Relationships

Friday, 08 March 2019 15:23

အချစ်တွေ အဆုံးသတ်ချိန်ရောက်ပြီလား

အချစ်ရေးတစ်ခုဟာ အဆုံးသတ်တဲ့အချိန်ရောက်လာတဲ့အခါ ဘယ်လောက်ပဲကိုယ့်ဖက်ကဆုပ်ကိုင်ထားဖို့ ကြိုးစားကြိုးစား
Friday, 08 March 2019 13:25

ယောကျာ်းလေးတွေ ရည်းစားဟောင်းနဲ့ပြန်ဆက်ချင်တဲ့အခါ လုပ်တတ်တဲ့အပြုအမူတွေကဘာတွေဖြစ်မလဲ

ချစ်သူနဲ့လမ်းခွဲပြတ်စဲတယ် ဆိုတဲ့အဖြစ်အပျက်ဟာ တော်တော်ရှုပ်ထွေးတဲ့အဖြစ်အပျက်တစ်ခုပါ။
Friday, 08 March 2019 11:55

ယောကျာ်းလေးတွေ အသည်းကွဲရင်ဘာတွေလုပ်တတ်ကြလဲ

ရည်းစားနဲ့ပြတ်သွားလို့ အသည်းကွဲနေတဲ့အခါ ယောကျာ်းလေးဘက်ကရော၊ မိန်းကလေးဘက်ကရော ခံစားကြရတာပါပဲ။
Thursday, 07 March 2019 17:27

ချစ်သူကောင်မလေးဆီမှာ အမှတ်အပြည့်ရရှိဖို့အတွက်

ယနေ့ခေတ်လို ကိစ္စပေါင်းသောင်းခြောက်ထောင်နဲ့ရှုပ်ထွေးလွန်းလှတဲ့ လူ့လောကကြီးမှာ ချစ်သူရည်းစားတစ်ယောက်ထားရဖို့ဆိုတာ အင်မတန်ကိုခဲယဉ်းလွန်းလှပါတယ်။
Thursday, 07 March 2019 15:38

လင်မယားတွေကြားထဲ ယောက္ခမတွေပါလာတဲ့အခါ

ယောက္ခမတွေနှောင့်လို့အိမ်ထောင်ရေးဂယက်မထချင်ဘူးဆိုရင် ဘယ်လိုအရာတွေကိုသဘောပေါက်ထားရမလဲ
Wednesday, 06 March 2019 17:14

ရည်းစားထားဖို့ဘယ်အရွယ်ကအသင့်တော်ဆုံးလဲ???

အသက်(၂၀) အရွယ်က အမှတ်တရအဖြစ်ဆုံး နုနယ်ပျိုမြစ် သွက်လက်ပြီး ဘာကိုမှဂရုမစိုက်ဘဲ ရှုပ်ထွေးလွန်းတဲ့ လောကကြီးထဲကို ခြေလှမ်းစတဲ့အချိန်ပဲဖြစ်ပါတယ်။ ကမ္ဘာကြီးကရှု့ပ်ထွေးနေသလို ကိုယ်တွေရဲ့အချစ်ရေးမှာလည်း အတက်၊အကျတွေနဲ့ ဖြစ်ရပြန်ပါတယ်။ အသက်(၂၀) အရွယ်ကစလို့ အသက် (၃၀) အထိအကူးအပြောင်းမှာ အခြေအနေတွေကို ဘယ်လိုမြင်အောင်ကြည့်မလဲ၊ အချစ်ရေးကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ကွဲပြားခြားနားသွားအောင်လုပ်လို့ရပါတယ်။ အသက်(၂၀) ထက် အသက်(၃၀) အရွယ်က ချစ်သူထားဖို့ ပိုသင့်တော်တာပေါ့နော်။ဘာကြောင့်လဲပေါ့…… (၁) ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာမယ် အသက်(၃၀) အရွယ်ရောက်တဲ့အချိန်မှာ လူတွေကသူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုပိုပြီး ပုံဖော်လာနိုင်ပြီး ငွေရေးကြေးရေးမှာလည်း အဆင်ပြေလာပါပြီ။ ထို့ပြင်ကိုယ်ကိုယ်တိုင်လုပ်နေတဲ့ အရာတွေကိုလည်း လက်ခံယုံကြည်လာပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာပါတယ်။ (၂) ကိုယ်အဓိကလိုအပ်တဲ့အရာတွေကိုသိလာမယ် အသက်(၂၀) အရွယ်မှာထားခဲ့ဖူးတဲ့သူတွေ၊ တွေ့ဆုံခဲ့ဖူးတဲ့သူတွေကို အသက်(၃၀) အရွယ်ရောက်တဲ့အခါမှာကျေးဇူးတင်မိတော့မှာပါ။ သူတို့ကြောင့် အတွေ့အကြုံတွေရလာပြီး လက်တွဲဖော်ဆီကနေ သင်တကယ်လိုအပ်တဲ့အရာကိုသိလာပါတယ်။ ဒီနှစ်အတွင်းမှာ ကိုယ်တကယ်လိုအပ်တာကိုသိသွားတဲ့အခါ အဆင်ပြေတယ်ဆိုရင်တော့ မကြာခင်လက်ထပ်လို့ရပါပြီ ။ အပျိုကြီးဘ၀နဲ့အရိုးထုတ်လို့လဲရပါတယ်။ သင်ဟာပိုပြီးတော့ ပွင့်လင်းမြင်သာလာပြီး အသက်(၂၀) အရွယ်တုနုးကစိတ်ကူးတွေဟာ အနည်းငယ်ကွာခြားသွားတော့မှာပါ။ (၃) ရင့်ကျက်လာမယ် နှစ်တွေအများကြီးကုန်ဆုံးလာတာနဲ့ သင်ဟာပိုပြီးရင့်ကျက်လာပြီး လက်ရှိဘ၀ကြီးကို ပျော်ရွှင်ဖို့သင်ယူတတ်လာပါတယ်။ကုန်ဆုံးသွားတဲ့ နှစ်တိုင်းတည်ငြိမ်ရင့်ကျက်လာပြီး စိတ်ရှည် သည်းခံတတ်တဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ (၄) နှလုံးသားနာကျင်မှုက ကြံ့ခိုင်သန်မာလာစေပါတယ် အသက်(၂၀) အရွယ်မှာအနည်းဆုံးတခါလောက်တော့ အသည်းကွဲဖူးမှာပါ။ အသက်(၂၀) အရွယ်မှာအသေအလဲခံစားခဲ့ရပြီး အသက်(၃၀) အရွယ်မှာတော့ ပိုပြီးခံနိုင်ရည်ရှိသွားပြီး relationship ကြောင့်တွေ့ကြုံရမယ့် အတက်အကျတွေကို ရင်ဆိုင်သွားနိုင်ပါပြီ (၅) အချစ်တွေနက်ရှိုင်းလာမယ် အသက်(၃၀) အရွယ်မှာ သင်ဟာအချစ်၊ ဘ၀၊ relationship နဲ့ပတ်သက်ပြီး နားလည်မှုပိုရှိလာတာကြောင့် အပြန်အလှန်ချစ်ကြတဲ့လူနှစ်ယောက်ရဲ့အချစ်တွေကလည်း နက်ရှိုင်းလာပါတယ်။ relationship ကလှည့်စားမှုတွေများတယ်၊ အချိန်နဲ့အမျှပြောင်းလဲမှုတွေရှိလာနိုင်တယ်ဆိုတာလည်း သိလာမှာပါ။ Source:Yoe Yar Lay
Wednesday, 06 March 2019 15:56

အချစ်ကတစ်ကယ်ပဲအရေးကြီးလား???

အချစ်ဆိုတဲ့အရာနဲ့ပတ်သက်ပြီး Relationships တော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါ။
Tuesday, 05 March 2019 16:12

Relationship တစ်ခုရုတ်တရက်သွေးအေးသွားတာဘာကြောင့်လဲ

အချစ်ရေးကတောက်လျှောက်အဆင်ပြေနေပြီး သူ့ဘက်ကရုတ်တရက်ချက်ချင်းကြီးအေးစက်သွားတဲ့အခါ
Tuesday, 05 March 2019 13:32

ကိုယ့်ဘေးနားရှိတဲ့လူကို တန်ဖိုးထားတတ်ပါစေ

မိန်းကလေးတွေဟာ ချစ်သူကို ချစ်တတ်တဲ့နေရာမှာနှစ်ယောက်မရှိပါဘူး။