သုမင်္ဂလာရာမ လယ်တီဝိပဿ နာကျောင်းတိုက်

သုမင်္ဂလာရာမ လယ်တီဝိပဿ     နာကျောင်းတိုက်

သုမင်္ဂလာရာမ လယ်တီဝိပဿနာကျောင်းတိုက်သည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊

ကျိုက္ကဆံဘုရားအရှေ့ဖက်မုဒ်အနီးတွင် တည်ရှိပါတယ်။

မင်္ဂလာအချိန်မှာ နံနက် ၉ နာရီမှ ၁၁း၃၀ နာရီအထိ တစ်ချိန်၊ နေ့လည် ၁ နာရီမှ ၃ နာရီအထိတစ်ချိန်၊ ညနေ ၄း၃၀ နာရီ မှ ၆ နာရီထိတစ်ချိန် ကျင်းပနိုင်ကြောင်း သိရပါတယ်။

သုမင်္ဂလာရာမလယ်တီဝိပဿနာကျောင်းတိုက်တွင် ခန်းမ ၂ ခန်းရှိပါတယ်။ ရွှေရတုနှင့် ငွေရတုခန်းမဟူ၍ ဖြစ်ပါတယ်။

အောက်ထပ် ရွှေရတုခန်းမတွင် မင်္ဂလာဧည့်ခံပွဲ ကျင်းပလျှင် ၃၅၀,၀၀၀ ကျပ် ကုန်ကျမည်ဖြစ်ပြီး အပေါ်ထပ် ငွေရတုခန်းမတွင် ကျင်းပလျှင် ၂၅၀,၀၀၀ ကျပ် ကုန်ကျမှာဖြစ်ပါတယ်။

အောက်ထပ် ရွှေရတုခန်းမတွင် ဧည့်သည်အယောက် ၃၅၀ ဆန့်ပြီး အပေါ်ထပ် ငွေရတုခန်းမတွင် ဧည့်သည်အယောက် ၂၈၀ ဆန့်ကြောင်း သိရပါတယ်။

အောက်ထပ်တွင် မင်္ဂလာဆောင်လျှင် အကျွေးအမွေးအတွက် ၀န်ဆောင်မှုပေးမည်ဖြစ်ပြီး၊ အပေါ်ထပ်တွင် မင်္ဂလာပွဲကျင်းပလျှင် ၀န်ဆောင်မှုအတွက် မပါကြောင်း သိရပါတယ်။

အကျွေးအမွေးအတွက် ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်း တစ်မျိုးမျိုးနှင့် ရေခဲမုန့်တို့ပါဝင်မည်ဖြစ်ကာ တစ်ယောက်ကုန်ကျစရိတ် ၂၇၀၀ ကျပ် ကုန်ကျမည်ဖြစ်ကြောင်း သိရပါတယ်။

မင်္ဂလာပွဲတွင် စာတန်းရေးထိုးပေးခြင်း၊ သီချင်းဖွင့်ပေးခြင်းအတွက် သီးခြားကုန်ကျစရာမလိုဘဲ လျှောက်လမ်းပန်းတိုင်များ ထည့်ချင်ရင်တော့ ကုန်ကျစရိတ်ကို ထပ်ဆောင်းပေးရမည်ဖြစ်ကြောင်း သိရပါတယ်။

 

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၉-၇၉၉၃၀၅၂၃၁၊ ၀၉-၇၇၂၇၆၉၄၀၆

Read times Last modified on Tuesday, 18 September 2018 14:44
Rate this item
(1 Vote)