Ko Thet Lwin Oo and Ma Shoon Tint Bo

Ko Thet Lwin Oo and Ma Shoon Tint Bo

ယနေ့တင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ ကန်တော်ကြီးပတ်လမ်းဝင်းအတွင်း

Dolphin တွင် မြန်မာဆန်ဆန် မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ သတို့သား မောင်သက်လွင်ဦးနှင့် သတို့သမီး မရွှန်းတင့်ဘိုတို့ အကြောင်းပဲ ဖြစ်ပါတယ်။

15970778 1831350727147236 1551802284 n

သတို့သားနှင့် သတို့သမီးအကြောင်း

ကိုသက်လွင်ဦး (Senior Production Executive - Unilever Myanmar) နှင့် မရွှန်းတင့်ဘို (Senior Sales Executive - KMD Group of Companies) တို့ဟာ နန်ယန်ကျောင်းတွင် ၉ တန်းတက်ရင်း ခင်မင်ခဲ့ကြတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ တက္ကသိုလ်မှ ဘွဲ့အသီးသီးရခဲ့ကြပြီး လုပ်ငန်းခွင်ဝင်သည့် အချိန်၊ ချစ်သူ သက်တမ်း ၁၁ နှစ်အကြာမှာ လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

နှစ်ဦးနှစ်ဘက်မိဘများအား ချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်ပိုင်းအတွင်း မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် အရင်ဆုံး Pre-wedding ဓာတ်ပုံကြိုရိုက်ရန် နှစ်ဦးသဘော တူခဲ့ပြီးနောက် မင်္ဂလာခန်းမကို နှစ်ဦးနှစ်ဖက်မိဘများနှင့် တိုင်ပင်၍ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ရက် Dolphin တွင် မင်္ဂလာဧည့်ခံပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

15970566 1831350127147296 1793551522 n

မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

မင်္ဂလာဆောင်ရန်အတွက် ရင်းနှီးသောမိတ်ဆွေများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၄၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖိတ်စာကို ၂၅၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ ၃၁လမ်းထဲက ရွှေတောင်တန်းဆိုင်တွင် အပ်နှံခဲ့ပါတယ်။ ကိုယ်လိုချင်တဲ့အရောင်နဲ့ ဒီဇိုင်းကို ပြောပြီး အပ်ခဲ့ပါတယ်။

မင်္ဂလာဝတ်စုံနှင့် မိတ်ကပ်တို့ကို Cover Mark မှာ ငှားရမ်းခဲ့ပါတယ်။ သတို့သား၊ သတို့သမီး မြန်မာဆန်ဆန်စတိုင်နဲ့ပဲ မင်္ဂလာဆောင်ခဲ့ပါတယ်။ ၀တ်စုံအရောင်ကတော့ မြန်မာဆန်ဆန် ရွှေဝါရောင်လေးကို ရွေးချယ်၍ ၀တ်ဆင်ခဲ့ပါတယ်။ ဈေးနှုန်းကတော့ ၀တ်စုံနှင့် မိတ်ကပ်ပါအပြီးကို ကျပ် ၅ သိန်းခန့် ကုန်ကျခဲ့ပါတယ်။

15970487 1831350143813961 1774133598 n

မိဘတွေအတွက် ၀တ်စုံကိုတော့ ချုပ်ပေးခဲ့ရပါတယ်။ သတို့သားအရံ၊ သတို့သမီးအရံတွေတော့ မပါပါဘူး။ ပန်းကြဲနဲ့ ဗန်းကိုင်ပဲ ပါ ပါတယ်။

မိတ်ကပ်ကို တိုးတိုး (Cover Mark) နဲ့ပဲ ပြင်ခဲ့ပါတယ်။ ပန်းအစစ်ဖြစ်တဲ့ သဇင်ပန်းကို ပန်ဖြစ်ခဲ့ပါတယ်။ ပန်တဲ့ပန်း၊ လက်ကိုင်ပန်း၊ ရင်ထိုးပန်း နှစ်ယောက်စာ၊ မိဘနဲ့ ပန်းကြဲ၊ ဗန်းကိုင်တွေအတွက် ရင်ထိုးပန်း၊ စံပယ်ပန်းကုံး စုစုပေါင်း တစ်သိန်းခြောက်သောင်းကျပ် ကုန်ကျခဲ့ပါတယ်။

မိဘတွေအတွက် မိတ်ကပ်ပြင်ဆင်ခဈေးနှုန်းမှာ တစ်ယောက်ကုန်ကျစရိတ်ကို ကျပ် ၄၀,၀၀၀ ကုန်ကျခဲ့ပါ တယ်။

မင်္ဂလာခန်းမအပြင်အဆင်ကို Dolphin ကပဲ ၀န်ဆောင်မှုပေးပါတယ်။ ကိုယ်ထည့်ချင်တဲ့ ပန်းအိုး၊ ပန်းစင် စရှိတာတွေကတော့ ကျသင့်ငွေ သီးသန့်ထပ်ပေးရပါတယ်။

မင်္ဂလာဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကိုတော့ ဇောင်း ဗွီဒီယိုရိုက်ကူးရေးကို ငှားရမ်း၍ ရိုက်ကူးစေခဲ့ပါတယ်။ မင်္ဂလာအချိန် ကတော့ နံနက် ၉ နာရီ မှ ၁၀း၃၀ နာရီအထိ ကျင်းပခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၉း၃၀ မှာ စတင်ထွက်ခဲ့ပါတယ်။

15970504 1831350730480569 1867696956 n

မင်္ဂလာအခမ်းအနားမှူးအဖြစ် ဆန်းဒေးကိုကို က ဧည့်သည်တော်များအား မင်္ဂလာသြဘာ ဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာ မင်္ဂလာအထမြောက် သွားကြောင်း ကြေညာခဲ့ပါတယ်။

မင်္ဂလာအကျွေးအမွေးကိုတော့ အနောက်တိုင်းစတိုင်ဖြင့် မုန့် ၄ မျိုး၊ ရေခဲမုန့်၊ ကော်ဖီတို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက် ကာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

15969861 1831350117147297 1145252609 n

ဟန်းနီးမွန်းခရီးစဉ်ကိုတော့ နှစ်ယောက်စလုံးမှပင်လယ်ကမ်းခြေသွားရတာကြိုက်တဲ့အတွက်ကြောင့် မင်္ဂလာ ဆောင်တဲ့ညမှာပဲ ချောင်းသာကမ်းခြေကို သွားခဲ့ပါတယ်။ ချောင်းသာကမ်းခြေရှိ Belle Resort မှာ တည်းခိုခဲ့ပါတယ်။ မင်္ဂလာဆောင်အပြီးအစီး၊ ခန်းဝင်ပစ္စည်းဖိုးအပါအ၀င် သိန်း ၅၀ ကျော် ကုန်ကျခဲ့ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:11
Rate this item
(5 votes)