Michelle Obama ရဲ့ Vote ဖက်ရှင် ရွှေဆွဲကြိုး

Michelle Obama ရဲ့   Vote ဖက်ရှင် ရွှေဆွဲကြိုး Google

ဖက်ရှင်ဒီဇိုင်နာတွေက ရွေးကောက်ပွဲနီးလာချိန်မှာ 'VOTE' ဟူသောစကားလုံးကို အဝတ်အထည်များနှင့် အခြားဖက်ရှင်စ္စည်းများပေါ်မှာ ဖော်ပြပေးပြီး Vote ဖက်ရှင်ကို ဖန်တီးကြတယ်။

 

လက်ဝတ်ရတနာ ဒီဇိုင်းသမားတွေလည်း Vote ဖက်ရှင် "Vote" စာလုံးကို ဗဟိုပြုထားတဲ့ ဖက်ရှင်တွေထဲမှာ ရေပန်းအစားဆုံးတစ်ခုကတော့ အိုဘားမားရဲ့ ဇနီး Michelle Obama ဝတ်ဆင်ခဲ့တဲ့ "Vote" လည်ဆွဲ ဖြစ်ပါတယ်။ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၂၉၅ ဖြစ်ပါတယ်။ ဒီဇိုင်နာက Chari Cuthbert ဖြစ်ပါတယ်။ ByChari ဆိုတဲ့ brand အတွက် ဖန်တီးပေးခဲ့တဲ့ လည်ဆွဲဖြစ်ပါတယ်။


V-O-T-E ဆိုတဲ့ စာလုံးလေးတွေ ချိတ်ထားတဲ့ သေးသွယ်သွယ် ဆွဲကြိုး ဝတ်ဆင်ပြီး Democratic National Convention မှာ မိန့်ခွန်းပြေကြားလိုက်ပြီးတဲ့နောက်မှာ ဆွဲကြိုးကို သဘောကျကြလို့ အလုအယက် ဝယ်ကုန်ကြတဲ့အထိ ရေပန်းစားသွားပါတယ်။ မိန့်ခွန်းကို ရုပ်မြင်သံကားမှာ ပြသပြီးတဲ့နောက် ၁၂ နာရီအတွင်းမှာ မှာကြားဝယ်ယူမှု ခုရေ ၂၀၀၀ ကျော်ကို ရရှိခဲ့တယ်လို့ Cuthbert က ပြောပါတယ်။


အဲဒီ V-O-T-E ရွှေဆွဲကြိုးကို စက်ဖြင့် ထုတ်လုပ်ခြင်း မဟုတ်ဘဲ လက်ဖြင့်သာ လုပ်ကိုင်ပေးတာမို့ ဆွဲကြိုးတစ်ခု ပြီးဖို့ သုံးလေးပတ် ကြာတတ်ပါတယ်။ အဲဒါကြောင့် အမှာစာတွေကို ဖြည့်ဆည်းပေးဖို့ လူအင်အား ထပ်တိုးပြီး ထုတ်လုပ်ပေးခဲ့ရပါတယ်။

 

 

By Gold & Jewellery Buying Guide

Source: CNN

Read times
Rate this item
(0 votes)