ထိုင်းဆယ်လီစုံတွဲတွေကိုတော့ တစ်ယောက်အပေါ်တစ်ယောက် လေးစားပြီး ချစ်တတ်ကြသူတွေအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။
တူညီတဲ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေရတဲ့ တစ်ဖက်သားကို လေးစားပေး နားလည်ပေးတတ်သူတွေမို့ လက်တွဲမြဲပြီး နှစ်ယောက်စလုံး အောင်မြင်ကြတာ ဖြစ်ပါတယ်။ တကယ့်လက်တွေ့ဘဝမှာ ချစ်ကျွမ်းဝင်နေကြတဲ့ ထိုင်းအနုပညာရှင်စုံတွဲများကို ဖော်ပြပေးလိုက်ပါတယ်။
Nadech Kugimiya နဲ့ Yaya Urassaya

Nadech Kugimiya နဲ့ Yaya Urassaya တို့ကတော့ Thai TV3 ရဲ့ နာမည်ကြီး စုံတွဲပါပဲ။ သူတို့နှစ်ယောက်တွဲလာတာ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို မင်္ဂလာဝတ်စုံနဲ့ မြင်ချင်လှပါပြီ။
Mark Prin နဲ့ Kimmy Kimberley
Mark Prin နဲ့ Kimmy Kimberley တို့စုံတွဲကတော့ ချစ်သူသက်တမ်း ၇ နှစ်ရှိပါပြီ။ သတင်းထောက်တွေကို Mark ပြောခဲ့တဲ့ စကားတစ်ခွန်းက Kimmy Kimberley ဟာ သူ့ရဲ့သတို့သမီးဆိုတာ အသေအချာပါပဲတဲ့။
Weir Sukollawat and Bella Ranee
![]()
Weir Sukollawat နဲ့ Bella Ranee တို့စုံတွဲကတော့ ၈ နှစ်တာ သက်တမ်းရှိပါပြီ။ မင်းသားရဲ့အဖေက သူ့ကိုလက်ထပ်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းနေပြီဖြစ်ပါတယ်။
Ter Chantavit နဲ့ Mai Davika

Ter Chantavit နဲ့ Mai Davika တို့ကတော့ ချစ်သူသက်တမ်း ၃ နှစ်ရှိပါပြီ။ Mai ဟာ Ter ရဲ့ ရုပ်ရှင်သစ်ဖွင့်ပွဲ My God Father ကို surprise အနေနဲ့ သွားရောက်ခဲ့ပါသေးတယ်။
Ken Phupoom နဲ့ Esther Supreeleela

Ken Phupoom နဲ့ Esther Supreeleela တို့ ချစ်ကျွမ်းဝင်နေကြတာ ၅ နှစ်ရှိပါပြီ။ မင်းသားကတော့ လက်စွပ်ဝယ်ပြီးသွားပြီလို့ အင်တာဗျူးမှာ ပြောဖူးပါတယ်။
Jes Jespipat နဲ့ Vill Wannarot

Jes Jespipat နဲ့ Vill Wannarot တို့ကတော့ ချစ်သူ သက်တမ်း ၂ နှစ်သာ ရှိပါသေးတယ်။ အချိုလေးတွေ ကျွေးတတ်တဲ့ စုံတွဲဖြစ်ပါတယ်။
Mik Thongraya နဲ့ Bow Maylada

Mik Thongraya နဲ့ Bow Maylada တို့ကတော့ ဒီနှစ်မှ ချစ်သူတွေဖြစ်တာပါ။ အားလပ်ချိန်တွေဆိုရင် ချိုမြိန်တဲ့အခိုက်အတံ့လေးတွေ ဖန်တီးတတ်တဲ့ စုံတွဲဖြစ်ပါတယ်။
Dan Worrawech နဲ့ Pattie Ungsumalynn

Dan နဲ့ Pattie တို့ကတော့ ချစ်သူသက်တမ်း ၁၀ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သူတို့စုံတွဲကတော့ အားလပ်ချိန်တွေဆို အေးအေးချမ်းချမ်း အတူတူ ခရီးထွက်လေ့ရှိကြပါတယ်။
New Wongsakorn နဲ့ Now Tisanart

New Wongsakorn နဲ့ Now Tisanart တို့ကတော့ ၇ နှစ်တာ ချစ်သူသက်တမ်းကို ကျော်ဖြတ်ခဲ့ပြီဖြစ်ပါတယ်။ ဒီချစ်သူနှစ်ဦးကတော့ သူတို့ပုံလေးတွေကို အင်စတာဂရမ်မှာ အမြဲမျှဝေပေးလေ့ရှိပါတယ်။
Kao Jirayu နဲ့ Vee Violette

ဒီစုံတွဲကတော့ ၂၀၁၉ မှာ စတင် date ကြတာပါ။ Kao Jirayu ဟာ သိပ်မကြာသေးခင်ကပဲ Vee Violette ရဲ့ အမေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
Ref : Thai Update






