မင်္ဂလာပွဲအတွက် အချိုပွဲ စရိတ်သက်သာအောင်

မင်္ဂလာပွဲအတွက် အချိုပွဲ စရိတ်သက်သာအောင် google

မင်္ဂလာပွဲတွေမှာ အချိုပွဲကတော့ မပါမဖြစ် ထည့်သွင်းရမယ့် အရာတစ်ခုပါပဲ။ မင်္ဂလာပွဲရဲ့ အချိုပွဲလေးမှာ ငွေကြေးအကုန်အကျ နည်းအောင် ပြုလုပ်ချင်တဲ့အချိန်၊ ဘယ်လိုနည်းတွေကို အသုံးပြုလို့ ရမလဲဆိုတာကို  ပြောပြပေးချင်ပါတယ်။

 

ရိုးရိုးရှင်းရှင်းလေးသာ ခင်းကျင်းလိုက်ပါ

 

မုန့်တွေကို ရိုးရိုးလေးသာ ခင်းကျင်းထားပါ။ အရေအတွက်အမျာကြီးမလိုဘဲ ကြည့်ကောင်းအောင် ဖြန့်ထားပါ။ မုန့်တွေကို ထပ်ထားတာက အများကြီးလိုမှာပါ။ အာ့တာကြောင့် နည်းနည်းလေးကို ဖြန့်ထားလိုက်တာက များသယောင်ကြည့်လို့ ကောင်းမှာပါ။

 

 

Cupcake ကို သုံးပါ


Cupcake ဆိုတာက သေးသေးလေးနဲ့ ချစ်စရာကောင်းလှပါတယ်။ တခြားအချိုပွဲအတွက် မုန့်တွေထက် အကုန်အကျသက်သာမှာ သေချာပါတယ်။ ကိုယ်တိုင်ပြုလုပ်မယ်ဆိုရင်လည်း ပြုလုပ်ရ လွယ်ကူတဲ့ကိတ်မုန့် ပုံစံမျိုး ဖြစ်ပါတယ်။

 

 

ကိုယ်တိုင်လုပ် ကျောက်ကျော ပြုလုပ်ပါ


ကျောက်ကျောဆိုတာက ပြုလုပ်ရလွယ်ကူတဲ့အရာပါ။ သီးစုံကျောက်ကျော၊ အုန်းနို့ကျောက်ကျောနဲ့ တခြားကျောက်ကျောမျိုးစုံကိုလည်း အရောင်စုံလေး ပြုလုပ်လိုက်ရင် အရောင်တွေစုံစုံလင်လင်နဲ့ အချိုပွဲအတွက် ပြည့်စုံသွားမှာပါ။

 

 

အတုံးသေးသေးလေးတွေ တုံးပါ


အချိုပွဲမှာ ထားပေးမယ့် မုန့်တွေကို အတုံးသေးသေးပဲ ပြုလုပ်ပါ။ ကိတ်မုန့်ဖြစ်ဖြစ်၊ ကျောက်ကျောတွေဖြစ်ဖြစ် အတုံးကို သေးသေးပဲ တုံးပါ။ တချို့လူတွေအတွက်က မုန့်ကို စားလည်း စားချင်၊ အတုံးက ကြီးတဲ့အတွက် ကုန်အောင်လည်း မစားနိုင်ဖြစ်ပြီး မုန့်တွေ အလကား ဖြစ်ကုန်တတ်လို့ပါ။ ရိုးရှင်းလှတဲ့နည်းတွေဆိုပေမယ့် တကယ်ကို အသုံးဝင်မှာမို့ စမ်းသပ်ကြည့်ဖို့ ပြောပြပေးလိုက်ရပါတယ်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under