Jennifer Lopez စေ့စပ်လက်စွပ် ၅ ကွင်းရဲ့ အချစ်ဇာတ်လမ်းများ

Jennifer Lopez စေ့စပ်လက်စွပ် ၅ ကွင်းရဲ့ အချစ်ဇာတ်လမ်းများ

JLo လို့ အတိုကောက်ဖြင့်လည်း သိကြတဲ့ Jennifer Lopez ဟာ ဟောလိဝုဒ်မှာ ကျင်လည်တဲ့ အဆိုတော် သရုပ်ဆောင်မင်းသမီး ဖြစ်ပြီး

သူမကို ပိုးပန်းကြသူတွေက စေ့စပ်လက်စွပ် ပေးတဲ့အခါ အဖိုးတန်အမျိုးမှန် စေ့စပ်လက်စွပ်ကို ပေးလေ့ရှိတယ်။ JLo ရဲ့ စေ့စပ်လက်စွပ်တစ်ခုစီမှာ အချစ်ဇာတ်လမ်း တစ်ပုဒ်စီ ရှိနေကြတယ်လို့ ဆိုနိုင်ပါတယ်။

သူမက ငါးကြိမ်တိုင်တိုင် စေ့စပ်ဖူးတယ်။ ဒီတော့ သူမမှာ စေ့စပ်လက်စွပ် ၅ ကွင်း ရှိတယ်။

အနုပညာလောကထဲကို ကချေသည်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး အကမယ် အပြင် သီချင်းဆိုတဲ့ အဆိုတော် ဖြစ်လာခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်မင်းသမီး ဖြစ်လာတယ်။ နောက်တော့ ရုပ်ရှင်ထုတ်လုပ်သူအဖြစ်ပါ လုပ်ကိုင်ခဲ့တယ်။

 

J-Lo-engagement-ring-1-e1563648081586.jpeg

 

Ojani Noa
JLo က ၁၉၉၇ ခုနှစ်မှာ Ojani Noa နဲ့ လက်ထပ်ထိမ်းမြားခဲ့တယ်။ အဲဒီအချိန်မှာ Ojani Noa က စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။ သူက JLo ကို အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်တဲ့ ပုလဲပုံသဏ္ဍာန်ရှိ စိန်လက်စွပ်ကို စေ့စပ်လက်စွပ်အဖြစ် ပေးခဲ့ပါတယ်။ အိမ်ထောင်ရေးက တစ်နှစ်သာသာပဲ ခံတယ်။ လင်မယားကွဲပြီးတဲ့နောက် စေ့စပ်လက်စွပ်က JLo ဆီမှာ ကျန်ခဲ့ပါတယ်။

 

J-Lo-engagement-ring-2-e1563648211500.png

 

Cris Judd
JLo ဒုတိယမြောက် အိမ်ထောင်ပြုခဲ့တာ Cris Judd နဲ့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် အချစ်က ဘာတစ်ခုမှ မကုန်ဘူး “love don’t cost a thing” ဆိုတဲ့ သီချင်းဗီဒီယိုကား ရိုက်ကူးကြစဉ် ဆုံဆည်းခဲ့ကြတယ်။ ၂၀၀၁ ခုနှစ်မှာ ဖြစ်ပါတယ်။ နောက်ခံ အကမယ်အဖြစ် JLo က ပါဝင်ကပြတယ်။ ဈေးနှုန်ူး အတိအကျ မသိရပေမဲ့ ဂဏန်း ၆ လုံး တန်တယ်လို့ ခန့်မှန်းထားကြတဲ့ မြလက်စွပ်ကို စေ့စပ်လက်စွပ်အဖြစ် Cris Judd က ပေးအပ်ပြီး JLo ကို ကမ်းလှမ်းခဲ့ပါတယ်။ JLo က ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီ အိမ်ထောင်ရေးကလည်း တစ်နှစ်သာသာပဲ ခံပါတယ်။

 

 J-Lo-engagement-ring-3-e1563648685189.jpg

 

Ben Affleck
၂၀၀၂ ခုနှစ်မှာ Ben Affleck နဲ့ တွဲသွားတွဲလာ လုပ်ခဲ့တယ်။ စိန်လက်စွပ်ဖြင့် Ben Affleck က စေ့စပ်ကြောင်းလမ်းဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီတုန်းက အရောင်ပါတဲ့ စိန်တွေ လူသိပ်မသုံးကြသေးပေမဲ့ Ben Affleck က ပန်းနုရောင် စိန်လက်စွပ်ကို ပေးအပ်ခဲ့တယ်။ အဲဒီအချိန်တုန်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းနဲ့ ဝယ်ယူခဲ့တယ်။ အခုအခါ အရောင်ပါတဲ့ စိန်တွေကို ပိုသုံးလာကြလို့ ဈေးက ၁၀ ဆ တက်သွားပြီလို့ ဆိုတယ်။
သူတို့က စေ့စပ်ကြောင်းလမ်းတဲ့ အဆင့်မှာပဲ ရပ်သွားတယ်။ လက်မထပ်ဖြစ်ခဲ့ပဲ ခွာပြဲသွားခဲ့ကြတယ်။ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ကြဖို့ စီစဉ်နေစဉ်မှာပဲ ကွဲသွားကြတာ ဖြစ်ပါတယ်။ အခုတလောမှာတော့ သူတို့နှစ်ဦး တွဲသွားတွဲလာ လုပ်နေကြတာကို တွေ့ကြရပြန်ပါတယ်။

Jennifer Lopez ရဲ့ ဈေး ၁၀ ဆ တက်တဲ့ စေ့စပ်လက်စွပ် အကြောင်း အသေးစိတ် ဖတ်ရှုရန်
စိန်အကြောင်း ဖတ်ရှုရန်

ဈေး ၁၀ ဆ တက်တဲ့ ဂျနီဖာ လိုပက်ရဲ့ ဒေါ်လာ ၁၂ သန်း တန် စေ့စပ်လက်စွပ်

J-Lo-engagement-ring-4-e1563648774706.png

 


Marc Anthony
JLo က Ben နဲ့ လမ်းခွဲပြီးချိန်မျာ ရည်းစားဟောင်း Marc Anthony နဲ့ ပြန်တွဲတယ်။ သိပ်မကြာလိုက်ဘူး။ သူတို့ လက်ထပ်လိုက်ကြတယ်။ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ဖို့ Marc က ကမ်းလှမ်းတော့ သူကလည်း Ben လိုပဲ လက်ဝတ်ရတနာ ဒီဇိုင်းပညာရှင် Harry Winston ထံမှ စိန်လက်စွပ် ဝယ်ယူပြီး JLo ကို စေ့စပ်လက်စွပ်အဖြစ် ပေးခဲ့တယ်။ စိန်က အလေးချိန် ၈ ဒသမ ၅ ကာရက် ရှိတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄ သန်းတန်တယ်လို့ ခန့်မှန်းကြတယ်။ သူတို့ နှစ်ဦး သဘေထားကွဲလဲမှုတွေ ဘယ်လိုမှ ညှိလို့ မရတာကြောင့် ၂၀၁၂ ခုနှစ်မှာ ကွာရှင်းပြတ်စဲလိုက်ကြတယ်။

 

J-Lo-engagement-ring-5-e1563648957827.png

 

Alex Rodriguez
JLo ရဲ့ အလတ်ဆတ်ဆုံး အချစ်ဇာတ်လမ်းက ၂၀၁၉ မှာ စတင်ပြီး ၂၀၂၁ ခုနှစ်မှာ အဆုံးသတ်ခဲ့တယ်။ Alex နဲ့ Jennifer တို့ တွဲသွားတွဲလာ လုပ်ကြတာ ၂၀၁၇ မှာ စတင်ခဲ့ကြတယ်။ Alex က ၁၅ ကာရက် စိန်လက်စွပ်ဖြင့် ကမ်းလှမ်းခဲ့တယ်။ အဲဒီမြလက်စွပ် တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ သန်းမှ ၃ သန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းတယ်။

 

 

 

 

 

 

Read times Last modified on Friday, 13 August 2021 10:14
Rate this item
(0 votes)