Friday, 29 March 2019 17:46

အချစ်ရေးကိုကံမကောင်းစေတဲ့ အချက် (၅)ချက်

ဆိုရှယ်မီဒီယာက ဘယ်လောက်ပဲတိုးတက်ထွန်းကားလာနေပါစေ၊ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားနေတဲ့ရောဂါကတော့

Friday, 29 March 2019 15:10

သင်္ကြန်ကာလရောက်ပြီဆိုတော့ ဘာတွေလုပ်ကြမလဲ

ပိတ်ရက်တွေကလည်း ရောက်လာပြီ၊ ချစ်သူနဲ့တစ်ရက်လေးမှတောင်မခွဲချင်ဘူးဆိုရင်

Friday, 29 March 2019 14:52

သိပ်ချစ်ခဲ့ကြပြီးမှ ဘာလို့ပြတ်ဆဲသွားကြရတာလဲ

ကိုယ့်အသိတွေထဲမှာ ကြိတ်ပြီးအားကျရတဲ့စုံတွဲတွေရှိလား။

Friday, 29 March 2019 13:56

မင်္ဂလာပွဲစီစဉ်တဲ့အခါ

အချိန်ယူပါ

Friday, 29 March 2019 11:19

First date မှာတင် ကောင်မလေးကြွေဆင်းသွားစေဖို့

ချစ်သူတွေဖြစ်လာဖို့ဆိုတာက အချိန်တွေယူရဦးမှာမဟုတ်လား။

Thursday, 28 March 2019 17:49

ချစ်သူနှစ်ဦးကြား ပြဿနာတွေမဖြစ်ရစေအောင်

ချစ်သက်တမ်းရှည်ကြာလာတာနဲ့အမျှ ချစ်သူစုံတွဲတွေဟာ တဖြည်းဖြည်းပြောင်းလဲလာတတ်ကြပါတယ်။

Thursday, 28 March 2019 17:15

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်စေဖို့

မိန်းကလေးတိုင်း စိတ်ကူးယဉ်တတ်တဲ့ အမျိုးသားတွေရဲ့ပုံစံကို သိပါသလား။

Tuesday, 26 March 2019 16:12

အေးအတူပူအမျှ ရိုးမြေကျပေါင်းဖက်နိုင်စေဖို့

တစ်ချို့ စုံတွဲလေးတွေကြည့်လိုက်ရင် အရမ်းကြည်နူးဖို့ကောင်းပါတယ်။ သူတို့ကြားမှာ ဘာမာန၊ အတ္တမှမရှိဘူး။

Tuesday, 26 March 2019 15:36

မိန်းကလေးအများစုသဘောကျတတ်တဲ့အချက်များ

ကိုယ့်ကိုငေးကြည့်ခံရတဲ့အခါ

မိန်းကလေးတော်တော်များများမှာ ကိုယ့်ကိုငေးမောကြည့်ခံရတာကိုမကြိုက်သူ တော်တော်ရှားပါတယ်။ ဥပမာ သင်ဟာချစ်သူနဲ့ရုပ်ရှင်ကြည့်ဖို့ လှလှလေးဝတ်ပြီး မိတ်ကပ်လှလှလေးပြင်လာတယ်ဆိုပါတော့။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့လျှောက်လာတဲ့သင့်ကို ပုရိသတွေလည်ပြန်ကြည့်တာကိုသာယာနေတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာဆို ကိုယ့်ကိုယ်ကိုအလှဆုံးဆိုပြီး ဂုဏ်ယူတတ်ကြတယ်မဟုတ်လား။ ဘေးဘီဝဲယာကိုတောင် မမြင်နိုင်တော့ဘဲ သူများတွေရဲ့အာရုံစိုက်မှုမှာကြိတ်ဂုဏ်ယူတတ်ကြတယ်လေ။

 

အခြားအမျိုးသမီးတစ်ယောက်ကကိုယ့်ကိုမနာလိုတဲ့အခါ

ကိုယ့်ဘဲဘဲကို တခြားမိန်းကလေးတစ်ယောက်ကငေးကြည့်နေတာကို မိန်းကလေးတွေမကြိုက်ကြပါဘူး။ ထိုသို့သောအခါမျိုးမှာမနာလိုစိတ်နဲ့ချစ်သူကို ကိုယ်သာပိုင်သလိုလုပ်ပြလိုတဲ့စိတ်တွေဝင်လာတတ်ပါတယ်။ ဒါကြောင့် ကောင်လေးချောချော အမိုက်စားလေးတွေကိုပိုင်ဆိုင်ထားသူ မိန်းကလေးတွေအနေနဲ့ ကိုယ့်ဘဲကို လာ crush တဲ့တခြားမိန်းကလေးတွေက ကိုယ့်ကိုမနာလိုဖြစ်တဲ့အခါ ဂုဏ်ယူတတ်ကြပါတယ်။

 

ကောင်လေးတွေလာအီတဲ့အခါ

မိန်းကလေးတော်တော်များများကအီတာလောက်ကအရေးမကြီးဘူး၊ အန္တရာယ်မရှိဘူးလို့ထင်တတ်ကြပါတယ်။ ကော်ဖီဆိုင်က ကော်ဖီဖျော်တဲ့သူချောချောလေးနဲ့ မျက်လုံးချင်းဆုံမိတာ၊ ကျောင်းသွားဖော်သူငယ်ချင်းက လှတယ်လို့ချီးကျူးတာ၊ အွန်လိုင်းပေါ်ကကောင်လေးတစ်ယောက်နဲ့စကားပြောနေတာကို မသိစိတ်ကသာယာတတ်ကြပါတယ်။

 

ယောက်ျားတွေကိုယ့်ကြောင့်ရန်ဖြစ်တာ

ရုပ်ရှင်တွေထဲကလိုပေါ့။ ကိုယ့်အတွက်နဲ့ ချစ်သူကမားမားမတ်မတ်ရန်ဖြစ်ပေးတာ၊ ကိုယ့်ကိုကာကွယ်ပေးတာမျိုးကို မိန်းကလေးတွေသဘောကျကြပါတယ်။

 

ကိုယ့်အတွက်ဆိုငွေရေးကြေးရေးကိုပဓာနမထားဘဲလိုချင်တာဖြည့်ဆည်းပေးတဲ့ချစ်သူ

ဆိုလိုချင်တာကကျိကျိတက်ချမ်းသာတဲ့သူဌေးဖြစ်ဖို့၊ နောက်ဆုံးပေါ်ကားကိုသင်ပိုင်ဆိုင်ဖို့မလိုပါဘူး။ သင့်လက်ထဲမှာ၁သောင်းပဲရှိပါစေဦး။ သူမလက်ရှိလိုချင်တာလေးကိုဖြည့်ဆည်းဖို့ သင်လက်မတွန့်တတ်တာမျိုးကို မိန်းကလေးတွေအလွန်သဘောကျကြပါတယ်။ နောက်ပြီး အလုပ်ကအပြန်တကူးတကလာကြိုပေးတာမျိုး၊ ရှိတာလေးနဲ့မုန့်ဝယ်ကျွေးတာမျိုးရောပေါ့။

 

အလကားရတဲ့ပစ္စည်းတွေ

ယောက်ျား၊ မိန်းမ မရွေးအလကားရတဲ့ပစ္စည်းတွေကို မကြိုက်တတ်တဲ့သူခပ်ရှားရှားရယ်ပါ။ မိန်းကလေးတွေအနေနဲ့တော့ကိုယ့်အလှအပကြောင့်ဒစ်စကောင့်ရတာမျိုးတွေ၊ ကိုယ့်ကိုသီးသန့်အလကားပေးတဲ့ဟင်းပွဲတွေကို သဘောခွေ့တတ်ကြပါတယ်။

 

Credit  : Dr Jue

Myanmar Wedding Guide

Tuesday, 26 March 2019 15:22

ကိုယ့်အပေါ်တကယ်ချစ်မချစ်ဆန်းစစ်နိုင်တဲ့ အချက် (၈) ချက်

အချို့ကဟန်ဆောင်ကောင်းတယ်။ တကယ်မချစ်ဘဲနဲ့လည်းချစ်တယ်လို့ ပါးစပ်ကပြောထွက်ပြီးတွဲရဲကြတယ်။

Page 6 of 54