သတို့သားလောင်းက ပွဲဖျက်ခဲ့ပေမယ့် တစ်ကိုယ်တော်အလှဆုံးဓာတ်ပုံအဖြစ်ပြောင်းလဲရိုက်ကူးပြခဲ့တဲ့ မိန်းကလေး

သတို့သားလောင်းက ပွဲဖျက်ခဲ့ပေမယ့် တစ်ကိုယ်တော်အလှဆုံးဓာတ်ပုံအဖြစ်ပြောင်းလဲရိုက်ကူးပြခဲ့တဲ့ မိန်းကလေး Light View

အသက် ၃၇နှစ်အရွယ် Shashaအမည်ရှိတဲ့စင်္ကာပူအမျိုးသမီးတစ်ဦးဟာ ၂၀၁၇/၂၀၁၈ခုနှစ်ထုတ် Muzmatch ဆိုတဲ့ ဒိတ်လုပ်တဲ့ အက်ပလီကေးရှင်း တစ်ခုမှာ ဒိတ်လုပ်ကြည့်ရင်း လက်ရှိသူမကို ထားခဲ့တဲ့သတို့သားဟောင်းနဲ့ တွေ့သွားခဲ့ပြီး

 

သူတို့ဟာချက်ချင်းဘဲ တွဲခုတ်ခဲ့ကြပါတယ်။Shasta ဟာ သူတို့နှစ်ဦးက စိတ်ချင်းဆက်လိုက်ဖက်တယ်လို့ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ ဩဂုတ်လမှာဘဲ သူ့သတို့သားဟောင်းက ချစ်ခွင့်ပန်ကာ သူတို့ နှစ်ဦးစေ့စပ်ကြောင်းလမ်းထားခဲ့ကြပါတယ်။ဒါပေမဲ့ မင်္ဂလာမဆောင်ခင် သတို့သားဟောင်းဟာ နှစ်ဖက် မိဘတွေ့ဆုံပွဲကို မရောက်လာခဲ့ပါဘူး။မင်္ဂဆောင်ဖို့ နေ့စွဲနီးကပ်လာတော့လည်း သတို့သားဟောင်း နဲ့ သူ့မိသားစုတွေဟာ သူမနဲ့ အဆက်အသွယ် မလုပ်ခဲ့ပြန်ပါဘူး။

 

အဲ့ဒီနောက် Shasha လည်း ၎င်းအဖြစ်ကို အပြုသဘောဆောင်ရင်း အဖြစ်မှန်အဖြစ် လက်ခံနားလည်ခဲ့ပါတယ်။သူမရဲ့ကြိုးစားအားထုတ်မှုတွေကို စိတ်ပျက်လက်ပျက်ဖြစ်သွားရမဲ့အစား Shasha ဟာ lightviewsg ဓာတ်ပုံစတူဒီယိုနဲ့အတူ မယုံနိုင်လောက်အောင် စွမ်းဆောင်ရင်း လှပပြီးအဓိပ္ပာယ်ရှိတဲ့ဓာတ်ပုံတွေကို တစ်ကိုယ်တည်းရိုက်ကူးပစ်ခဲ့ပါတယ်။သူမရဲ့အကြောင်းနဲ့ ဓာတ်ပုံတွေက social media မှာ ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်အသုံးပြုသူတွေထံမှ”မင်းက သတ္တိကောင်းတဲ့အမျိုးသမီးပါ ကောင်းတာတွေလာတော့မှာ မင်းကအကောင်းတွေနဲ့ဘဲထိုက်တန်တယ်”၊”ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့စိတ်ဓာတ်ပါလား ငါမင်းအတွက် အရမ်းဂုဏ်ယူတယ်”။

 

 

“Shasha မင်းဟာ လှုံဆော်မှုတစ်ခုဘဲ” စတဲ့ အားတက်စရာကောင်းတဲ့စကားလုံးတွေနဲ့ အင်တာနက်မှာ Shashaရဲ့သတင်းမွှေးနေခဲ့ပါတယ်။Shashaရဲ့အဖြစ်အပျက်နဲ့ဓာတ်ပုံကို ကြည့်ပြီးနောက် သူမရဲ့ခွန်အား၊ ဒဏ်ခံနိုင်စွမ်း နဲ့ ရဲစွမ်းသတ္တိတွေဟာ ကျွန်တော်တို့အားလုံးကို inspireဖြစ်စေသလို ခံစားလိုက်ရပြီး အခုအဖြစ်အပျက်ဟာ အလားတူ ခံစားနေရတဲ့သူတိုင်းကို ကူညီပေးလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ဒီတော့ “ကိုယ့်ကိုကိုယ် ချစ်တတ်ခြင်းဟာ အားလုံးရဲ့အကြီးမြတ်ဆုံး ချစ်ခြင်းမေတ္တာဘဲ” ဆိုတဲ့ Whitney Houstonရဲ့အရေးအသားလို စာဖတ်သူတို့လည်း ဘယ်လိုအခြေအနေမှာဘဲ ရောက်ရောက် ကိုယ့်ကိုကိုယ်ချစ်ပြီးတန်ဖိုးထားကြပါလို့ ပြောခဲ့ချင်ပါတယ်။

 

 

 

Source: mckzonedaily

Read times
Rate this item
(0 votes)