ကိုယ်နဲ့ထပ်တူကျမယ့် ချစ်သူမျိုးဆိုတာ

ကိုယ်နဲ့ထပ်တူကျမယ့် ချစ်သူမျိုးဆိုတာ google

လူရယ်လို့ဖြစ်လာရင် သဘာဝတရားကိုမလွန်ဆန်ရဲကြပါဘူး။ အရွယ်ရောက်လာပြီဆိုရင်တော့ကိုယ်နဲ့လိုက်ဖက်မယ့် ချစ်သူကိုရှာကြတာဓမ္မတာပါပဲ။

ကိုယ်ချစ်တဲ့သူကို ရှာတွေ့ဖို့မလွယ်သလို ချစ်သူတွေ့ပြီဆိုရင်လည်းထပ်တူကျဖို့ဆိုတာမလွယ်ကူနိုင်ပါဘူး။ ချစ်သူနှစ်ဦးဟာ ချစ်တာထက် နားလည်မှုရှိမှရေရှည်လက်တွဲသွားနိုင်မှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦးရေရှည်တည်မြဲပြီး နှစ်ဦးစလုံးအတွက် ကောင်းမွန်တဲ့ ချစ်သူကိုရှာတွေ့နေပြီဆိုတဲ့ အချက်များကိုဖော်ပြပေးလိုက်ပါတယ်။

 

စတွေ့တွေ့ချင်းစွဲလန်းခြင်း

ကိုယ်နဲ့သူကအရင်ကတစ်ခါမှမတွေ့ဖူးဘဲနဲ့ ပထမဆုံးစတွေ့တဲ့အချိန်မှာတင် သူ့ရဲ့အပြုအမူတွေက သင့်အတွက်ထူးခြားနေမယ်ဆိုရင် သင်ချစ်သူကိုရှာတွေ့နေပြီလို့သာမှတ်လိုက်ပါ။ သူ့ရဲ့အပြုအမူကို သင့်စိတ်ထဲစွဲလန်းနေမယ်ဆိုရင်တော့ သင်သူ့ကိုမချစ်မိသေးရင်တောင်မှ စိတ်ထဲမှာမှတ်မိနေပြီး သံယောဇဉ်ကြောင့်ချစ်မိသွားနိုင်ပါတယ်။

 

သံယောဇဉ်ပိုရှိလာခြင်း

သူနဲ့ကိုယ်နဲ့နောက်ပိုင်းတွေ့ပါများလာလေ ပိုပြီးတွေ့ချင်လာလေဖြစ်လိမ့်မယ်။ ပြီးတော့ ခဏခဏတွေ့ချင်လာမယ်၊ နောက်တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ်ပိုပြီးတွေ့ချင်၊မြင်ချင်လာတယ်ဆိုရင်၊ သင့်ရဲ့အချစ်တွေတဖြည်းဖြည်းနဲ့ပိုပြီးသူ့အပေါ်မှာခိုင်မာလာပြီဆိုရင်တော့ သင်ချစ်တဲ့သူကိုရှာတွေ့နေပြီလို့ယူဆနိုင်ပါတယ်။

 

နှစ်ဦးအတူပျော်ရွှင်ခြင်း

သင်တို့နှစ်ဦးရဲ့အချစ်ရေးမှာပျော်ရွှင်စရာတွေနဲ့ပြည့်နေတယ်ဆိုရင် ချစ်သူတစ်ယောက်ကိုရှာတွေ့ထားရုံသာမက သင့်ဘဝအတွက်မှန်ကန်တဲ့သူတစ်ယောက်နဲ့သင်ဆုံတွေ့ရနေပြီလို့မှတ်ယူနိုင်ပါတယ်။

 

အရာရာပြောင်းလဲသွားခြင်း

သင် ချစ်သူကောင်းတစ်ယောက်ရထားပြီဆိုရင် သင့်မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ သင့်ကိုဝေးကွာစေမှာမဟုတ်ပါဘူး။ ဒါပေမယ့်သင့်နှလုံးသားကိုသူပိုင်ဆိုင်သွားပြီဆိုရင် သင်အရင်ကဦးစားပေးခဲ့တဲ့အရာတွေမှန်သမျှကတော့ ယခုအချိန်မှာ သင့်ချစ်သူပဲ ဖြစ်လာတော့မှာပါ။

 

အကြိုက်တူခြင်း

နှစ်ယောက်သားအကြိုက်တူတာတွေများပြီး စိတ်ချင်းနီးစပ်တယ်ဆိုတာသိပ်ကိုကောင်းပါတယ်။ မတူတာလေးတွေကိုတော့ ညှိယူလို့ရပါတယ်။ မတူတာထက်တူတာများခြင်းဟာ သင်တို့နှစ်ဦးရဲ့ဆက်ဆံရေးကိုပိုပြီးခိုင်မြဲစေမှာပါ။

 

Myanmar Wedding Guide

Read times Last modified on Wednesday, 27 February 2019 13:54
Rate this item
(1 Vote)