ဝင်ငွေအလိုက်လက်ဝတ်ရတနာများအားဝယ်ယူနိုင်ရန်ပြုလုပ်ထားသော ရွှေနန်းတော် Customer Loan ချေးငွေလျှောက်ထားရမည့်ပုံစံ

ဝင်ငွေအလိုက်လက်ဝတ်ရတနာများအားဝယ်ယူနိုင်ရန်ပြုလုပ်ထားသော ရွှေနန်းတော် Customer Loan ချေးငွေလျှောက်ထားရမည့်ပုံစံ google

ရွှေနန်းတော်စိန်ရွှေရတနာဆိုင် Customer များ၏ ဝင်ငွေအလိုက် ၄င်းတို့ဝယ်ယူလိုသောရွှေနန်းတော် စိန်ရွှေရတနာဆိုင်မှထုတ်လုပ်သည့်လက်ဝတ်ရတနာများအားဝယ်ယူနိုင်ရန်အတွက်








(၁) ဓာတ်ပုံ ၁ ပုံ၊

(၂) မှတ်ပုံတင်မိတ္တူ၊

(၃) ချေးငွေလျှောက်လွှာ၊









စတာတွေလိုအပ်ပါတယ်။

အာမခံသူအနေနဲ့

(၁) မှတ်ပုံတင်မိတ္တူ၊

(၂) ဓာတ်ပုံ ၁ ပုံ၊















 

(Unicode ဖြင့်ဖတ်ရန်)

ရွှေနန်းတော်စိန်ရွှေရတနာဆိုင် Customer များ၏ ဝင်ငွေအလိုက် ၎င်းတို့ဝယ်ယူလိုသောရွှေနန်းတော် စိန်ရွှေရတနာဆိုင်မှထုတ်လုပ်သည့်လက်ဝတ်ရတနာများအားဝယ်ယူနိုင်ရန်အတွက်

ပြုလုပ်ထားသော Customer Loan ချေးငွေလျှောက်ထားရမည့်ပုံစံကိုဖော်ပြပေးချင်ပါတယ်။ချေးငွေရယူသူအနေဖြင့် မိမိ၏လစာနှင့် ချေးငွေရယူမည့် သက်တမ်းပေါ်မူတည်၍

အနည်းဆုံးချေးငွေ မြန်မာကျပ် ၅၀၀၀၀၀သိန်းမှ အများဆုံးချေးငွေမှာ သိန်း၃၀ (ရွှေထည်)နှင့်သိန်း၇၀ (စိန်ထည်၊ကျောက်ထည်)အထိလျှောက်ထားခွင့်ရှိပါသည်။

Customer Loan ချေးငွေအတွက် သက်ရောက်အတိုးနှုန်းမှာ တစ်လလျှင် ၁.၄ ရာခိုင်နှုန်းဖြစ်ပြီးမဖြစ်မနေစုဆောင်းရသည့် စုဆောင်းငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၄ရာခိုင်နှုန်းဖြစ်ပါသည်။

လစဉ်ချေးငွေပြန်လည်ပေးဆပ်မှုကို Ruby Hill Microfinance ရုံး(သို့) AYA Bank (သို့) AYA Mobile Banking (သို့) Ruby Hill Microfinance မှချိတ်ဆက်ထားသော Ongo Service တို့မှပြန်လည် ပေးချေနိုင်ပါသည်။

ချေးငွေရယူသူအနေနဲ့ Ruby Hill Microfinance မှသတ်မှတ်ထားသော စံချိန်စံညွှန်းနဲ့ကိုက်ညီသူဖြစ်ပြီး အာမခံသူအနေဖြင့်လည်း အာမခံသတ်မှတ်ချက်များကိုလိုက်နာရမည်ဖြစ်ပါသည်။

ချေးငွေပြန်လည်ပေးချေရာတွင်အခက်အခဲမရှိစေရန်ရည်ရွယ်ပြီး Customer Loan ချေးယူထားသူသည် အခြားသော ချေးငွေတစ်ခုထက်ပို၍ချေးယူထားခြင်းမရှိစေရပါ။

လျှောက်ထားသူအနေနဲ့လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

(၁) ဓာတ်ပုံ ၁ ပုံ၊

(၂) မှတ်ပုံတင်မိတ္တူ၊

(၃) ချေးငွေလျှောက်လွှာ၊

(၄) အိမ်ထောင်စုစာရင်းမိတ္တူ၊

(၅) ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာမူရင်း(၁လအတွင်း)၊

(၆) အလုပ်ထောက်ခံစာမူရင်း၊

(၇) ပိုင်ဆိုင်မှုအထောက်အထားမိတ္တူ(ရှိခဲ့လျှင်)၊

(၈) အသင်းအဖွဲ့ကတ်မိတ္တူ၊

(၉) ဝန်ထမ်းမဟုတ်ပါကဝင်ငွေရရှိကြောင်းအထောက်အထား၊

(၁၀) အာမခံမိတ္တူ(ရှိခဲ့လျှင်)၊

(၁၁) ဘဏ်အကြွေးကတ်(သို့)ငွေစုကတ်(ရှိခဲ့လျှင်)

စတာတွေလိုအပ်ပါတယ်။

အာမခံသူအနေနဲ့

(၁) မှတ်ပုံတင်မိတ္တူ၊

(၂) ဓာတ်ပုံ ၁ ပုံ၊

(၃) ဝင်ငွေရရှိကြောင်း အထောက်အထား

(၄) အာမခံသူလျှောက်လွှာ(အပြည့်အစုံဖြည့်စွက်ရပါမည်)

(၅) အာမခံသဘောတူညီမှုစာချူပ်

စတာတွေလိုအပ်မှာပဲဖြစ်ပါတယ်။ပြည့်စုံစွာ ဖြည့်စွက်ထားပြီးသော ချေးငွေလျှောက်လွှာပုံစံအား RHM ရုံး(သို့)ရွှေနန်းတော်စိန်ရွှေရတနာဆိုင်များသို့ လာရောက်ပေးပို့ရပါမည်။

RHM မှချေးငွေ ရရှိ/မရှိ ကို ချေးငွေလျှောက်ထားသူ (သို့) ရွှေနန်းတော်စိန်ရွှေရတနာဆိုင်များသို့(၄၈) နာရီအတွင်းအကြောင်းကြားမည်ဖြစ်ပါသည်။

ချေးငွေရရှိကြောင်းသိရှိပါက ရွှေနန်းတော်စိန်ရွှေရတနာဆိုင်များတွင် ချေးငွေလျှောက်လွှာနှင့်အတူအာမခံနှင့်ပတ်သက်သော စာရွက်စာတမ်းများအားထုတ်ယူရမှာပဲဖြစ်ပါတယ်။

ချေးငွေသက်တမ်းပေါ်မူတည်ကာလျှောက်ထားနိုင်သောချေးငွေပမာဏကလည်းပြောင်းလဲသွားမှာဖြစ်ပါတယ်။

ချေးငွေသက်တမ်း(၁၂)လဆို ဝင်ငွေ၏၂ဆ၊ ချေးငွေသက်တမ်း(၁၅)လဆို ဝင်ငွေ၏၂.၅ ဆ၊ ချေးငွေသက်တမ်း(၁၈)လဆို ဝင်ငွေ၏၂.၉ ဆ နှင့် ချေးငွေသက်တမ်း(၂၄)လဆို ဝင်ငွေ၏၃.၆ဆ ချေးငွေရယူနိုင်မှာဖြစ်ပါတယ်။

အသေးစိပ်ထပ်မံသိရှိလိုပါက

Ruby Hill Microfinance (RHM)

အမှတ်(၁၁၇)၊ဝါးတန်းလမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်။

Phone:012317280,09768887281,09952277281.

ရွှေနန်းတော် စိန်ရွှေရတနာဆိုင်

https://www.weddingguide.com.mm/wedding-service/yangon-region/latha/27-gold-shops-goldsmiths/L37205_000000000_shwe-nan-taw-golden-palace

 

Myanmar Wedding Guide

 

jjjj

 

Read times
Rate this item
(0 votes)
Tagged under