မင်္ဂလာညစာစားပွဲကျင်းပခဲ့တဲ့ မောင်ဝင်းမြတ်နှင့် အဆိုတော်ဆန်းသစ်လ

မင်္ဂလာညစာစားပွဲကျင်းပခဲ့တဲ့ မောင်ဝင်းမြတ်နှင့် အဆိုတော်ဆန်းသစ်လ Marry

အဆိုတော်ဆန်းသစ်လဟာ သရုပ်ဆောင်ဝါးခယ်မရဲမောင်၏မြေး၊ အဆိုတော်မေရွက်ဝါ၏ သမီးဖြစ်ပါသည်။

မောင်ဝင်းမြတ်နှင့် အဆိုတော်ဆန်းသစ်လတို့၏ မင်္ဂလာညစာစားပွဲလေးကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်ဝင်းအတွင်းရှိ Western Park Ruby မြက်ခင်းပြင်မှာ မတ်လ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးက မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ် စကားဝါလမ်းရှိ မင်းကွန်းတိပိဋကကျောင်းတိုက်တွင် မင်္ဂလာဦးဆွမ်းကျွေးပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်ဝင်းမြတ်နှင့် ဆန်းသစ်လတို့သည် ချစ်သူသက်တမ်း (၃) နှစ်နီးပါးတွင် မင်္ဂလာပွဲဆင်နွှဲခဲ့ကြောင်း သိရသည်။

သူတို့နှစ်ဦးက Pre Wedding ရိုက်ကူးတဲ့အခါမှာလည်း သူမတူအောင်ဆန်းပြားလှပစွာ ရိုက်ကူးခဲ့ကြတာပဲဖြစ်ပါတယ်။

STL wedding

သူတို့နှစ်ဦးမင်္ဂလာပွဲတွင် လျှောက်လှမ်းလာချိန်တွင် သတို့သမီး၏မောင်ဖြစ်သူ နေညီလက မင်္ဂလာတေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုပေးခဲ့သည်။

ထို့နောက် အောင်မင်္ဂလာစံပယ်ပန်းကုန်းကို အဆိုတော်ဇော်ဝင်းထွဋ်နှင့်ဇနီးကလည်းကောင်း၊ မင်္ဂလာလက်စွပ်ကို ဦးထွန်းလွင်နှင့်ဇနီးတို့ကလည်းကောင်း ဆင်မြန်းပေးခဲ့သည်။

ထို့ပြင်တက်ရောက်လာခဲ့ကြသော အနုပညာရှင်များကလည်း မင်္ဂလာဂုဏ်ပြုတေးသီးချင်းများဖြင့် သီဆိုခဲ့ကြသလို မိခင်ဖြစ်သူမေရွက်ဝါနှင့် အဆိုတော်စိုးပိုင်တို့ကလည်း သီချင်းများဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။

Additional Info

  • ordering: 0
Read times Last modified on Wednesday, 06 March 2019 11:14
Rate this item
(1 Vote)
Tagged under