အမျိုးသမီးတွေ အမှန်အတိုင်း ပြောလေ့မရှိတဲ့ အချက်များ

အမျိုးသမီးတွေ အမှန်အတိုင်း ပြောလေ့မရှိတဲ့ အချက်များ google.com

ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာအရေးအကြီးဆုံးမရှိမဖြစ်ပါပဲ။

သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ်တွေဟာ ပွင့်ပွင့်လင်းလင်းပြောပြဖို့ အခြေအနေမပေးတာမျိုးရှိနိုင်ပါတယ်။ အတိတ်ဟာအတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေပျက်စီးတတ်ပါတယ်။ တကယ်လို့ အတိတ်ဟာလက်ရှိအချိန်ကို လာရောက်ထိခိုက်မှုမရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ယောကျာ်းလေးတွေလည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်းလိမ်မိဖူးကြပါလိမ့်မယ်။ အခုပြောပြမှာကတော့ မိန်းကလေးတွေအနေနဲ့အမှန်အတိုင်းဖွင့်မပြောတဲ့အချက်များ ဖြစ်ပါတယ်။

 

သူမပတ်သက်ခဲ့ဖူးတဲ့အမျိုးသားတွေရဲ့အရေအတွက်

သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက်ဖြစ်နေနိုင်ပါတယ်။ သူမ ရည်းစား ဘယ်နှစ်ယောက်လောက်ပဲထားခဲ့ထားခဲ့ သေချာတာကတော့ သူမဟာအရေအတွက်ကိုလိမ်ထားပါပြီ။ အိမ်ထောင်မကျခင် ကိုယ်ခန္ဓာနှီးနှောခဲ့ဖူးခြင်းဟာ အရှေ့တိုင်းသားတွေအမြင်မှာတော့တားမြစ်ချက်တစ်ခုပါ။ တခြား လူမှုအသိုင်းအဝိုင်း၊ အဖွဲ့အစည်းတွေ ဘယ်လိုပဲတိုးတက်နေပါစေ ဒီတစ်ချက်ကတော့ အခုအချိန်ထိတားမြစ်ထားဆဲပါ။ ဒီတော့ သေးငယ်တဲ့ ဒီလိမ်ညာမှုလေးကို ဒီအတိုင်းပဲထားပြီး ပြန်လည်မတူးဆွပါနဲ့တော့။

 

သူမရဲ့အလေးချိန်

အမျိုးသမီးတွေဟာစွဲမက်ဖွယ်ကောင်းတဲ့ ဖွံ့ဖွံ့ထွားထွား ကိုယ်ခန္ဓာကိုယ်တွေရှိသင့်ပါတယ်။ ဒီထက်ကျော်ပြီး ဝသွားရင်တော့ကြည့်မကောင်းတော့ပါဘူး။ ဒါကြောင့် ဝနေတဲ့အမျိုးသမီးတွေဟာ သူမတို့ရဲ့အလေးချိန်ကို အနည်းဆုံး ငါးကီလိုလောက်လျှော့ပြီးဖြေတတ်ကြပါတယ်။ တစ်ခါတစ်ရံ ၅၀ ကီလို ဆိုတာ သူမတို့ရှိသင့်တဲ့ အနေတော်အလေးချိန်လောက်လို့ယူဆပြီး အမြဲတမ်း ၅၀ကီလိုလို့ ဖြေတတ်ကြပါတယ်။ ဒီအခါ သင်ဘယ်မိန်းကလေးကို မေးလိုက် မေးလိုက် ၅၀ ကီလိုလို့ ဖြေတာကို တွေ့ရမှာဖြစ်ပြီး " ကမ္ဘာပေါ်က မိန်းမတွေ အကုန်လုံး ၅၀ ကီလိုဝန်းကျင်ပဲရှိနေပြီး ဘာကြောင့် ပုံမကျပန်းမကျတွေ ဖြစ်နေရတာလဲ " လို့တောင်ညည်းမိပါလိမ့်မယ်။ သူမကတော့ မပိန်မချင်း မေးလိုက်တိုင်း ၅၀ ကီလိုဝန်းကျင်လောက်ပဲ လှည့်ပတ်ဖြေနေမှာပါ။

 

သူမရဲ့ရပ်တည်မှု

အမျိုးသမီးတွေ အမှီအခိုကင်းအောင် ရပ်တည်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် သူမဒေါသထွက်တဲ့အခါတိုင်း သူမအတွက်အမျိုးသားတစ်ယောက်မလိုအပ်ဘူးလို့အော်ပြောတတ်တာဟာ တကယ်တော့ညာတာပါ။ ဒီတော့ အမျိုးသားတွေအနေနဲ့သိထားရမှာက သူမဘာတွေပဲပြောနေနေ အမျိုးသားတစ်ယောက်မရှိဘဲ မရပ်တည်နိုင်ပါဘူး။

 

သူမစိတ်ကူးမယဉ်တတ်ဘူးလို့ဆိုခဲ့ရင်

အမျိုးသမီးတွေက သူမတို့ဟာ အချုပ်အနှောင်ကင်းတယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ် ၊ သန်စွမ်းတယ်၊ လုံခြုံစိတ်ချမှုရှိတယ်ဆိုတာ အလွန်ပြချင်ကြပါတယ်။ ဒီလိုအရာတွေပြသလိုက်နိုင်တာကြောင့် သူမတို့ဟာ စိတ်ကူးယဉ် မဆန်တတ်တဲ့သူတွေတော့မဟုတ်ပါဘူး။ တခြားအမျိုးသမီးတွေနဲ့မတူပဲ ခပ်ထန်ထန်၊ ခပ်မာမာ နေတတ်ကြပေမယ့် တကယ်တမ်းမှာတော့ သူမတို့တွေဟာ အမျိုးသမီးတွေထဲက အမျိုးသမီးတစ်ယောက်ပဲ ဖြစ်တာကြောင့် သူမတို့မှာလည်း စိတ်ကူးယဉ်ဆန်တတ်တဲ့စိတ်တွေအပြည့်ရှိနေပါတယ်။

 

Credit : Trend Myanmar

Myanmar Wedding Guide

Read times Last modified on Friday, 22 March 2019 17:39
Rate this item
(1 Vote)