မင်္ဂလာသတို့သမီးလေးများအတွက် ဆောင်ရန်ရှောင်ရန်များ

မင်္ဂလာသတို့သမီးလေးများအတွက် ဆောင်ရန်ရှောင်ရန်များ

ဝါကျွတ်ရင်မင်္ဂလာဆောင်မယ့်သတို့သမီးလေးများအတွက်နော်

 

မင်္ဂလာဆောင်တော့မည့် သတို့သမီးများဟာ အသားအရည်ထိန်းသိမ်းနည်းတွေနဲ့ပြင်ဆင်စရာရှိတာတွေကို

 

အရင်ဦးဆုံး ပြုလုပ်ထားသင့်ပါတယ်။

 

ဆံကေသာလှပစေရန်အတွက် ဆံပင်ကို သံလွင်ဆီ၊ အုန်းဆီတို့နဲ့ လိမ်းပေးသင့်ပါတယ်။

 

ဒါပေမဲ့မင်္ဂလာပွဲနေ့ မတိုင်ခင်တစ်ရက်အလိုတွင်တော့ ခေါင်းလျှော်သင့်ပါတယ်။

 

d2

 

ဆီတွေလိမ်းထားရင်ထုံးဖွဲ့ရာမှာအခက်အခဲရှိနိုင်တာကြောင့်ခေါင်းကိုပုံမှန်လျှော်နေကြခေါင်းလျှော်ရည်နဲ့

 

လျှော်ထားပီးဆံပင်အတွက်အကျိုးပြုစေမည့်ဘာဆီမှမလိမ်းထားတာအကောင်းဆုံးပါပဲ။

 

ဒါမှမိမိကြိုက်နှစ်သက်တဲ့ဆံထုံးကိုထုံးဖွဲ့ရန်လွယ်ကူမှာပဲဖြစ်ပါတယ်။

 

မင်္ဂလာပွဲအတွက် ဆံပင်ဒီဇိုင်းကိုကြည့်ပြီးမှ မည်သည့် fancy ပစ္စည်းများနှင့် လိုက်ဖက်သည်ကို သိထားသင့်ပါတယ်။

 

<<< ဆံပင်ညှပ်ဆိုင်များကိုရှာရန် နှိပ်ပါ။ >>>

 

သတို့သမီးများ လက်ကလေးများလှပစေရန်အတွက် ပွဲမတိုင်ခင်တစ်ရက်တွင် လက်ကိုသန့်စင်ခြင်းနှင့်

 

ဝတ်စုံနှင့်လိုက်ဖက်သည့် လက်သည်းဒီဇိုင်းပုံဖော်ခြင်းတို့ကို ပြုလုပ်ထားသင့်ပါတယ်။

 

d5 Copy

 

သတို့သမီးများ အသားအရည်လှပစေရန်အတွက် အရေဓာတ်ပါပြီး ဗီတာဗင်စီ ပါဝင်သည့်

 

သစ်သီးတို့ကို စားပေးသင့်ပါတယ်။ အလှပြင်ဆိုင်သို့ တစ်လတစ်ကြိမ် သွားပြီး မျက်နှာကို ပေါင်းတင်သင့်ပါတယ်။

 

ပွဲမတိုင်ခင် တစ်ပတ်အလိုလောက်ကတည်းကလည်း မျက်နှာကို ပေါင်းတင်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။

 

ပွဲမတိုင်ခင်တစ်ရက်အလို မနက်နှင့် ညတွင်လည်း အလှအရေလှပစေမည့် ကရင်မ်များ လိမ်းသင့်ပါတယ်။

 

မိမိအသားရေကဆရာဝန်နဲကုသမှုခံယူနေတဲ့skinဖြစ်ပါကမိမိနဲမတည့်တဲ့ skincare product ကိုကြိုတင်ပြီး

 

မိတ်ကပ် Artist ကိုပြောပြသင့်ပါတယ်။

 

d3

 

မင်္ဂလာပွဲနေ့မတိုင်ခင် ဖိနပ်ကို ကြိုတင်အစီးလေ့ကျင့်ထားသင့်ပါတယ်။ 

 

ဒေါက်ဖိနပ်က မြင့်နေခြင်း၊ ကျိုးခြင်း၊ ပျက်စီးခြင်း၊ ဖိနပ်ပေါက်ခြင်းတို့ ဖြစ်ပေါ်တတ်သောကြောင့် ဖြစ်ပါတယ်။

 

ချစ်ရတဲ့ customers သတိုးသမီးလေးတွေကို အသိပညာရစေဖို့လက်လှမ်းမှီသလောက်အကြံပေးလိုက်တယ်နော်။

 

MUA- Calvin Wai Yan (09450059040,09450808800)

 

Myanmar Wedding Guide

 

jjjj

 

Additional Info

  • ordering: 0
Read times Last modified on Monday, 16 September 2019 15:30
Rate this item
(0 votes)
Tagged under