ချွေးမ လောင်း Nicola အတွက် သတို့သမီးဝတ်စုံ ဒီဇိုင်းဖန်တီးပေးမယ့် Victoria Beckham

ချွေးမ လောင်း Nicola အတွက် သတို့သမီးဝတ်စုံ ဒီဇိုင်းဖန်တီးပေးမယ့် Victoria Beckham

Victoria Beckham က တော့ သူမရဲ့ ချွေးမလောင်း အပေါ် အခုတည်းက သူမရဲ့ ဂရုစိုက်ကြင်နာမှုကို ထုတ်ပြလိုက်ပါတယ်။

သားအကြီး ဆုံးဖြစ်တဲ့ Brooklyn ကတော့ Victoria ရဲ့ အသည်းကျော်မို့ သူမရဲ့ ချွေးမလောင်း အပေါ် Victoria တစ်ယောက် ဘယ်လို ဆက်ဆံ မလဲ ဆိုတာကို အားလုံးက စိတ် ဝင်တစားနဲ့ စောင့်ကြည့်နေကြတာပါ။ Brooklyn နဲ့ Nicola တို့ကတော့ လက်ရှိမှာ စေ့စပ်ထားကြပြီး လက်ထပ် ကြဖို့ အတွက် တော့ အခုတည်းက ပြင်ဆင်မှု တွေ လုပ်နေပါပြီ။

 

Brooklyn Beckham 'moving to US permanently as he househunts in LA with  Nicola' | nyob.news

 

အသက် (၄၆)နှစ်အရွယ် Victoria က တော့ ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်ဖြစ်ပြီး ဖက်ရှင် Show တွေ လည်း ကျင်းပထားသူပါ။သားဖြစ်သူရဲ့ မင်္ဂလာ ဆောင် မှာ တော့ သူမရဲ့ ဒီဇိုင်နာ အစွမ်းကို ထုတ်ပြ သွားမှာပါ။အစတုန်း က တော့ လက်ဘ နွန်ဒီဇိုင်နာ Elie Saab ကို သတို့သမီးဝတ်စုံ ဖန်တီးပေးခိုင်းဖို့ အစီအစဉ် ရှိခဲ့ ပါ သေးတယ်။ဒါပေမယ့် နောက်ပိုင်းမှာ တော့ Victoria Beckham က ချွေး မ လောင်း အတွက် သူမရဲ့ လက် ဆောင် အဖြစ် နဲ့ ဝတ်စုံကို ဒီဇိုင်းဖန်တီး ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။

 

အတွင်းလူတွေ ရဲ့ ပြောစကား အရ တော့ သူမရဲ့ latest collection ထဲက နေ လက် ဆောင် ပေး မယ်လို့ ပြော နေကြတာ တွေ လည်းရှိပါတယ်။ Victoria ဘက်က ဆန္ဒကို ပြောလာတဲ့ အခါ မှာတော့ ချွေးမ လောင်း Nicola ကလည်း ဒီဇိုင်နာ Elie Saab ရဲ့ ဝတ်စုံအစား ယောက္ခမ လောင်း ရဲ့ ဝတ်စုံကိုပဲ လက်ခံဖို့ သဘောတူခဲ့တာပါ။

 

Brooklyn က တော့ အသက် (၂၁)နှစ်ဖြစ်ပြီး Nicola က တော့ (၂၅)နှစ်ပါ။ သူတို့ကတော့ ပြီးခဲ့တဲ့ ဇူလိုင်က မှ စေ့စပ်ခဲ့ကြတာပါ။ Brooklyn က တော့ ချစ်သူ ကို £350,000 တန် လက်စွပ်နဲ့ လက်ထပ် ခွင့် တောင်းခဲ့တာပါ။ မင်္ဂလာပွဲ နဲ့ ပတ်သက်ပြီး တော့ လက် တလောမှာ ဗြိတိန်မှာ တစ်ပွဲ၊ အ မေရိကန် မှာ တစ်ပွဲ လုပ်ဖို့ စီစဉ် ထားပါတယ်။ အ မေရိကန်မှာ လုပ်မယ့် ပွဲကိုတော့ သတို့ သမီး ဘက်က နေ ကုန်ကျ စရိတ် အားလုံးကို တာဝန်ယူ ဆောင်ရွက် သွားမှာပါ လို့ The Sun မှာ ဖော်ပြထားပါတယ်။

 

Source: TheSun

Read times
Rate this item
(2 votes)
Tagged under