ကိုယ့်ချစ်သူကောင်မလေးစိတ်ဓာတ်ကျနေရင်ဘယ်လိုအားပေးမလဲ?

ကိုယ့်ချစ်သူကောင်မလေးစိတ်ဓာတ်ကျနေရင်ဘယ်လိုအားပေးမလဲ? google

ကိုယ့်ချစ်သူကောင်မလေးက စိတ်ဓာတ်ကျနေတဲ့အခါ ကောင်လေးက ဘယ်လို အားပေးရမှန်းမသိဖြစ်တတ်ကြပါတယ်။

အောက်ပါအချက်လေးများက ကိုယ့်ချစ်သူကောင်မလေး စိတ်ဓာတ်မကျအောင် ပြုလုပ်နိုင်မယ့် အချက်ကလေးပဲဖြစ်ပါတယ်။

 

ကိုယ့်ချစ်သူလေးကို စိတ်ချမ်းသာအောင် ပြုလုပ်ပေးခြင်း

 

တချို့ကတော့ ဒါကို အသေးအဖွဲလို့ ထင်ရပေလိမ့်မယ်။

 

ကိုယ့်ချစ်သူကောင်မလေးကို စိတ်ချမ်းသာအောင်ပြုလုပ်ပေးလိုက်တာက သူ့အပေါ် ဘယ်လောက် သံယောဇဉ်ရှိသလိုဆိုတာ သက်သေပြခြင်းပဲဖြစ်ပါတယ်။

 

ကိုယ့်ချစ်သူလေးကို အမြဲ သတင်းမေးမြန်းခြင်း

 

ကိုယ့်ကောင်မလေး မပျော်မရွှင်ဖြစ်နေတာ သူစိတ်ဖိစီးမှုများနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

 

အဲဒီလိုအချိန်မျိုးမှာဆိုရင် သူစိတ်ဖိစီးမှုလျော့ကျသွားအောင် ဖုန်းတာမျိုး၊ စာတိုပို့တာမျိုးများ ပြုလုပ်ပေးသင့်ပါတယ်။

 

ဘာဖြစ်လို့လဲဆိုတော့ သူက သင်စာတိုပို့တာ သူ့ဆီရောက်လာတဲ့အခါ သူစိတ်ပျော်ရွှင်လာစေမှာဖြစ်ပါတယ်။

 

ကိုယ့်ချစ်သူကောင်မလေးကို အချိန်ပေးခြင်း

 

စနေ၊ တနင်္ဂနွေ တစ်ရက် ရက်လောက်တော့ ကိုယ့်ချစ်သူစိတ်ပျော်ရွှင်လာအောင် အချိန်ပေးသင့်ပါတယ်။

 

ကိုယ့်ချစ်သူနဲ့နှစ်ဦးသား အတူတူ ဘုရားသွားတာမျိုး၊ စားသောက်ဆိုင်သွားတာမျိုး၊ ပန်းဥယျာဉ်သွားတာမျိုးတို့ကလည်း

 

ကိုယ့်ချစ်သူစိတ်ကို ပျော်ရွှင်လာအောင် ပြုလုပ်နိုင်ပါတယ်။

 

Myanmar Wedding Guide

 

3

Read times
Rate this item
(1 Vote)
Tagged under