သတိုးသားနဲ့ သတိုးသမီး အနားမကပ်ပဲကျင်းပခဲ့တဲ့ မင်္ဂလာဆောင်

သတိုးသားနဲ့ သတိုးသမီး အနားမကပ်ပဲကျင်းပခဲ့တဲ့ မင်္ဂလာဆောင်


 


 


 


 


 


 


 

Birmingham couple practice social distancing at their wedding ...

 

<<< Zawgyi >>>

 

သတိုးသားနဲ့ သတိုးသမီး အနားမကပ်ပဲကျင်းပခဲ့တဲ့ မင်္ဂလာဆောင်

------------------------------

 

ကိုရိုနာရောဂါဖြစ်နေတာမို့ခါတိုင်းမင်္ဂလာပွဲတွေ မင်္ဂလာဆောင်ရင်တောင်သတိုးသားနဲ့သတိုးသမီးက ပူးကပ်တဲ့အနေအထားက နေပြီး အခြားသူတွေနဲ့ ခပ်ခွာခွာ Social Distancing ရယူပြီးမင်္ဂလာဆောင်ကြရပါတယ် ဒီတစ်ခါမှာတော့ ဒီစုံတွဲက ထူးဆန်းပါတယ် မင်္ဂလာဆောင်ပေမယ့်သတိုးသားနဲ့ သတိုးသမီးနဲ့ ကခပ်ခွာခွာ အနေအထားနဲ့ပါ။

 

ယခုမင်္ဂလာပွဲဟာ မီချီကန် မှာရှိတဲ့ စုံတွဲလေးတစ်တွဲက သူတို့ရဲ့ အချိန်ကောင်းလေးကို ရပ်တန့်မထားစေချင် လို့လက်ရှိမှာ သတိုးသားနဲ့ သတို့သမီးဟာ အကွာအဝေး တစ်ခုကနေပြီး မင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ်။

 

ဘရွတ် နဲ့ အဲ့လိဂျက် တို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ စနေနေ့က မင်္ဂလာဆောင်ခဲ့တာဖြစ်ပြီး အခုချိန်မှာသာ ရောဂါဆိုးကြောင့် မပြောကောင်းမဆိုကောင်းတစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ လက်ထက်ယူခဲ့တာပဲဖြစ်ပါတယ်။

 

၎င်းတို့မှာ ရွေးချယ်စရာ လမ်းမရှိပါဘူး သတိုးသား နဲ့ သတိုးသမီးမကပ်ဘူးဆိုတာ သတိုးသမီးဘက်က သတိုးသမီးရဲ့ အဖေရော ၊ အဖွားရော ၊ ဝမ်းကွဲမောင်လေးဖြစ်တဲ့ ၂ နှစ်အရွယ်ကလေးလေး ကပါ ကိုရိုနာရောဂါခံစားနေရတာပါတဲ့။

 

သူတို့မင်္ဂလာမောင်နှံလေးဟာ မင်္ဂလာပွဲကို လူ ၁၀ ဦးဖြင့်သာ ဘုရားကြောင်းမှာ Social Distancing ဖြင့်ကျင်းပပြီး မိဘ ၊ ဆွေမျိုးများ ကိုလည်း အင်တာနက်ကနေ မင်္ဂဆောင်တာကို တိုက်ရိုက် အွန်လိုင်းကနေပြသခဲ့ပါတယ်။

 

သူတို့စုံတွဲလေးဟာ ပျားရည်စမ်းခရီးအစီအစဉ်ကို ဖျက်ရမှာဖြစ်ပြီး ၁၄ ရက် စောင့်ကြည့်ပြီးပေမဲ့ သတိုးသမီးက စိတ်ချရတဲ့ အနေအထားရှိမှ အနားကပ်တာမျိုးလုပ်မှာပါ အနားကပ်ရလဲ အိမ်မှာပဲ အချက်အပြုတ်အတူလေ့ကျင့်မယ်လို့ပြောပါတယ်။

 

နောက်နှစ်အစောပိုင်းမှာတော့ မိသားစုတွေနဲ့ မိတ်ဆွေတွေကို ကျွေးမွေးမယ်သိရပြီး ထိုအခါကျမှ ပြန်လည် စည်ကားသိုက်မြိုက်စွာ ကျင်းပါ့မယ်သိရပါတယ်။

 

Ref ; Clickon detroit

Read times
Rate this item
(0 votes)
Tagged under