ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်စေဖို့

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်စေဖို့ google.com

မိန်းကလေးတိုင်း စိတ်ကူးယဉ်တတ်တဲ့ အမျိုးသားတွေရဲ့ပုံစံကို သိပါသလား။

ငွေကြေးဥစ္စာပြည့်စုံနေရုံနဲ့လည်း မိန်းကလေးတိုင်းစိတ်ကူးယဉ်မယ့်သူတစ်ယောက်လုံးဝမဖြစ်နိုင်ပါဘူး။ ဒါဆိုဘယ်အချက်တွေက ပျိုတို့ကိုပိုပြီးကြွေစေလည်း၊ ပျိုမေတို့စိတ်ကူးယဉ်တဲ့ အမျိုးသားတွေကဘယ်လိုအရည်အချင်းတွေရှိသင့်လည်းဆိုတာ ပြောပြပေးပါ့မယ်။

 

ကြင်နာမှု

မိန်းကလေးအားလုံးလိုလိုက ဂရုစိုက်ပြီး ကြင်နာတက်တဲ့နှလုံးသားတစ်စုံရှိသူတွေကို ပိုပြီးသဘောကျတတ်ကြပါတယ်။ နွေးနွေးထွေးထွေးပြောဆိုဆက်ဆံတာတွေ၊ ကြင်နာယုယစွာဆက်ဆံတာတွေဟာ သင့်ကိုအမှတ်ပေးစေမယ့် အချက်တွေပဲဖြစ်ပါတယ်။

 

ရိုးသားမှု

မိန်းကလေးတွေရဲ့ ပင်ကိုယ်စိတ်ဟာ ရိုးသားမှုကိုမြတ်နိုးတဲ့သူတွေပါ။ သူမတို့နဲ့ပတ်သက်တဲ့ သူတိုင်းအပေါ်မှာလည်း ပွင့်လင်းစွာဆက်ဆံတက်ကြသလို သူတို့ကိုလည်း အမှန်အတိုင်းရိုးသားပွင့်လင်းစေချင်တတ်ကြပါတယ်။ နှလုံးသားနဲ့ ရင်းနှီးပြီးချစ်ရတဲ့သူတစ်ယောက်အတွက် လိမ်ညာမှုမရှိဘဲ ဖြူစင်စွာဖြတ်သန်းချင်ကြသလို သူမတို့အပေါ်လိမ်ညာမှုတွေကိုလည်း မလိုလားကြပါဘူး။

 

ဦးဆောင်နိုင်မှု

မိန်းကလေးအများစုကတခြားအရာတွေမှာခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ကောင်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ချစ်ရတဲ့ယောကျာ်းတစ်ယောက်နဲ့ယှဉ်လာရင်တော့ နောက်လိုက်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်ကြတာပါ။ သင့်အနေနဲ့ အရေးမကြီးဘူးထင်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေကအစ ဦးဆောင်နိုင်သူတစ်ယောက် အဖြစ်ကိုယ့်ကိုယ်ကို လေ့ကျင့်ထားဖို့လိုပါတယ်။

 

နားလည်မှု

" နားလည်မှု " ဆိုတဲ့စကားက စာလုံး()လုံးပဲရှိပေမယ့် တော်တော်လေးတည်ဆောက်ရခက်ခဲတဲ့အရာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိတယ်ဆိုဟာလည်း ချစ်ခြင်းရဲ့သင်္ကေတတစ်ခုလို့ ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဟာ သူတို့အပေါ်အပြည့်အဝနားလည်မပေးနိုင်ရင်တောင် အတတ်နိုင်ဆုံးနားလည်မှုပေးနိုင်တဲ့သူကိုပဲ ရွေးချယ်တတ်ကြပါတယ်။

 

လုံခြုံစိတ်ချမှု

မိန်းကလေးတွေဟာ သူတို့ချစ်တဲ့သူတစ်ယောက်အပေါ် အပြည့်အဝ ယုံကြည်စိတ်ချချင်ကြပါတယ်။ စိတ်ပူနေရတာမျိုးကို သူတို့အနေနဲ့မလိုလားကြပါဘူး။ သူတို့အတွက် အဖေတစ်ယောက်လိုရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးမှု၊ အကိုတစ်ယောက်လို ကာကွယ်စောင့်ရှောက်ပေးမှုတွေနဲ့၊ ချစ်သူတစ်ယောက်လို ချစ်ခြင်းမေတ္တာပေးခံရတဲ့ ယောကျာ်းလေးမျိုးကိုပဲ ရွေးချယ်ဖို့ စိတ်အားထက်သန်ကြပါတယ်။

 

တည်ငြိမ်ရင့်ကျက်မှု

မိန်းကလေးတွေဟာ သူတို့ထက်အသက်အားဖြင့် ငယ်နေပါစေဦးတော့၊ တည်ငြိမ်ရင့်ကျက်တဲ့သူတစ်ယောက်ဆိုရင် လေးစားတက်ကြတဲ့ စိတ်အရင်းခံရှိကြပါတယ်။ အစစအရာရာမှာ တည်ငြိမ်ရင့်ကျက်စေချင်တာဖြစ်ပြီး တခြားကောင်မလေးတွေအပေါ် မျက်လုံးကစားရင်တောင် လုံးဝ(လုံးဝ) မကြိုက်တဲ့သူတွေပါ။ သစ္စာတရားကို လက်ကိုင်ထားပြီး အတွေးအခေါ်၊ အပြောအဆို အရာအားလုံးမှာ တည်ငြိမ်နေရင်တော့ သူတို့သဘောကျရတဲ့သူဟာ နောက်တစ်ယောက်မရှိနိုင်တော့ပါဘူး။

 

Credit : Kwee

Myanmar Wedding Guide

Read times Last modified on Thursday, 28 March 2019 17:34
Rate this item
(2 votes)