ခရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ကျဆင်းလာနေတဲ့ ကမ္ဘာ့ရွှေဈေး

ခရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ကျဆင်းလာနေတဲ့ ကမ္ဘာ့ရွှေဈေး google









 

(Unicode ဖြင့်ဖတ်ရန်)

ဒီနေ့ဇန်နဝါရီလ၂၂ရက်နေ့အတွက်ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကိုဖော်ပြပေးပါ့မယ်။

ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1552.90 ဒေါ်လာပေါက်ဈေးရှိပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်ရင်တော့ 5 ဒေါ်လာကျသွားပြီး ရာခိုင်နှုန်းအားဖြင့် 0.32%ကျသွားတာပဲဖြစ်ပါတယ်။

မနေ့ကဇန်နဝါရီလ၂၁ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်ထရမ်အောင်စကိုအမေရိကန်ဒေါ်လာ1546.20ဒေါ်လာထိကျဆင်းခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာလည်းကမ္ဘာ့ရွှေဈေးဟာတဖြည်းဖြည်းပြန်လည်နိမ့်ကျနေပါတယ်။အကြောင်းရင်းကတော့ တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ခရိုနာဗိုင်းရပ်စ်ကလူလူချင်းကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီးတော့

ဒီရောဂါပိုးဟာ ကမ္ဘာအနှံ့ကိုပျံ့နှံ့လာလျှင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေနိုင်တယ်လို့ ရင်းနှီးမြုပ်နှံသူတွေသုံးသပ်နေကြတာကြောင့် ကမ္ဘာ့ရွှေဈေးဟာအကျဖက်ကိုဦးတည်နေတာပဲဖြစ်ပါတယ်။

မနက်၈နာရီခွဲအချိန်မှာရရှိတဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းကတော့အခေါက်ရွှေတစ်ကျပ်သားကို1216500ကျပ်ပေါက်ဈေးရှိနေပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 200ကျပ်ကျဆင်းသွားခဲ့ပြီးရာခိုင်နှုန်းအားဖြင့် 0.02% ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under