Relationships

Wednesday, 27 February 2019 17:02

ချစ်သူ စိတ်ပျက်သွားနိုင်တဲ့အပြုအမှုတွေ

မိန်းကလေးတိုင်းဟာ ပျော်ရွင်တဲ့ relationship တစ်ခုကိုပဲ အမြဲပိုင်ဆိုင်ချင်ကြပါတယ်။
Tuesday, 26 February 2019 18:02

ကိုယ်နဲ့ထပ်တူကျမယ့် ချစ်သူမျိုးဆိုတာ

လူရယ်လို့ဖြစ်လာရင် သဘာဝတရားကိုမလွန်ဆန်ရဲကြပါဘူး။ အရွယ်ရောက်လာပြီဆိုရင်တော့ကိုယ်နဲ့လိုက်ဖက်မယ့် ချစ်သူကိုရှာကြတာဓမ္မတာပါပဲ။
Tuesday, 26 February 2019 16:42

သဝန်တိုတတ်တဲ့စိတ်ကို ဘယ်လိုဖြေရှင်းကြမလဲ

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ချစ်သူအပေါ်အကြောင်းအမျိုးမျိုးကြောင့်သဝန်တိုခဲ့ဖူးကြမှာပါ။
Monday, 25 February 2019 17:18

ယောက်ျားလေးတွေအချစ်ကြီးရင် ဘယ်လိုမျိုးလဲ

အတွဲတစ်တွဲမှာ ယောက်ျားလေးဖက်က တစ်ကယ်ချစ်လာပြီဆိုရင်အချစ်ခံရတဲ့ မိန်းကလေးဖက်က အဲ့ဒီဒဏ်ကိုမခံစားနိုင်ကြပါဘူး။
Monday, 25 February 2019 16:29

တွဲလက်တွေခိုင်မြဲစေဖို့

အခုနောက်ပိုင်းတစ်ယောက်နဲ့တစ်ယောက်ချစ်ကြတဲ့အခါ ကြာရှည်ခံတဲ့အချစ်ရေးမျိုးဖြစ်ဖို့ အရင်ကထက်ပိုခက်ခဲလာတာကိုတွေ့ရပါတယ်။
Friday, 22 February 2019 17:25

နွေးထွေးတဲ့ အချစ်ရေးလေးဖြစ်အောင်ဘယ်လိုနေကျမလဲ

ချစ်သူစုံတွဲတွေ တွဲလာတဲ့သက်တမ်းကြာလာတဲ့အခါ နှစ်ယောက်ကြားမှာ အရင်ကလောက်နွေးထွေးမှုတွေမရှိတော့ဘဲ အချစ်တွေလျော့လာတယ်လို့ခံစားရတတ်ပါတယ်။
Friday, 22 February 2019 16:08

ကိုယ့်အလုပ်ခွင်ထဲကသူကို ချစ်မိနေပြီလား

အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုသလို ကိုယ်နေ့စဉ်တွေ့နေ၊ မြင်နေကြသူကို သဘောကျချစ်မိတာမျိုးဖြစ်နိုင်ပါတယ်။
Friday, 22 February 2019 14:45

ချစ်သူတွေကြားမှာ ဂရုစိုက်မှုဆိုတာမရှိမဖြစ်လိုအပ်လား

ချစ်ရတဲ့သူကို ဂရုစိုက်ဖို့မမေ့ပါနဲ့။ အထူးသဖြင့်​ မိန်းက​လေး​တွေက ချစ်​သူဆီကဂရုစိုက်​မှုကိုပိုပြီးလိုအပ်​ပါတယ်​။
Friday, 22 February 2019 13:32

သိထားသင့်တဲ့ အသင့်တော်ဆုံးအိမ်ထောင်ဖက်နေ့နံများ

ဦး သာ စိန် ပန်း ဒန်း လှ ကို ရှာ ဦး သာ - တနင်္ဂနွေနှင့်သောကြာ အိမ်ထောင်ဖက် စိန် ပန်း - အင်္ဂါနှင့်ကြာသပတေး အိမ်ထောင်ဖက် ဒန်း လှ - စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက် ကို ရှာ - တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်   အိမ်ထောင်ရန်ဖက် ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ ဓမ္မာ - စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့် သောက - သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့် အင်းဝ - တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့် ရာဇာ - ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်   မိတ်ဖက် အောင် ပ ကုလား ဆွေသား နောင်ရင်း အောင် ပ - တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည် ကု လား - တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည် ဆွေ သား - အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည် နောင် ရင်း - စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်   ကမ္ဘာ့ရန် ဦးညို ခေမာ သုတ ဝေရီ ဦးညို - တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန် ခေမာ - တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန် သုတ - သောကြာနှင့် စနေ ကမ္ဘာ့ရန် ဝေရီ - ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန်   ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ တနင်္ဂနွေ – ကြေးနီ တနင်္လာ – ပတ္တမြား အင်္ဂါ – ရွှေ ဗုဒ္ဓဟူုး – ကျောက်သံပတ္တမြား ကြာသပတေး -ငွေ သောကြာ-ပုလဲ စနေ-သံ   ရက်ရာဇာ ရွေးနည်း တန်ခူး သာလှ – တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး ထွန်းပ ကဆုန် – ကဆုန်လမှာ စနေ – ကြာသပတေး နယုန်ညွန့်စ – နယုန်လမှာ အင်္ဂါ အောင်လှဝါဆို – ဝါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး သာလိုဝါခေါင် – ဝါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ မြတောင် တော်သလင်း -တော်သလင်းလတွင် ကြာသပတေး-စနေ သီတင်းကျွတ် ဆီ – သီတင်းကျွတ်လတွင် အင်္ဂါ သောရီ တန်ဆောင်မုန်း – တန်ဆောင်မုန်းလတွင် သောကြာ -ရာဟု ချမ်းတုန် နတ်တော် – နတ်တော်လတွင် တနင်္လာ – စနေ မိနော်ပြာသို ပြာသိုလတွင် ကြာသပတေး-စနေ မိညိုတပို့တွဲ တပို့တွဲလတွင် -အင်္ဂါ – ကြာသပတေး ထဲဝင်တပေါင်း တပေါင်းလတွင် စနေ – ဗုဒ္ဓဟူး ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။   ပြဿဒါးရက်ရွေးနည်း တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မေလျာ မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး) ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး) နယုန် ဝါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ) ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခြင်္သေ့ (ဟိုင်း= ရာဟု ၊ ခြင်္သေ့ = အင်္ဂါ) မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား   ဂြိုလ်နေ ဂြိုလ်သက်များ တနင်္ဂနွေ ဂြိုလ်သက် – ၆နှစ် တနင်္လာ ဂြိုလ်သက် – ၁၅ နှစ် အင်္ဂါ ဂြိုလ်သက် – ၈ နှစ် ဗုဒ္ဓဟူး ဂြိုလ်သက် – ၁၇ နှစ် ကြာသပတေး ဂြိုလ်သက် – ၁၉နှစ် သောကြာ ဂြိုလ်သက် – ၂၁ နှစ် စနေ ဂြိုလ်သက်- ၁၀ နှစ် ရာဟုဂြိုလ် – ၁၂ နှစ်   အဲဒီ့ဂြိုလ်တွေအားလုံးပေါင်းလိုက်ရင် ၁၀၈ ရတယ်။ ၁၀၈ နဝင်းလို့ခေါ်ကြလေသည်။   Credit : Original Writer Myanmar Wedding Guide