တရုတ်ပြည်မှ လိင်တူ မင်္ဂလာဆောင် အင်တာနက်မှာ ပွဲဆူ

တရုတ်ပြည်မှ လိင်တူ မင်္ဂလာဆောင် အင်တာနက်မှာ ပွဲဆူ

တရုတ်ပြည်မှ ထိပ်တန်း အကမယ်နဲ့ ကကွက်များဖန်တီးမှု အတတ်ပညာရှင် Yang Liping ရဲ့ တပည့်မ အကမယ်တစ်ဦးဖြစ်သူ Shui Yue က သက်တူရွယ်တူ အမျိုးသမီးတစ်ဦးဖြစ်သူ Pu Yurong နဲ့ ဇန်နဝါ၇◌ီလမှာ လက်ထပ်ခဲ့ကြပြီး လက်ထပ်ပွဲ ဓာတ်ပုံတွေနဲ့ ဗီဒီယိုမှတ်တမ်းတို့ တရုတ်ပြည်ရဲ့ ဝဘ်ဆိုက် Weibo ပေါ်ကို ဇွန်လ ၁ ရက်မှာ ပေါက်ကြားပြီး ရောက်ရှိသွားခဲ့တယ်။

 

လိင်တူ မင်္ဂလာဆောင် ဖြစ်တာမို့ ကန့်ကွက် ဝေဖန်သူတွေ ရှိသလို ထောက်ခံဆွေးနွေးသူတွေလည်း ရှိပြီး ပွဲဆူသွားခဲ့ပါတယ်။Shui Yue က အကျိုးအကြောင်း ရှင်းပြရေးသားခဲ့ရာမှာ "ကျမတို့ စစတွေ့ခဲ့ကြပြီးတဲ့နောက် ရက်ပေါင်း ၇၇၁ ရက် ရှိချိန်မှာ လက်ထပ်လိုက်ကြတာပါ" လို့ ရေးသားထားပါတယ်။

 

 

အချိန်ကာလကို တွက်ကြည့်ရင် ၂ နှစ်သာသာ ရှိပြီ ဖြစ်ပြီး Shui Yue က ရက်အတိအကျဖြင့် တွက်ချက် မှတ်သားထားတာဟာ လေးနက်တဲ့အချစ်ကို ထင်ဟပ်နေပါတယ်။ ချစ်သူတွေအကြား သက်တမ်းကို ရက်နဲ့ အတိအကျ မှတ်သားတဲ့သူတွေက အရှားစားတွေပါ။


အဲလို ရေးတင်တဲ့ ပို့စ်မှာ "ကျမတို့ ကံကောင်းတယ်။ ကျမတို့ အဆုံးတိုင် သတ္တိမွေးထားမယ်။ ပျော်ရွှင်ချမ်းမြေ့ကြမယ်"လို့ ရေးသားထားပြီး လက်တွဲဖော်က "အရာရာတိုင်းဟာ အချစ်ပါပဲ" လို့ မန့်ထားပါတယ်။

 

<<< Zawgyi >>>

 

တ႐ုတ္ျပည္မွ လိင္တူ မဂၤလာေဆာင္ အင္တာနက္မွာ ပြဲဆူ

---------------------------------------------------------------------

 

တ႐ုတ္ျပည္မွ ထိပ္တန္း အကမယ္နဲ႔ ကကြက္မ်ားဖန္တီးမႈ အတတ္ပညာရွင္ Yang Liping ရဲ႕ တပည့္မ အကမယ္တစ္ဦးျဖစ္သူ Shui Yue က သက္တူ႐ြယ္တူ အမ်ိဳးသမီးတစ္ဦးျဖစ္သူ Pu Yurong နဲ႔ ဇန္နဝါ၇◌ီလမွာ လက္ထပ္ခဲ့ၾကၿပီး လက္ထပ္ပြဲ ဓာတ္ပုံေတြနဲ႔ ဗီဒီယိုမွတ္တမ္းတို႔ တ႐ုတ္ျပည္ရဲ႕ ဝဘ္ဆိုက္ Weibo ေပၚကို ဇြန္လ ၁ ရက္မွာ ေပါက္ၾကားၿပီး ေရာက္ရွိသြားခဲ့တယ္။

 

လိင္တူ မဂၤလာေဆာင္ ျဖစ္တာမို႔ ကန႔္ကြက္ ေဝဖန္သူေတြ ရွိသလို ေထာက္ခံေဆြးေႏြးသူေတြလည္း ရွိၿပီး ပြဲဆူသြားခဲ့ပါတယ္။Shui Yue က အက်ိဳးအေၾကာင္း ရွင္းျပေရးသားခဲ့ရာမွာ "က်မတို႔ စစေတြ႕ခဲ့ၾကၿပီးတဲ့ေနာက္ ရက္ေပါင္း ၇၇၁ ရက္ ရွိခ်ိန္မွာ လက္ထပ္လိုက္ၾကတာပါ" လို႔ ေရးသားထားပါတယ္။

 

 

အခ်ိန္ကာလကို တြက္ၾကည့္ရင္ ၂ ႏွစ္သာသာ ရွိၿပီ ျဖစ္ၿပီး Shui Yue က ရက္အတိအက်ျဖင့္ တြက္ခ်က္ မွတ္သားထားတာဟာ ေလးနက္တဲ့အခ်စ္ကို ထင္ဟပ္ေနပါတယ္။ ခ်စ္သူေတြအၾကား သက္တမ္းကို ရက္နဲ႔ အတိအက် မွတ္သားတဲ့သူေတြက အရွားစားေတြပါ။


အဲလို ေရးတင္တဲ့ ပို႔စ္မွာ "က်မတို႔ ကံေကာင္းတယ္။ က်မတို႔ အဆုံးတိုင္ သတၱိေမြးထားမယ္။ ေပ်ာ္႐ႊင္ခ်မ္းေျမ့ၾကမယ္"လို႔ ေရးသားထားၿပီး လက္တြဲေဖာ္က "အရာရာတိုင္းဟာ အခ်စ္ပါပဲ" လို႔ မန႔္ထားပါတယ္။

 

Ref : SCMP

 

 

Read times
Rate this item
(0 votes)
Tagged under