Relationships

Tuesday, 26 March 2019 15:36

မိန်းကလေးအများစုသဘောကျတတ်တဲ့အချက်များ

ကိုယ့်ကိုငေးကြည့်ခံရတဲ့အခါ မိန်းကလေးတော်တော်များများမှာ ကိုယ့်ကိုငေးမောကြည့်ခံရတာကိုမကြိုက်သူ တော်တော်ရှားပါတယ်။ ဥပမာ သင်ဟာချစ်သူနဲ့ရုပ်ရှင်ကြည့်ဖို့ လှလှလေးဝတ်ပြီး မိတ်ကပ်လှလှလေးပြင်လာတယ်ဆိုပါတော့။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့လျှောက်လာတဲ့သင့်ကို ပုရိသတွေလည်ပြန်ကြည့်တာကိုသာယာနေတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာဆို ကိုယ့်ကိုယ်ကိုအလှဆုံးဆိုပြီး ဂုဏ်ယူတတ်ကြတယ်မဟုတ်လား။ ဘေးဘီဝဲယာကိုတောင် မမြင်နိုင်တော့ဘဲ သူများတွေရဲ့အာရုံစိုက်မှုမှာကြိတ်ဂုဏ်ယူတတ်ကြတယ်လေ။   အခြားအမျိုးသမီးတစ်ယောက်ကကိုယ့်ကိုမနာလိုတဲ့အခါ ကိုယ့်ဘဲဘဲကို တခြားမိန်းကလေးတစ်ယောက်ကငေးကြည့်နေတာကို မိန်းကလေးတွေမကြိုက်ကြပါဘူး။ ထိုသို့သောအခါမျိုးမှာမနာလိုစိတ်နဲ့ချစ်သူကို ကိုယ်သာပိုင်သလိုလုပ်ပြလိုတဲ့စိတ်တွေဝင်လာတတ်ပါတယ်။ ဒါကြောင့် ကောင်လေးချောချော အမိုက်စားလေးတွေကိုပိုင်ဆိုင်ထားသူ မိန်းကလေးတွေအနေနဲ့ ကိုယ့်ဘဲကို လာ crush တဲ့တခြားမိန်းကလေးတွေက ကိုယ့်ကိုမနာလိုဖြစ်တဲ့အခါ ဂုဏ်ယူတတ်ကြပါတယ်။   ကောင်လေးတွေလာအီတဲ့အခါ မိန်းကလေးတော်တော်များများကအီတာလောက်ကအရေးမကြီးဘူး၊ အန္တရာယ်မရှိဘူးလို့ထင်တတ်ကြပါတယ်။ ကော်ဖီဆိုင်က ကော်ဖီဖျော်တဲ့သူချောချောလေးနဲ့ မျက်လုံးချင်းဆုံမိတာ၊ ကျောင်းသွားဖော်သူငယ်ချင်းက လှတယ်လို့ချီးကျူးတာ၊ အွန်လိုင်းပေါ်ကကောင်လေးတစ်ယောက်နဲ့စကားပြောနေတာကို မသိစိတ်ကသာယာတတ်ကြပါတယ်။   ယောက်ျားတွေကိုယ့်ကြောင့်ရန်ဖြစ်တာ ရုပ်ရှင်တွေထဲကလိုပေါ့။ ကိုယ့်အတွက်နဲ့ ချစ်သူကမားမားမတ်မတ်ရန်ဖြစ်ပေးတာ၊ ကိုယ့်ကိုကာကွယ်ပေးတာမျိုးကို မိန်းကလေးတွေသဘောကျကြပါတယ်။   ကိုယ့်အတွက်ဆိုငွေရေးကြေးရေးကိုပဓာနမထားဘဲလိုချင်တာဖြည့်ဆည်းပေးတဲ့ချစ်သူ ဆိုလိုချင်တာကကျိကျိတက်ချမ်းသာတဲ့သူဌေးဖြစ်ဖို့၊ နောက်ဆုံးပေါ်ကားကိုသင်ပိုင်ဆိုင်ဖို့မလိုပါဘူး။ သင့်လက်ထဲမှာ၁သောင်းပဲရှိပါစေဦး။ သူမလက်ရှိလိုချင်တာလေးကိုဖြည့်ဆည်းဖို့ သင်လက်မတွန့်တတ်တာမျိုးကို မိန်းကလေးတွေအလွန်သဘောကျကြပါတယ်။ နောက်ပြီး အလုပ်ကအပြန်တကူးတကလာကြိုပေးတာမျိုး၊ ရှိတာလေးနဲ့မုန့်ဝယ်ကျွေးတာမျိုးရောပေါ့။   အလကားရတဲ့ပစ္စည်းတွေ ယောက်ျား၊ မိန်းမ မရွေးအလကားရတဲ့ပစ္စည်းတွေကို မကြိုက်တတ်တဲ့သူခပ်ရှားရှားရယ်ပါ။ မိန်းကလေးတွေအနေနဲ့တော့ကိုယ့်အလှအပကြောင့်ဒစ်စကောင့်ရတာမျိုးတွေ၊ ကိုယ့်ကိုသီးသန့်အလကားပေးတဲ့ဟင်းပွဲတွေကို သဘောခွေ့တတ်ကြပါတယ်။   Credit  : Dr Jue Myanmar Wedding Guide
Tuesday, 26 March 2019 15:22

ကိုယ့်အပေါ်တကယ်ချစ်မချစ်ဆန်းစစ်နိုင်တဲ့ အချက် (၈) ချက်

အချို့ကဟန်ဆောင်ကောင်းတယ်။ တကယ်မချစ်ဘဲနဲ့လည်းချစ်တယ်လို့ ပါးစပ်ကပြောထွက်ပြီးတွဲရဲကြတယ်။
Monday, 25 March 2019 13:57

ဘဝမှာ မဖြစ်မနေကြုံတွေ့ရမယ့် လူ (၇) မျိုး

ဘဝမှာကြုံရတဲ့ လူတွေကအရမ်းများပေမယ့် တကယ်တမ်းဘယ်သူတွေကဘယ်လိုအဓိပ္ပာယ်မျိုးနဲ့
Monday, 25 March 2019 11:51

လက်တွဲမဖြုတ်သင့်တဲ့ မိန်းကလေး (၅) မျိုး

ရေခဲတုံးနဲ့တူသောမိန်းကလေး
Saturday, 23 March 2019 16:19

ယောကျာ်းလေးတွေစိတ်ပျက်သွားတတ်တဲ့ မိန်းကလေးအမျိုးအစားများ

ယောကျာ်းလေးတွေက ကိုယ့်ချစ်သူကိုချစ်ရဲ့နဲ့လည်းထားခဲ့ကြပါတယ်။
Saturday, 23 March 2019 15:36

အိမ်ထောက်ဖက်ရွေးချယ်တဲ့အခါ

တန်ဖိုးထားတဲ့အရာတွေမတူသူကို မရွေးပါနဲ့
Friday, 22 March 2019 17:27

အမျိုးသမီးတွေ အမှန်အတိုင်း ပြောလေ့မရှိတဲ့ အချက်များ

ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာအရေးအကြီးဆုံးမရှိမဖြစ်ပါပဲ။
Friday, 22 March 2019 16:50

အိမ်ထောင်ရေးသာယာစေဖို့ မိန်းကလေးတို့လေ့လာကျင့်သုံးသင့်တဲ့အချက်များ

မိန်းမနဲ့ယောက်ျားဆိုတာက လိင်သဘာဝအရရောထမ်းဆောင်ရမယ့်အိမ်ထောင်ရေးတာဝန်အရပါ ကွာခြားလွန်းပါတယ်။
Thursday, 21 March 2019 16:30

မိန်းကလေးတွေ သဘောကျစေမယ့်ချီးမွမ်းစကားများ

ကိုယ်ကဖူးစာရှင်ကိုလိုက်လံရှာဖွေနေပေမယ့်လည်း ကံအကြောင်းမလှလို့