ကမ္ဘာတစ်ဝှမ်းမှ ကြည့်ရူသူ သန်းချီရှိခဲ့သော တော်ဝင်လက်ထပ်ပွဲ

ကမ္ဘာတစ်ဝှမ်းမှ ကြည့်ရူသူ သန်းချီရှိခဲ့သော တော်ဝင်လက်ထပ်ပွဲ google.com

အသက် ၃၃ နှစ်ရှိ ဗြိတိန်မင်းသားဟယ်ရီနှင့် အသက် ၃၆ နှစ်ရှိ အမေရိကန်သရုပ်ဆောင် မီဂန်မာကယ်တို့ ကြင်နာသူနှစ်ဦးတို့သည် လက်ထပ်ပွဲကျင်းပရန်

 

ဝင်ဆာရဲတိုက်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းတို့၏လက်ထပ်ပွဲကို နိုင်ငံတကာမှ လူပေါင်းသန်းချီစောင့်မျှော်ကြည့်ရူလျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် မေ ၁၉ ရက်က ဖော်ပြခဲ့ပါတယ်။

royal wedding 1

 

ဗြိတိန်ဘုရင်မကြီး၏ မြေးတော် မင်းသားဟယ်ရီ နှင့် အမေရိကန် ရုပ်သံမင်းသမီး မီဂန်မာကယ်တို့ ကြင်သူဇနီးမောင်နှံနှစ်ဦးသည် မြို့အနှံ့အမိုးဖွင့်ရထားလုံးဖြင့် ပျားရည်ဆမ်းခရီးမထွက်ခင် ဝင်ဆာရဲတိုက်ရှိ ၁၄ ရာစု လက်ရာများဖြင့်

 

မွမ်းမံခြယ်သထားသော စိန့်ဂျော့ခ်ျ ဘုရားကျောင်း၌ ကတိသစ္စာပြု စုလျားရစ်ပတ်လက်ထပ်ခဲ့ကြောင်း သိပါတယ်။အဆိုပါအခမ်းအနားသို့ ဘုရင်မကြီး အဲလိဇဘတ် နှင့် တော်ဝင်မိသားစုများ၊အော့ဖရာဝင်ဖရေး၊ဂျော့ခ်ျကလုန်နီ၊

 

ဒေးဗစ်ဘက်ဟမ်း တို့နှင့် အခြားဂုဏ်သရေရှိ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Royal wedding 21

 

မီဂန်မာကယ်၏ ဖခင်ဖြစ်သူသည် ကျန်းမာရေး အခြေအနေကြောင့် မင်္ဂလာပွဲသို့ မတက်ရောက်နိုင်သောကြောင့် မင်းသား၏ ဖခင် အိမ်ရှေ့စံ ဝေလမင်းသား ချားစ်က မင်္ဂလာစင်မြင့်စီသို့ မီဂန်အား ခေါ်ဆောင်လာခဲ့သည်။တော်ဝင်မင်္ဂလာပွဲကို

 

မျက်မြင်တွေ့နိုင်ရန် တစ်ကမ္ဘာလုံးက ခရီးသွားများလည်း လန်ဒန်မြို့ပြင်ရှိ သမိုင်းဝင် ဝင်ဆာရဲတိုက်သို့ ရောက်ရှိခဲ့သည်။ကိုယ်တိုင်မသွားနိုင်သည့် ကမ္ဘာတစ်ဝန်းမှ သန်းနှင့်ချီသောလူများက ရုပ်မြင်သံကြား၊အင်တာနက် အွန်လိုင်းတို့မှ

 

ကြည့်ရူခဲ့ကြောင်း သိရပါတယ်။ဗြိတိန်နိုင်ငံ၏ အရေးပါဆုံး မင်္ဂလာပွဲကို ထောင်နှင့်ချီသော လုံခြုံရေးများ ချထားခဲ့သည်။

 

Credit;မြန်မာ့အလင်း

 

Readmore;ဒိုင်ယာနာရဲ့ ခေါက်ရာတွန့်ရာ သတို့သမီး ၀တ်စုံ

Read times Last modified on Wednesday, 19 September 2018 10:37
Rate this item
(2 votes)