သတို့သားက မိန်းမခိုးပြေးလို့၊ မင်္ဂလာပွဲလာဧည့်သည်နဲ့ လက်ထပ်လိုက်ရတဲ့ သတို့သမီး

သတို့သားက မိန်းမခိုးပြေးလို့၊ မင်္ဂလာပွဲလာဧည့်သည်နဲ့ လက်ထပ်လိုက်ရတဲ့ သတို့သမီး illustrative purposes

အိန္ဒိယနိုင်ငံက မင်္ဂလာပွဲတစ်ခုမှာ သတို့သားက မပြတ်မသားဖြစ်နေတဲ့ ချစ်သူဟောင်းအမျိုးသမီးနဲ့ ခိုးရာလိုက်ပြေးခဲ့တာကြောင့်၊ သတို့သမီးမှာ မင်္ဂလာပွဲဖျက်ပြီး အရှက်ကွဲရမယ့်ကိန်းကို ကြုံခဲ့ရပါတယ်။

 

ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်၊ Chikkamagaluru မြို့မှာ ဖြစ်ခဲ့တာပါ။ သတို့သမီးမိဘတွေက မင်္ဂလာပွဲကို အပျက်မခံဘဲ ပွဲလာပရိသတ်တစ်ဦးနဲ့ သမီးကို ထိမ်းမြားစေခဲ့ပါတယ်။

 

ဒီအဖြစ်အပျက်မှာတော့ Ashok နဲ့ Naveen အမည်ရ ညီအစ်ကိုနှစ်ယောက်ဟာ သက်ဆိုင်ရာ သတို့သမီးအသီးသီးနဲ့ ခန်းမတစ်ခုတည်းမှာပဲ တပြိုင်တည်းလက်ထပ်ဖို့ စီစဉ်ခဲ့တာပါ။ သတို့သား Naveen ဟာ ပွဲနေ့မှာ တစ်နေကုန်ရှိနေခဲ့ပေမယ့် ဆက်လက်ကျင်းပတဲ့ မင်္ဂလာပွဲညမှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့တာပါ။

No description available. 

တကယ်တော့ အဲဒီညမှာမှ မင်္ဂလာဘိသိက်ခံ၊ တရားဝင် လက်မှတ်ရေးထိုးကြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ တကယ်တော့ Naveen ဟာ မင်္ဂလာပွဲနေ့မှာ ချစ်သူအမျိုးသမီးက ခြိမ်းခြောက်တာကို ခံခဲ့ရပါတယ်။ မင်္ဂလာပွဲကို ဖျက်သိမ်းဖို့၊ မဟုတ်ရင် မိမိက အဆိပ်သောက်ပစ်မယ်လို့ အဲဒီအမျိုးသမီးက ခြိမ်းခြောက်ခဲ့တာပါ။ ဒီလိုနဲ့ သူလည်း ကောင်မလေးအသက်ကို ငဲ့ကွက်ပြီး မင်္ဂလာပွဲကို အိုးမဲသုတ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။

 

အဆိုပါ အမျိုးသမီးဟာ မိုင်(၁၃၀) ဝေးတဲ့ Tumakuru မြို့မှာ နေထိုင်ပါတယ်။ သူက ရည်းစားကို သွားတွေ့တာ ကိစ္စမရှိပေမယ့် သတို့သမီး Sindhu အတွက်တော့ ဒီကိစ္စဟာ သိက္ခာကျ အရှက်ရစရာ ဖြစ်စေခဲ့ပါတယ်။ သတို့သမီး မိဘတွေကလည်း ဒီကိစ္စကို မကျေနပ်လို့ ဧည့်သည်ထဲမှာရှိတဲ့ မွန်မွန်ရည်ရည် လူပျိုလူလွတ်တစ်ယောက်ကို သူတို့သမီးကို လက်ထပ်ဖို့အကြောင်း တောင်းပန်ပြီး၊ မင်္ဂလာပွဲမှအပ နောက်ကာလမှာ သူတို့ဘက်က ပေးကမ်းချီးမြှောက်မှုတွေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ မရွယ်ဘဲ စော်ကဲမင်းဖြစ်ချိန်တန်တဲ့ Chandrappa အမည်ရအမျိုးသားကလည်း သတို့သမီးဘက်က သိက္ခာကို ငဲ့ညှာပြီး၊ လက်ထပ်ဖို့ သဘောတူခဲ့ပါတယ်။

No description available.

သူတို့တစ်တွေဟာ ငယ်ချစ်တွေ မဟုတ်ကြသော်လည်း၊ ရေရှည်မှာ နှစ်ဦးသား ပျော်ရွှင်ဖွယ်အနာဂတ်ကို တည်ထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါသတဲ့။ Naveen ရဲ့မိဘတွေဘက်ကတော့ ထူးခြားတဲ့တုန့်ပြန်ဖြေရှင်းမှုတွေ မရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူမှုကွန်ရက်ပေါ်မှာတော့ သတို့သားသတို့သမီး မောင်နှံအသစ်စက်စက်ကို ပျော်ရွှင်စေဖို့ ဆုတောင်းနေကြပါတယ်။


Source: Shwetoday
Myanmar Wedding Guide

Read times Last modified on Thursday, 14 January 2021 10:11
Rate this item
(0 votes)