Oriental House

Oriental House

Oriental House Restaurant သည် ရန်ကုန်မြို့၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်တွင်

တည်ရှိပါတယ်။

ဆိုင်တွင် Dim Sum ကို မနက်ပိုင်းတွင် လာရောက်စားသုံးသူ အလွန်များလေ့ရှိသောကြောင့် အေးအေးဆေးဆေး စားသုံးချင်သူများမှာ (၁၀)နာရီနောက်ပိုင်းတွင် သွားရောက်သုံးဆောင်နိုင်ပါတယ်။ ဆိုင်ရှိ Dim Sum များကို ညနေအထိ အမျိုးအစားစုံစုံလင်လင်နှင့် ပူပူနွေးနွေးစားသုံးနိုင်ရန် အမြဲစီစဉ်ထား ကြောင်းလည်း သိရပါတယ်။

ယင်းစားသောက်ဆိုင်တွင် အစည်းအဝေးပွဲများ၊ ကုမ္ပဏီမိတ်ဆုံစားပွဲများ၊ မွေးနေ့ပွဲများနှင့် ညစာစားပွဲများကို ကျင်းပနိုင်ပါတယ်။

ယင်းစားသောက်ဆိုင်တွင် မင်္ဂလာညစာစားပွဲကျင်းပလျှင် လူဦးရေ အယောက် ၁၂၀ ထိ ဆန့်ကြောင်း သိရပါတယ်။ မင်္ဂလာညစာစားပွဲကို ည ၆ နာရီမှ ၉ နာရီအထိ ကျင်းပနိုင်ကြောင်း သိရပါတယ်။

ညစာစားပွဲတွင် Chinese Set Menus ဖြင့် ၁၀ ယောက်ဝိုင်း တစ်ဝိုင်းကို ၁၂၀,၀၀၀ ကျပ်မှ ၁၅၀,၀၀၀ ကျပ်အထိ အစားစားရှိကြောင်း သိရပါတယ်။

Oriental House ဆိုင်ကို မနက် ၆း၃၀ နာရီမှ နေ့လည် ၂ နာရီအထိ တစ်ချိန်၊ ညနေ ၅ နာရီမှ ၉ နာရီ တစ်ချိန် ဖွင့်လှစ် ထားကြောင်း သိရပါတယ်။

အမှတ် ၆၃၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

၀၉-၇၈၂၀၀၀၈၆၁၊ ၀၉-၇၈၂၀၀၀၈၆၂

Read times Last modified on Tuesday, 18 September 2018 14:45
Rate this item
(1 Vote)