခဲ့တဲ့ စပိန်လူမျိုး ဇနီးမောင်နှံ

ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ ဝတ်စားဆင်ယင်မှုတွေ၊ ပြောဆိုနေထိုင်မှုတွေစတဲ့ အရာရာတိုင်းမှာ အရမ်းကိုယဉ်ကျေးသိမ်မွေ့တဲ့လူမျိုးတစ်မျိုးပါ။

Friday, 28 September 2018 10:46

မြန်မာဓလေ့ရိုးရာ ထိမ်းမြားမင်္ဂလာ(၁၀)ပါး

() ပုဆိုးတန်းတင် ထိမ်းမြားခြင်း

 

သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ

Wednesday, 26 September 2018 11:31

Basic Wedding Planning Course (Batch 6)

Basic Wedding Planning သင်တန်းအကြောင်း

Tuesday, 25 September 2018 17:56

ခမ်းခမ်းနားနားတွေယူဆောင်လာမယ့် “The Grand Empress Wedding Fair”

2018 အတွက် အကြီးမားဆုံး နဲ့ အခမ်းနားဆုံးဖြစ်လာမည့် "The Grand Empress Wedding Fair" ကြီးကို Wyndham Grand Yangon Hotel တွင် ပထမဦးဆုံးအကြိမ်အဖြစ် EMPRESS LACE & FABRICS GALLERY မှ ဦးစီးကျင်းပသွားမှာဖြစ်ပါတယ်။

Friday, 21 September 2018 11:26

Wyndham Grand Yangon မှာ မင်္ဂလာဆောင်ရင်း Honeymoon ခရီးစဉ် ကံစမ်းကြမယ်

Wyndham Grand Yangon ကတော့ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်မှာ တည်ရှိပြီး ကန်တော်ကြီးကို အပေါ်စီးကနေကြည့်ရူခံစားနိုင်သည့် Hotel တစ်ခုဖြစ်ပါတယ်။

Friday, 21 September 2018 10:55

မင်္ဂလာပွဲကျင်းပခါနီး ဒူးမဲ၊တံတောင်မဲ နေလို့စိတ်ညစ်နေတဲ့ ပျိုမေများအတွက်

မင်္ဂလာပွဲကျင်းပတော့မယ့် ပျိုမေတို့ ဒူးမဲ၊ တံတောင်ဆစ်မည်းလို့ စိတ်ညစ်နေပါသလား မပူပါနဲ့ တစ်ပတ်အတွင်း ထိရောက်တဲ့နည်းလေးရှိပါတယ်။

Thursday, 20 September 2018 16:38

" The First Ever Wedding Fair " နေပြည်တော်တွင်ကျင်းပမည်

Horizon Lake View Resort မှ ဦးစီးကျင်းပမည့် " The First Ever Wedding Fair " ကို ပထမဆုံးအကြိမ် နေပြည်တော်တွင်ကျင်းပပြုလုပ်သွားမည့် စာနယ်ဇင်းမိတ်ဆက်ပွဲကိုစက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ လှည်းတန်းစင်တာ ပရိုမိုးရှင်းဧရိယာတွင်ကျင်းပခဲ့သည်။