မင်္ဂလာပွဲစီစဉ်တဲ့အခါ

မင်္ဂလာပွဲစီစဉ်တဲ့အခါ google.com

အချိန်ယူပါ

မင်္ဂလာဆောင်ဖို့အတွက် ၁နှစ် လောက်အချိန်ယူအစီအစဉ်ဆွဲခဲ့ကြပြီး ဒီလိုကြိုတင်အစီအစဉ်ဆွဲတာက စိတ်ဖိစီးမှုကို အမှန်ပဲလျော့ကျသွားစေမှာပါ။ လုပ်စရာအတော်များများ စောစောစီးစီးပြီးသွားသလို တကယ်ဆန္ဒရှိတဲ့အရာတွေအတွက်လည်း အချိန်ပေးနိုင်ပါတယ်။ စုံတွဲလေးတို့အနေနဲ့ မင်္ဂလာဆောင်အတွက် တစ်ခါပဲစီစဉ်ရမှာမို့ စိတ်ဖိစီးစရာမဖြစ်စေပဲ ပျော်စရာအချိန်တစ်ခုဖြစ်ဖို့သေချာစီစဉ်စေချင်ပါတယ်။

 

အချိန်တိုင်းကို လက်မလွှတ်စေမိပါစေနဲ့

စုံတွဲလေးတို့ရဲ့မင်္ဂလာအချိန်မှာ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်ခြင်း နဲ့ ပီတိသောမနဿတွေထဲ ပျော်မွေ့လိုက်ပါ။

 

နှစ်ယောက်ထဲ သီးသန့်အချိန်ယူ၍တွေ့ဆုံပါ

မင်္ဂလာဆောင်အစီအစဉ်တွေထဲက အကောင်းဆုံးသောဆုံးဖြတ်ချက်တစ်ခုလို့ပြောနိုင်ပါတယ်။ စီစဉ်စရာတွေနဲ့ အလုပ်တွေအရမ်းများနေချိန် သီးသန့်နှစ်ယောက်ထဲတွေ့တာကလည်း ပင်ပန်းတာတွေကိုပြေပျောက်စေမှာပါ။ဘယ်လိုပဲအလုပ်တွေရှုပ်နေပါစေ၊ စုံတွဲလေးတို့အတွက် အချစ်တွေတိုးလာစေမယ့်အရာမျိုးတွေကို ရွေးချယ်လုပ်ဆောင်တာ အကောင်းဆုံးပါပဲ။

 

ပြီးပြည့်စုံနေဖို့ မလိုအပ်ပါဘူး

ဒီလိုပွဲမျိုးက မိမိကိုယ်ကို ပွဲထုတ်ရတဲ့ ပွဲမျိုးဖြစ်ပေမယ့် စုံတွဲလေးတို့အနေနဲ့ အမြဲဒီလိုဖြစ်နေရမယ်လို့ မဆိုလိုပါဘူး။ ဒါက အစပဲရှိပါသေးတယ်။ တကယ်တော့ အကောင်းဆုံးအခိုက်အတန့်တွေဆိုတာက သစ်ရွက်တွေ၊ ဖုံတွေကပ်နေတဲ့မင်္ဂလာအဝတ်အစားနဲ့ ရိုက်လိုက်မိတဲ့ဓါတ်ပုံလိုမျိုး ကိုယ်ကြိုတင်မစီစဉ်လိုက်ရတဲ့အချိန်မျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုအခိုက်အတန့်တွေကပဲရိုးရှင်းပြီး ပျော်စရာကောင်းနေတတ်တာပါ။ မမျှော်လင့်တာတွေနဲ့ တစ်ဦးအယူအဆကိုတစ်ဦးလက်ခံပြီး မင်္ဂလာအခမ်းအနားတစ်ခုလုံးရဲ့ပုံရိပ်ကို ကိုယ်မတတ်နိုင်မယ့် စံတွေနဲ့ မပျက်စီးပါစေနဲ့နော်။

 

ကြိုးစားသမျှ အရာထင်မယ်လို့ယုံကြည်ထားပါ

လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူလက်ထပ်တဲ့နေ့က သူ့အတွက်အကောင်းဆုံးနေ့ဖြစ်တယ်လို့ဆိုပါတယ်။ နေ့တိုင်းလုပ်စရာတွေနဲ့ ရှည်ကြာလှတဲ့ မင်္ဂလာဆောင်ကြိုတင်စီစဉ်မှုတွေကြားထဲမှာ ခံစားရတဲ့စိတ်ဖိစီးမှုကြောင့် အဲဒီနေ့ဘယ်တော့မှရောက်တော့မှာမဟုတ်ဘူးလို့တောင် ခံစားမိခဲ့ပါတယ်တဲ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ရောက်လာတာပါပဲ။ အချိန်ရောက်တော့ အိပ်ရာကထ၊ မင်္ဂလာခန်းမထဲ မင်္ဂလာသတို့သမီးတစ်ယောက်အနေနဲ့ ဝင်ရောက်ချိန်အထိ အကောင်းဆုံးကြိုးစားခဲ့တယ်။ မင်္ဂလာဆောင်မယ့် အခြားသတို့သားနဲ့ သတို့သမီးတို့ကိုလည်း ဒီလိုပဲလုပ်ဖို့တိုက်တွန်းမှာပါတဲ့။ စုံတွဲလေးတို့လည်း စီစဉ်စရာတွေကြောင့် စိတ်ဖိစီးမှုတွေနဲ့ပင်ပန်းနေလည်း ကိုယ်ကြိုးစားခဲ့သမျှတွေအရာထင်မှာပါဆိုပြီး ယုံကြည်ထားမယ်ဆိုရင် ပျော်စရာအကောင်းဆုံးမင်္ဂလာပွဲလေးကို ပိုင်ဆိုင်နိုင်မှာအသေအချာပါပဲနော်။

 

Myanmar Wedding Guide

Read times Last modified on Friday, 29 March 2019 14:25
Rate this item
(0 votes)