သင့်အတွက် မဟုတ်တဲ့သူကို မျှော်လင့်မနေပါနဲ့

သင့်အတွက် မဟုတ်တဲ့သူကို မျှော်လင့်မနေပါနဲ့ Google

တစ်စုံတစ်ယောက်ကို ကိုယ်က အစွမ်းကုန်ချစ်ခဲ့ပေမယ့် အဆုံးသတ်မလှတဲ့အခါ ပုံမှန်ထက် အရမ်းခံစားရပါတယ်။ ဒီလိုအခြေအနေမှာ ဘယ်သူက အသည်းမကွဲဘဲနေမလဲ။

 

ဒါပေမယ့် ဘယ်သူမဆို ဒဏ်ရာဘယ်လောက်နက်နက် တနေ့နေ့မှာတော့ ဒီနာကျင်စရာတွေကြားက ရုန်းထွက်သွားနိုင်ကြတာပါဘဲ။ ဒီလိုအချိန်မှာ ကိုယ့်ကို စိတ်ဓာတ်ကျမသွားအောင် အားပေးဖော်လိုပါတယ်။

ဒီအချက်တွေကတော့ သင့်ကို စိတ်သစ် လူသစ် ဘဝသစ်တစ်ခုကို ပြန်လည်တည်ဆောက်နိုင်အောင် လမ်းပြပါလိမ့်မယ်။

 

၁။ ကိုယ်က သူပျော်အောင် အမြဲလုပ်မပေးနိုင်ဘူးဆိုတာ လက်ခံထားပါ။
ပျော်ရွှင်မှုဆိုတာ ရွေးချယ်ခွင့်လိုပါဘဲ ကိုယ်က သူ့ကို ပျော်အောင်လုပ်ပေးပေမယ့် သူမပျော်ဘူးဆိုတာ သင့်အမှား သင့်လိုအပ်ချက်ကြောင့် မဟုတ်ပါဘူး။ သူတို့ရဲ့စိတ်အပေါ်ပဲမူတည်တာပါ။ သင်ဘာတွေပဲလုပ်ပေးလုပ်ပေး သူအမြဲတမ်း ပျော်မှာမဟုတ်ဘူးဆိုတာ သင်လက်ခံဖို့ လိုအပ်ပါတယ် ။


၂။ သူတို့ခံစားချက်ကို သင်လုပ်ယူလို့မရပါဘူး။
သင်သူ့ကို ဘယ်လောက်ချစ်ချစ် ဘယ်လောက် ရယ်စရာတွေပြောပြော ဘယ်လောက်နားလည်ပေးပေး သူသင့်ကို ချစ်လာအောင် သင်လုပ်ယူလို့မရပါဘူး။ သူ့အနား သင်အကောင်းဆုံးနေပေးခဲ့ပေမယ့် သူကတော့ သင့်အပေါ်ဘာခံစားချက်မှမရှိဘူးဆိုရင် အဲ့လိုလူတစ်ယောက်အတွက် သင်ဘာတွေများ မျှော်လင့်နေဦးမှာလဲ။

တနေ့နေ့မှာ သင့်ရဲ့အချစ်ကို ခံစားမိတဲ့သူ သင်ပေးဆပ်တာတွေကို အသိမှတ်ပြုတဲ့သူနဲ့တွေ့လာမှာပါ။ ဒီတယောက်အတွက်နဲ့ သင့်အချစ်တွေ အဖျက်ဆီးမခံလိုက်ပါနဲ့။

 

၃။ သင့်မှာလိုအပ်ချက်တွေရှိနေတာကြောင့် အငြင်းခံရတယ်လို့မထင်ပါနဲ့ ။

သင့်မှာ အရာအားလုံးပြည့်စုံနေရင်တောင် သူ့အချစ်ကိုရချင်မှရနိုင်မှာပါ။ သင့်ရုပ်ရည်ကြောင့်လဲမဟုတ်ဘူး။ သင့်အရည်အချင်းကြောင့်လဲမဟုတ်ပါဘူး။ သူ့နှလုံးသားကိုက သင့်အတွက် မဟုတ်တာကြောင့်ပါ ။

 

၄။ အရာအားလုံးက အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်လာတာကိုယုံကြည်ပါ။

အရာအားလုံးက ပြောင်းလဲချိန်တန်တော့ ပြောင်းလဲသွားမယ်။ လူတချိူ့က ကိုယ့်ဘဝထဲက ထွက်သွားကြမယ်။ ဒါပေမယ့် ကိုယ့်ဘဝကတော့ မပြီးဆုံးသွားပါဘူး ။ကိုယ့်ဘဝထဲဝင်လာတယ် ပြီးတော့ထွက်သွားတယ်။ ကျန်ခဲ့တာကတော့ သင်ခန်းစာ တစ်ခုပေါ့။

သူထွက်သွားပြီးတဲ့နောက်မှာ သူနဲ့အတူ ရှိခဲ့တဲ့မှတ်ဉာဏ်တွေပါ ထည့်ပေးလိုက်ပြီး လွတ်သွားတဲ့သင့်ဦးနှောက်နေရာတွေ ပျော်ရွင်မှုတွေထည့်ဖို့ အသင့်ပြင်ပါ။ ရှေ့လျှောက်အကောင်းဆုံးတွေဖြစ်လာဖို့ မျှော်လင့်ပြီး ယုံကြည်ထားပါ ။

 

၅။ သင့်အတွက်မဟုတ်တဲ့သူကိုမျှော်လင့်မနေပါနဲ့ ။

လက်လွှတ်ချိန်တန်ပြီမို့ သင်ဆက်ပြီးတောင့်ခံထားလဲ သင်ပဲနာကျင်ရမှာပါ။ သူသင့်အပေါ် စိတ်ပြန်လည်လာဦးမလားဆိုပြီး လုံးဝမျှော်လင့်မနေပါနဲ့တော့။ သူ့အမှားတွေသူသိပြီး သင့်ဆီပြန်လာမယ်လို့လဲမထင်ပါနဲ့တော့။ ဒါ မဖြစ်နိုင်ဘူးဆိုတာ သင်အသိဆုံးပါ။ ဒါဟာ သင့်စိတ်ကို မပြတ်သားဖြစ်စေပါတယ် ။

သင့်အတွက် ဘယ်တော့မှပွင့်မလာတော့မယ်တံခါးရှေ့မှာပဲ ရပ်စောင့်နေရင် သင့်အတွက် ဖွင့်ထားတဲ့တံခါးနဲ့ လွဲသွားမှာပေါ့။ ရှေ့အနာဂတ်မှာ အကောင်းဆုံးအရာတွေ သင့်ကို စောင့်ကြိုနေချိန်မှာ အဲ့ဒီနေရာမှာပဲ သင့်ကိုသင် ပိတ်မိမနေပါစေနဲ့။ မဖြစ်နိုင်တာတွေကို ထိုင်မျှော်လင့်နေမယ့်အစား ဘဝကို ဘယ်လို အကောင်းဆုံး ရှေ့ဆက်မလဲဆိုတာပဲ ခေါင်းထဲထားပါ။

 

အသည်းကွဲဒဏ်ရာတွေအမြန်ဆုံးသက်သာပြီး ဘဝသစ်မှာ ပျော်ရွှင်နိုင်ကြပါစေ။

 

Myanmar Weddin Guide

Read times
Rate this item
(1 Vote)