Melia Wedding Fair 2016

Melia Wedding Fair 2016

မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံး Wedding Fair ကြီးကို

စိန်နန်းတော်စိန်ရွှေနာဆိုင်နဲ့ Melia Yangon Hotel တို့မှ ပူးပေါင်းပြီး အောက်တိုဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ မနက် ၁၀ နာရီမှ ည ၇ နာရီအထိ ကမ္ဘာအေးဘုရားလမ်းရှိ Melia Yangon Hotel (Grand Ballroom) တွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည့်အတွက် ဒီဝါကျွတ်မှာ မင်္ဂလာဆောင်ကြမယ့် မောင်နှံများ အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါတယ်။

စိန်နန်းတော်စိန်ရွှေရတနာဆိုင်မှ စိန်စုံတွဲလက်စွပ် ဒီဇိုင်းသစ် ၃၀၀ ကျော်နှင့် ပွဲတက်လက်ဝတ်ရတနာများကို ၁၅% အထူး discount ဖြင့် ရောင်းချပေးသွားမှာဖြစ်ပြီး နာမည်ကြီး Wedding Studio များမှလည်း Pre-wedding packages များ၊ မင်္ဂလာဝတ်စုံနှင့် ခန်းဝင်ပစ္စည်းများကို ၅% မှ ၃၀% အထိ Discount ပေးသွားပါမည်။ Melia Yangon Hotel မှလည်း ပွဲနေ့တွင် Venu Booking လုပ်လိုသော မင်္ဂလာမောင်နှံများကိုလည်း အထူး special wedding packages များကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဧရာဝတီဘဏ်မှ Platinum Sponsor, My Princess Clinic, Khin San Win (Bridal Makeup & Dress), Pyi Soe Aung (Exclusive Bridal Creations) မှ Silver Sponsor, MRTV-4 (Free to Air) မှ Floral Sponsor နှင့် Signature Wedding & Events Planning မှ Stage Design တို့ကို ကမကထပြုလုပ်ပေးမှာဖြစ်ပါတယ်။

စိန်နန်းတော် ဖက်ရှင်ပြပွဲတွင် ၀တ်စုံ sponsor ပေးမည့်သူများကတော့ ဒီဇိုင်နာ ကောင်းမြတ်နှင့် ဒီဇိုင်နာ မင်းသက်စံ (Sweet & Smart Collection) တို့မှ ၀တ်စုံဒီဇိုင်းကို ချုပ်လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ မိတ်ကပ်ပြင်ဆင်ပေးမည့်သူကတော့ မေဦး (Makeup Artist) နှင့် လင်းလင်း (Makeup Artist) တို့မှပဲဖြစ်ပါတယ်။

ပြပွဲတွင် ပြသမည့် Yes I Do Wedding Dress & Photo Studio, Peter – The Bridal Garden, Love Invitation Card & Wedding Studio, His & Hers Bridal Boutique, Celebrity Bridal Boutique & Wedding Planner, L’Occitane, Scene Luxury Furniture Center, Solo Adventisso Travel & Tours, Y Collection Invitations & Favors, SP Bakery, Ma Myint Zu (Zu Zu Collection), Vivid (Fashion), Rosanna Floral Service, Studio A တို့မှ ပြပွဲတွင် ခင်းကျင်းပြသမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:54
Rate this item
(2 votes)