မင်္ဂလာမဆောင်ခင် မေးသင့်တဲ့ မေးခွန်းများ

မင်္ဂလာမဆောင်ခင် မေးသင့်တဲ့ မေးခွန်းများ google.com

ချစ်သူနှစ်ဦး လက်ထပ်ဖို့အဆင့်ထိ ရည်ရွယ်ပြီးသားတွေဆိုရင်

ဒီမေးခွန်းလေးတွေ မေးကြည့်ဖူးပါသလား။

 

အမှန်တော့ ဘ၀တစ်ခုကို ပြီးစလွယ် ဖြတ်သန်းတာထက်စာရင် ဒီမေးခွန်းလေးတွေက လိုအပ်ချက်တွေကို ဖော်ထုတ်ပေးရာလည်း ရောက်စေပါတယ်။

 

နှစ်ဦးအတူ လျှောက်လှမ်းနိုင်သလား

 

နှစ်ဦးအတူ လျှောက်လှမ်းနိုင်တဲ့ ဒီမေးခွန်းဟာ အရေးကြီးပါတယ်။ လက်ထပ်ပြီးကာမှ အားလျှော့ပြီး ကျန်ခဲ့တဲ့သူတွေ အများကြီးပါဘဲ။

 

တစ်ခုရှိတာက ဒီမေးခွန်းကို ခေါင်းညိမ့်မယ်ဆိုရင်တောင်မှ စစ်မှန်တဲ့ လက်တွဲဖော်ရယ်လို့တော့ သက်မှတ်လို့မရသေးပါဘူး။

 

ငွေဘယ်လောက် စုပြီးပြီလဲ

 

ဒါကတော့ မိန်းကလေးဘက်က ငွေမက်လို့ မေးတဲ့မေးခွန်းမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ယူလိုက်ပြီးမှ ကသီကလင်ဖြစ်မှာစိုးလို့ မေးရခြင်း ဖြစ်ပါတယ်။

 

ဒီလိုမှမဟုတ်ပဲ ယူလိုက်မိကြလို့ နေ့ဖို့ညစာ အဆင်မပြေတဲ့သူတွေလည်း ရှိနေပါတယ်။

 

ဝင်ငွေထွက်ငွေ ထိန်းညှိနိုင်လား

 

အိမ်ထောင်တစ်ခုကို တည်ထောင်တဲ့အခါမှာ ၀င်ငွေ၊ ထွက်ငွေကို ထိန်းညှိနိုင်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

 

သို့ပေမယ့် ၀င်ငွေထွက်ငွေ မျှတအောင် သုံးစွဲတတ်တဲ့ ဉာဏ်ပညာနဲ့ ချင့်ချိန်နိုင်ရင် ဒီပြဿနာက ပြေလည်နိုင်မှာဖြစ်ပါတယ်။

 

ဘယ်မှာနေမလဲ

 

ချစ်သူနှစ်ဦး လက်ထပ်ပြီးတော့ ဘယ်မှာနေမလဲ ဆိုတာကလည်း ပြဿနာပဲဖြစ်ပါတယ်။ အမေ့အိမ်မှာ ကပ်နေမယ်ဆိုတာကလည်း တကယ်တော့ ညားခါစလင်မယားတွေအတွက် မလွယ်ကူနိုင်ပါ။

 

ဘာကြောင့်လဲဆိုရင် အိမ်ထောင်တစ်ခုကို ခွဲပြီးတည်ထောင်တာရဲ့ အဓိပ္ပါယ်ကိုက
သူတစ်ပါးအိမ်မှာ ကပ်နေဖို့ မဟုတ်ပါဘူး။

 

ဒီတော့ ကိုယ့်ဘာသာ ခွဲနေနိုင်အောင်ကြိုစားခြင်းက မှန်ကန်ပါတယ်။ လင်မယား ပြဿနာဖြစ်ရင်လည်း မိဘတွေက ဟိုဘက်သည်ဘက် မျက်နှာလိုက် စရာမလိုတော့ပါ။

Read times Last modified on Wednesday, 19 September 2018 15:16
Rate this item
(1 Vote)