သင့်ဘက်ကထားသွားမှာကြောက်နေတဲ့ချစ်သူကောင်လေးတစ်ယောက်ရဲ့အမူအကျင့်(၁၀)မျိုး

သင့်ဘက်ကထားသွားမှာကြောက်နေတဲ့ချစ်သူကောင်လေးတစ်ယောက်ရဲ့အမူအကျင့်(၁၀)မျိုး google.com

သင့်ချစ်သူက သင့်ကိုအရမ်းချစ်ပြီး သင်သူ့ကို ထားသွားမှာ ကြောက်နေတယ်ဆိုရင် သူ့မှာ ဒီိလိုအပြုအမူလေးတွေ တွေ့ရပါလိမ့်မယ်။

 

() သင်တို့နှစ်ယောက်အကြောင်းကို တခြားသူတွေကို သိစေချင်တယ်

 

သင်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို တခြားသူတွေကို အသိပေးချင်တယ်၊ သိစေချင်တယ် ဆိုတာက သင်သူ့ကိုထားသွားမှာ ကြောက်လို့ပါ။

 

 

() အမှတ်တရလက်ဆောင်လေးတွေပေးတယ်

 

သင်နဲ့ပတ်သက်တဲ့အထိမ်းအမှတ်နေ့လေးတွေကို အမြဲအမှတ်ရနေပြီး ထူးခြားတဲ့လက်ဆောင်လေးတွေပေးတတ်ပါတယ်။

 

 

() သင့်ဘေးကထွက်သွားဖို့မကြာခဏကြိုးစားဖူးတယ်

 

အချစ်ရေးမှာ ပိုချစ်ရတဲ့သူကခွဲခွာရမှာ ပိုကြောက်တတ်ပါတယ်။ ပြီးတော့ သူတို့ကို ချစ်သူကစပြီး ကျောခိုင်းသွားမှာ ကြောက်တာကြောင့် သူတို့ကစထွက်သွားဖို့ ကြံစည်တတ်ကြပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှလည်း မအောင်မြင်ခဲ့ပါဘူး။

 

 

() သူ့ဘက်ကစပြီးရန်မရှာတတ်ဘူး

 

သင်တို့နှစ်ယောက်ကြားမှာ သူ့ကြောင့်ပြဿနာဖြစ်ရတယ်ဆိုတာ မရှိသလောက်ပါပဲ။ အဲ့ဒါက သင့်ကိုကြောက်လို့မဟုတ်ပါဘူး။ သင်သူ့ကိုအချစ်လျော့သွားမှာစိုးလို့ပါ။

 

 

() အလွန်အကျွံခံစားတတ်တယ်

 

သင်ဘာပဲလုပ်လုပ် သူ့ကိုထားသွားတော့မှာပဲ ဆိုတာမျိုး တွေးမိနေတတ်ပြီး အခြေအနေတိုင်းကို အလွန်အကျွံ ခံစားနေတတ်တာပါ။

 

 

() မနာလိုဖြစ်တယ်

 

သင့်အပေါင်းအသင်းတွေနဲ့ပတ်သက်လို့ မေးခွန်းတွေ မပြီးဆုံးနိုင်အောင်မေးနေတယ်၊ သင့်ရဲ့တစ်နေ့တာအကြောင်း စစ်ဆေးမေးမြန်းမှုတွေအရမ်းများနေတယ်ဆိုရင် သူမပါဝင်တဲ့အချိန်တွေနဲ့ပတ်သက်ပြီး သူမနာလိုဝန်တိုဖြစ်နေတာကြောင့်ပါ။

 

 

() သင့်ကိုအရမ်းညှာတာတယ်

 

သူဟာ သင်နာကျင်ခံစားရမယ့်အရာ ဘာဆိုဘာမှမလုပ်တာပါ။ သင့်အပေါ်အရမ်းညှာတာပြီး ဦးစားပေးတတ်လွန်းတဲ့သူဖြစ်ပါတယ်။

 

 

() သင်နဲ့အဆက်အသွယ်မရရင် ကမောက်ကမတွေဖြစ်နေတတ်တယ်

 

အကြောင်းအမျိုးမျိုးကြောင့် မက်ဆေ့ခ်ျမပို့ဖြစ်၊ ဖုန်းအဆက်အသွယ်မရှိဖြစ်ခဲ့ရင် မနေတတ်တော့ဘဲ သင်နဲ့အဆက်အသွယ်ရအောင် နည်းလမ်းအမျိုးမျိုးနဲ့ကြိုးစားတတ်တဲ့သူပါ။

 

 

() အချစ်ရေးနဲ့ပတ်သက်လို့အမြဲစိုးရိမ်နေတတ်တယ်

 

သင်သူ့ကိုထားခဲ့မှာ၊ အချစ်ကြောင့် နာကျင်ခံစားရမှာကြောက်နေတာကြောင့် သင်နဲ့ပတ်သက်ပြီး အမြဲလိုလိုသံသယတွေဝင်နေတတ်ပါတယ်။

 

 

(၁၀) အနာဂတ်အကြောင်းမပြောချင်ဘူး

 

တကယ်ချစ်တဲ့သူဆိုတာ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာကို တွေးပြီးစိုးရိမ်တတ်သူပါ။ သင်တို့နှစ်ယောက်ပြတ်သွားခဲ့ရင်ဆိုပြီး တွေးပူနေတတ်တာကြောင့် အနာဂတ်အကြောင်းမပြောချင်တာပါ။

 

 

Credit;Aunty May

Read times Last modified on Wednesday, 10 October 2018 13:10
Rate this item
(1 Vote)