လယ်သမားသမီး အသက် ၁၉နှစ် တက္ကသိုလ်ကျောင်းသူ ဒိုသီဟ ဗီယက်နမ် Miss 2020 သရဖူဆောင်း

လယ်သမားသမီး အသက် ၁၉နှစ် တက္ကသိုလ်ကျောင်းသူ ဒိုသီဟ ဗီယက်နမ် Miss 2020 သရဖူဆောင်း

Do Thi Ha သည် ဗီယက်နမ် နိုင်ငံတွင် ဂုဏ်သတင်း အကြီးမားဆုံးဖြစ်ပြီး ၂ နှစ်လျှင် တစ်ကြိမ် ကျင်းပသည့် နိုင်ငံ၏အလှဆုံးအလှမယ်ပြိုင်ပွဲဖြစ်သော Miss Vietnam 2020 မှာ သရဖူဆောင်းလိုက်ပါတယ်။

 

 နို၀င်ဘာ ၂၀ ရက်သောကြာနေ့တွင် အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ဒိုသီဟက နောက်ဆုံး ဆန်ကာတင် ရွေးချယ်ခံထားရသူများကို အနိုင်ယူပြီး  Miss Vietnam 2020 အလှမယ်အဖြစ် သရဖူဆောင်းခံပါတယ်။

 

do_thi_ha_2.PNG

 

ဒိုသီဟကို Thanh Hoa ခရိုင်တွင် မွေးဖွားခဲ့ပြီး ယခုလက်ရှိ ဟနွိုင်းရှိ National Economics University (NEU) တွင် ပညာဆည်းပူးနေပါတယ်။

 အရပ် ၅ ပေ ၇ လက်မခွဲ ရှိသူ အလှမယ် ဒိုသီဟရဲ့ မိသားစုဟာ လယ်သမား လက်လှုပ်လက်စားတွေ ဖြစ်ပါတယ်။ 

 အခုလို သရဖူဆောင်းခဲ့လို့ ဆုကြေး ဗီယက်နမ်ဒေါင် သန်း ၃၅၀ (အမေရိကန်ဒေါ်လာ တစ်သောင်းခွဲ) ကို မိသားစုထံ ယူဆောင်ပေးနိုင်ခဲ့ပါတယ်။

 

do_thi_ha_3.PNG

 

ဒုတိယနေရာကို ရရှိတဲ့ အလှမယ် Pham Ngoc Phuong ကိုတော့ ဆုကြေး ဒေါင် သန်း ၂၅၀ နဲ့ တတိယနေရာကို ရရှိတဲ့ အလှမယ် Nguyen Le Ngoc Thao ကို ဆုကြေး ဒေါင် သန်း ၂၀၀ ချီးမြှင့်ပါတယ်။ 

do_thi_ha_4.PNG

 

ဒိုသီဟဟာ အလှဆုံး အလှမယ်သရဖူကို ရရှိခဲ့တဲ့အပြင် Media Beauty, Fashion Beauty နဲ့ Sea Beauty ဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဆန်ကာတင်အဆင့်မှာ ပြိုင်ပွဲဝင် ၃၅ ဦးကို ရွေးချယ်ခဲ့ပြီး ဗီယက်နမ် ရိုးရာဖက်ရှင် áo dài  ဝတ်စုံ ဝတ်ဆင်ပြီး ပြိုင်ကြရတယ်။ 

 

d890

 

ဘီကီနီ၊ ညနေခင်းဝတ်စုံတွေ ဆင်မြန်းပြီးတော့လည်း ပြိုင်ကြရတယ်။ အကဲဖြတ်ဒိုင်တွေက မေးမြန်းတဲ့ မေးခွန်းတွေကိုလည်း ဖြေဆိုကြရပါတယ်။

Miss Vietnam  ပြိုင်ပွဲ ကျင်းပခဲ့တာ သက်တမ်း ၃၂ နှစ် ရှိပါပြီ။ ၂ နှစ်ကို တစ်ကြိမ် ကျင်းပပါတယ်။ ယခုနှစ် ပွဲဟာ ၁၆ ကြိမ်မြောက်ပွဲ ဖြစ်ပါတယ်။

do_thi_ha_6.PNG

 

Myanmar Wedding Guide

Soure: The Myanmar Textile & Garment Industry Guide

 

Read times Last modified on Saturday, 28 November 2020 11:11
Rate this item
(0 votes)