သွေးအမျိုးအစားအလိုက် ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ ထူးခြားချက်နဲ့ ကိုယ်ရည်ကိုယ်သွေးများ...

သွေးအမျိုးအစားအလိုက် ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ ထူးခြားချက်နဲ့ ကိုယ်ရည်ကိုယ်သွေးများ... google

သင့်ရဲ့သွေးအမျိုးအစားက သင့်အကြောင်းကို ပြောပြပေးနိုင်ပါတယ်။

သင်ဟာ ဘယ်သွေးအမျိုးအစားဖြစ်ပြီး ဘယ်လို အတွင်းစိတ်သဘောထား၊ အားသာချက်တွေနဲ့ ပင်ကိုယ်ဗီဇတွေကို ပိုင်ဆိုင်ထားလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

 

(၁) အေသွေး

အေသွေးလေးတွေဟာ အေးဆေးတည်ငြိမ်တဲ့သူတွေဖြစ်ပါတယ်။ တိကျသေချာပြီး အပြင်ပိုင်းမှာ တည်ငြိမ်သလောက် အတွင်းပိုင်းမှာတော့ စိတ်လှုပ်ရှားလွယ်တဲ့သူတွေဖြစ်ပါတယ်။

သွေးအမျိုးအစားတွေအားလုံးထဲမှာ အနုပညာအဆန်ဆုံးသူတွေ ဖြစ်ပါတယ်။ ရှက်လွယ်တယ်၊ ဝမ်းနည်းထိခိုက်လွယ်တယ် နောက်ပြီး ယုံကြည်ရတဲ့သူတွေဖြစ်ပါတယ်။

 

(၂) ဘီသွေး

ဘီသွေးလေးတွေဟာ ရည်မှန်းချက်ကြီးမားပြီး စိတ်ဓာတ်ခွန်အားကြီးမားတဲ့သူတွေဖြစ်ပါတယ်။ ကိစ္စတစ်ခုခုကို စပြီဆိုရင် အဆုံးတိုင်အောင်လုပ်ဆောင်ပြီး အကောင်းဆုံးရလဒ်တွေကို ရရှိတဲ့သူတွေဖြစ်ပါတယ်။

သူတို့ရဲ့စိတ်ဟာ ခန့်မှန်းလို့ မရပါဘူး။ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်လမ်းစဉ်တွေနဲ့ ဘဝကိုဖြတ်သန်းမယ့်သူတွေဖြစ်ပါတယ်။

 

(၃) အေဘီသွေး

အေဘီသွေးလေးတွေဟာ တခြားသွေးအမျိုးအစားတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့သူတွေပါ။ သူတို့တွေဟာ အရှက်လည်းကြီးသလို၊ ဖော်ရွေပြန်တယ်၊

မရဲဘူးလို့ ထင်ရပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြန်တယ်။ သူတို့ဟာ တာဝန်ယူစိတ်အပြည့်ရှိတဲ့သူတွေဖြစ်တဲ့အတွက် တစ်ခါတလေ တာဝန်တွေ ပိနေတတ်ပါတယ်။

ယုံကြည်ရတဲ့သူတွေဖြစ်ပြီး သူတစ်ပါးကို အမြဲတမ်းကူညီတတ်တဲ့သူတွေပါ။

 

(၄) အိုသွေး

အိုသွေးလေးတွေဟာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ဖော်ရွေတဲ့သူတွေပါ။ တစ်ခုခုကို စပြီဆိုရင် အဆုံးထိလုပ်တဲ့သူတွေဖြစ်ပါတယ်။

တီထွင်နိုင်စွမ်းကောင်းမွန်ပြီး ထင်ပေါ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း လူတွေရဲ့ အာရုံစိုက်ခံချင်တဲ့သူဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့သူတွေပါ။

Em Em

 

Zawgyi ဖြင့်ဖတ်ရန်...



 

(၁) အေသွေး



 

(၂) ဘီသွေး



 

(၃) အေဘီသွေး




 

(၄) အိုသွေး



Em Em

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Monday, 10 February 2020 15:18
Rate this item
(0 votes)
Tagged under